မင္းဘူးၿမိဳ႕နယ္ ေလးပင္ေရေက်ာ္ေခ်ာင္းတြင္ ကားတစ္စီး ေမ်ာပါ

မင္းဘူးၿမိဳ႕နယ္တြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ဇြန္လ (၁၀) ရက္ေန႔ ည ၁၀ နာရီခြဲ အခ်ိန္က မင္းဘူးၿမိဳ႕နယ္ ေလးပင္ေရေက်ာ္ေခ်ာင္းတြင္ ေခ်ာင္းေရမ်ားက်ေနစဥ္ ကားတစ္စီးျဖတ္ကူးရာ ေခ်ာင္းေရျဖင့္ ေမ်ာပါသြားခဲ့ေၾကာင္း မင္းဘူးၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မင္းဘူးၿမိဳ႕နယ္၊ ေလးပင္ေက်းရြာ၏ ေျမာက္ဘက္ မိုင္တိုင္အမွတ္(၁၈/၂)ႏွင့္ (၁၈/၃) ၾကား မင္းဘူး-ပဒါန္းကားလမ္းေပၚရွိ ေလးပင္ေရေက်ာ္ေခ်ာင္း၌ ပဒါန္းေက်းရြာဘက္မွ ပဒါန္းေက်းရြာေန ယာဥ္ေမာင္း ကိုေဇာ္မင္းေအာင္ (သ) ၃၄ ႏွစ္(ဘ) ဦးေဌးေအာင္၊ ေမာင္းႏွင္ၿပီး ပဒါန္းေက်းရြာေန ေဆာက္လုပ္ေရး ၀န္ထမ္းတစ္ဦးျဖစ္သူ ဦးၿငိမ္းခ်မ္းေဇာ္ (သ) ၃၈ ႏွစ္ (ဘ) ဦးကိုႀကီး လိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္အမွတ္ 2D/ —- ပါဂ်ဲ႐ိုး အျဖဴေရာင္ယာဥ္သည္ ေရအနက္(၃) ေပခန္႔၊ ေရျပင္အက်ယ္(၂၀) ေပခန္႔ရွိ အဆိုပါ ေရေက်ာ္ေခ်ာင္းအား ျဖတ္ကူးရာ ေခ်ာင္းအလယ္အေရာက္တြင္ ေတာင္က်ေရမ်ား တစ္ဟုန္ထိုးက်လာသျဖင့္ ယာဥ္ေမာင္းႏွင့္ လိုက္ပါလာသူတို႔(၂) ဦးမွာ ကားထဲမွ ထြက္ၿပီး မင္းဘူးဘက္ကမ္းစပ္သို႔ ေရကူးေျပးခဲ့သျဖင့္ လြတ္ေျမာက္ခဲ့ေသာ္လည္း အဆိုပါ ေမာ္ေတာ္ယာဥ္မွာ ေပ(၃၀၀) ခန္႔အထိ ေမ်ာပါသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေနရာသို႔ ည(၁၁) နာရီတြင္ မင္းဘူးခ႐ိုင္ မီးသတ္ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးထြန္းထြန္း အပါအဝင္ (၇) ဦး၊ မင္းဘူးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ကံ အပါအဝင္ (၄) ဦး၊ စကုၿမိဳ႕ရဲစခန္းမွ ရဲတပ္ၾကပ္သန္းလင္းထိုက္ အပါအဝင္ တပ္ဖြဲ႕၀င္(၅) ဦး၊ ေလးပင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးနန္းျမင့္ရွိန္ အပါအဝင္ (၁၀) ဦးတို႔အဖြဲ႕မွ အဆိုပါ ေမ်ာပါသြားေသာ ေမာ္ေတာ္ယာဥ္အား ဆယ္ယူေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ စီစဥ္လ်က္ရွိေၾကာင္းႏွင့္ လူ/ယာဥ္မ်ား ျဖတ္သန္းသြားလာ၍ မရသျဖင့္ ေခ်ာင္းအေနာက္ဘက္ ေလးပင္ေက်းရြာဘက္တြင္ ေမာ္ေတာ္ယာဥ္(၁၂) စီး၊ ေမာ္ေတာ္ဆိုင္ကယ္(၁၅) စီး၊ ေခ်ာင္းအေရွ႕ဘက္ျခမ္းတြင္ ေမာ္ေတာ္ယာဥ္(၁၀) စီး၊ ေမာ္ေတာ္ဆိုင္ကယ္(၁၁) စီးတို႔မွာ ရပ္တန္႔လ်က္ရွိကာ အဆိုပါ ေခ်ာင္းေရက်မႈေၾကာင့္ လူ၊ ကၽြဲ ႏြား တိရစာၦန္ ပ်က္စီးဆံုးရံႈးမႈ မရွိေၾကာင္း မင္းဘူးၿမိဳ႕မ ရဲစခန္းမွ သိရသည္။

