ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၈ ဇြန္လ ၁၁ ရက္မွ ၁၇ ရက္ေန႔အထိ ေဟာစာတမ္း

ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၈ ဇြန္လ ၁၁ ရက္မွ ၁၇ ရက္ေန႔အထိ ေဟာစာတမ္း

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ကံေတာ္ေတာ္နိမ့္ပါတယ္။ ဘာမဆို သတိႀကီးစြာထားဖို႔လိုပါတယ္။ လုပ္သမွ် ဒုကၡဆိုသလိုျဖစ္ေနမယ္။ အလုပ္ေတြပ်က္စီးကုန္တာ၊ အလုပ္ျပဳတ္တာမ်ိဳးေတြဟာ ဒီကိန္းမ်ိဳးနဲ႔ ပတ္သက္ေနေလ့ရွိပါတယ္။ဒါေၾကာင့္ အေတာ့္ကို သတိထားဖို႔လိုပါတယ္။ မျဖစ္စေလာက္နဲ႔ အမႈအခင္း လို ေျဖရွင္းရတဲ့ အေျခအေနမ်ိဳးအထိ ေရာက္သြားတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ အေရာင္းမွား အဝယ္မွားတတ္တယ္။ မိတ္ေဆြေမာင္ႏွမမ်ားနဲ႔လည္း စကားမ်ားရတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ မထင္မွတ္ဘဲ ျပင္ဆင္ေျပာင္းေရႊ႕ရတတ္တယ္။ ေအာက္လက္ငယ္သားရဲ႕ အခ်စ္ေရးအိမ္ေထာင္ေရး ႐ႈပ္ေထြးမယ္။ ဒုကၡေပးမယ့္ဧည့္သည္ ေရာက္လာတတ္ပါတယ္။ စိတ္ဓာတ္က်တာ၊ စိတ္႐ႈပ္တာေတြေၾကာင့္ က်န္းမာေရး ထိခိုက္သြားတတ္ပါတယ္။ မိန္းမႀကီးတစ္ေယာက္က အကူအညီေကာင္းေတြ ေပးလာတတ္ပါတယ္။ ေငြကံကေလးကလည္း ေကာင္းေနပါတယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း စိတ္ခ်မ္းသာရမယ္။ ကံအက်ိဳးေပးဂဏန္း ၂/၁။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ကံ့ေကာ္ ၁၅ ညြန္႔လွဴပါေလ။

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဘာမဆို ႏွစ္မ်ိဳးႏွစ္ခု ႀကံဳလာတတ္ပါတယ္။ အလုပ္ႏွစ္မ်ိဳး ဝင္ေငြႏွစ္မ်ိဳးျဖစ္ေနမယ္။ သူတစ္ပါးရဲ႕တာဝန္ကိုလည္း ပူးတြဲထမ္းေဆာင္ရတတ္ပါတယ္။ ခရီးကိစၥေတြ၊ ရပ္ေဝးနဲ႔ဆက္ႏြယ္တဲ့အလုပ္ေတြ ေအာင္ျမင္မယ္။ ေငြလည္းတအားရႊင္ေနလိမ့္မယ္။ ထီထိုး သင့္ပါတယ္။ အဖိုးတန္ပစၥည္းေတြဝင္လာမယ္။ ဘာသာေရးပတ္သက္တဲ့ ပစၥည္းေတြလည္း ဝင္လာတတ္ပါ တယ္။ ေနရာထိုင္ခင္းကိစၥ စိတ္ညစ္ရတာ၊ မိသားစုအတြင္း စကားမ်ားရန္ျဖစ္ရတာေတြ ႀကံဳရတတ္ပါတယ္။ ေအာက္လက္ငယ္သားအတြက္ေတာ့ ဝမ္းသာစရာေတြ ႀကံဳလာမယ္။ ရပ္ေဝးက ေဆြမ်ိဳးေတြနဲ႔ ျပန္ဆံုရတတ္ပါတယ္။ အနီးကပ္ေဆြမ်ိဳးမိတ္ေဆြေတြနဲ႔ကေတာ့ အဆင္မေျပႀကီးစြာျဖစ္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရး အဆင္ေျပမယ္။ ဒါေပမယ့္ ရပ္ေဝးခြဲရတတ္ပါတယ္။ စာရြက္စာတမ္းအတြက္ စိတ္ညစ္ရတာ၊ စာရင္းဇယားမွားယြင္းတာ၊ ဆရာသမား ႀကီးကဲသူေတြက အထင္လြဲတာ၊ သူတစ္ပါးရဲ႕ကိစၥ ၾကားညပ္ေျဖရွင္းရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ မွာ အထစ္အေငါ့ ႀကီးစြာႀကံဳမယ္။ မိသားစုနဲ႔ စိတ္သေဘာကြဲၿပီး အိမ္ကထြက္သြားမိတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၃/၆။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ နွင္းဆီ ၇ ပြင့္ လွဴပါေလ။