မ်ိဳးျမတ္(မင္းဘူး)

Source : MOI Webportal Myanmar

(Unicode Version)

မင်းဘူးမြို့နယ် လေးပင်ရေကျော်ချောင်းတွင် ကားတစ်စီး မျောပါ

မင်းဘူးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇွန်လ (၁၀) ရက်နေ့ ည ၁၀ နာရီခွဲ အချိန်က မင်းဘူးမြို့နယ် လေးပင်ရေကျော်ချောင်းတွင် ချောင်းရေများကျနေစဉ် ကားတစ်စီးဖြတ်ကူးရာ ချောင်းရေဖြင့် မျောပါသွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့နယ်၊ လေးပင်ကျေးရွာ၏ မြောက်ဘက် မိုင်တိုင်အမှတ်(၁၈/၂)နှင့် (၁၈/၃) ကြား မင်းဘူး-ပဒါန်းကားလမ်းပေါ်ရှိ လေးပင်ရေကျော်ချောင်း၌ ပဒါန်းကျေးရွာဘက်မှ ပဒါန်းကျေးရွာနေ ယာဉ်မောင်း ကိုဇော်မင်းအောင် (သ) ၃၄ နှစ်(ဘ) ဦးဌေးအောင်၊ မောင်းနှင်ပြီး ပဒါန်းကျေးရွာနေ ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးငြိမ်းချမ်းဇော် (သ) ၃၈ နှစ် (ဘ) ဦးကိုကြီး လိုက်ပါလာသော မော်တော်ယာဉ်အမှတ် 2D/ —- ပါဂျဲရိုး အဖြူရောင်ယာဉ်သည် ရေအနက်(၃) ပေခန့်၊ ရေပြင်အကျယ်(၂၀) ပေခန့်ရှိ အဆိုပါ ရေကျော်ချောင်းအား ဖြတ်ကူးရာ ချောင်းအလယ်အရောက်တွင် တောင်ကျရေများ တစ်ဟုန်ထိုးကျလာသဖြင့် ယာဉ်မောင်းနှင့် လိုက်ပါလာသူတို့(၂) ဦးမှာ ကားထဲမှ ထွက်ပြီး မင်းဘူးဘက်ကမ်းစပ်သို့ ရေကူးပြေးခဲ့သဖြင့် လွတ်မြောက်ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်မှာ ပေ(၃၀၀) ခန့်အထိ မျောပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာသို့ ည(၁၁) နာရီတွင် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်း အပါအဝင် (၇) ဦး၊ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ အပါအဝင် (၄) ဦး၊ စကုမြို့ရဲစခန်းမှ ရဲတပ်ကြပ်သန်းလင်းထိုက် အပါအဝင် တပ်ဖွဲ့ဝင်(၅) ဦး၊ လေးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့်ရှိန် အပါအဝင် (၁၀) ဦးတို့အဖွဲ့မှ အဆိုပါ မျောပါသွားသော မော်တော်ယာဉ်အား ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းနှင့် လူ/ယာဉ်များ ဖြတ်သန်းသွားလာ၍ မရသဖြင့် ချောင်းအနောက်ဘက် လေးပင်ကျေးရွာဘက်တွင် မော်တော်ယာဉ်(၁၂) စီး၊ မော်တော်ဆိုင်ကယ်(၁၅) စီး၊ ချောင်းအရှေ့ဘက်ခြမ်းတွင် မော်တော်ယာဉ်(၁၀) စီး၊ မော်တော်ဆိုင်ကယ်(၁၁) စီးတို့မှာ ရပ်တန့်လျက်ရှိကာ အဆိုပါ ချောင်းရေကျမှုကြောင့် လူ၊ ကျွဲ နွား တိရစ္ဆာန် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။

မျိုးမြတ်(မင်းဘူး)

Source : MOI Webportal Myanmar