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဆံုးျဖတ္ရခက္တဲ့ အၾကပ္အတည္းေတြ ႀကံဳတတ္ပါတယ္။ ခရီးကိစၥေတြ လြဲေခ်ာ္မယ္။ ေျခေထာက္မွာ ထိခိုက္မိတတ္ပါတယ္။ မိသားစုနဲ႔ စိတ္သေဘာ ႀကီးစြာကြဲရတတ္တယ္။ ညွိမရႏိႈင္းမရေတြ ျဖစ္တတ္ပါတယ္။ မိဘဆရာသမား ႀကီးကဲသူေတြ ထိမိခိုက္မိျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အစီအစဥ္ေတြ လြဲေခ်ာ္သြားတတ္တယ္။ အလုပ္မွာ အေႏွာက္အယွက္ အၿပိဳင္အဆိုင္ေတြ ေပၚလာမယ္။ ေငြေရးေၾကးေရး ႐ႈပ္ေထြးတတ္ပါတယ္။ ရပ္ေဝးပစၥည္းေတြေရာက္လာတာ၊ ရပ္ေဝးမိတ္ေဆြေမာင္ႏွမက အကူအညီေကာင္းေပးတာ ႏိုင္ငံျခား၊ လူမ်ိဳးျခား အဆက္အသြယ္ေကာင္းရတာ၊ ရပ္ေဝးေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္း ၾကားတာ၊ ျပႆနာတစ္ခု ႀကီးႀကီးမားမား ရွင္းရေတာ့မလိုနဲ႔ အဆင္ေျပသြားတာေတြ ႀကံဳလိမ့္မယ္။ အခ်စ္ေရးအိမ္ေထာင္ေရးကေတာ့ အေတာ့ကို သတိထားဖို႔လိုပါတယ္။ လမ္းခြဲရမတတ္ ျဖစ္ကုန္တတ္ပါတယ္။ ခရီးတိုေတြလည္း တစ္ခုၿပီးတစ္ခု သြားေနရတတ္တယ္။ အေရးႀကီးတဲ့ စာရြက္စာ တမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတာ၊ စာခ်ဳပ္စာတမ္းမွားတာ၊ ကတိေပးမွားတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ က်န္းမာေရး ဆိုးဆိုးဝါးဝါးမရွိလွေပမဲ့ ခြဲစိတ္ကုသမႈနဲ႔ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ပတ္သက္ရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/၄။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေမၿမိဳ႕ပန္း ၅ ပြင့္ ညြန္႔လွဴပါေလ။

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေဆြမ်ိဳးမိတ္ေဆြအတြက္ ေဆး႐ံုေဆးခန္း၊  ဒါမွမဟုတ္ ႐ံုးေတြဂါတ္ေတြ ေရာက္ရတတ္ပါတယ္။ ပစၥည္းတစ္ခု အဝယ္အေရာင္းကိစၥ ျပႆနာျဖစ္တတ္တယ္။ ေအာက္လက္ငယ္သား အိမ္ကထြက္သြားတာ၊ သူတစ္ပါးကိစၥ ေခါင္းခံရွင္းရတာ၊ တမင္ရန္စေႏွာက္ယွက္ခံရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ရပ္ေဝးမိတ္ေဆြ၊ ေဆြမ်ိဳးေတြက အကူအညီေကာင္း ေပးလာလိမ့္မယ္။ ဝမ္းသာစရာ စာေတြ၊ အဆက္အသြယ္ေတြ ေရာက္လာမယ္။ ေနရာထိုင္ခင္း၊ အေဆာက္အဦးကိစၥ အေျခအေနေကာင္း ႀကံဳလာမယ္။ ေကာင္းေသာခရီးေဝး သြားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အထစ္အေငါ့ေလးေတြ ႀကံဳၿပီးတဲ့ေနာက္ ေကာင္းေသာ အေျခအေနကို ေျပာင္းသြားပါလိမ့္မယ္။ က်န္းမာေရးအေနနဲ႔ အမ်ိဳးသမီးဆိုရင္ အမ်ိဳးသမီးေရာဂါ၊ အမ်ိဳးသားဆိုရင္ အစာအိမ္နဲ႔ပတ္သက္လို႔ သတိထားပါ။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အေျခအေနေကာင္းႀကံဳမယ္။ ဆရာေကာင္းသမားေကာင္းေတြ ေတြ႕မယ္။ ကိုယ့္ရဲ႕ဆရာရင္းထဲက ဆုထူးဂုဏ္ထူး ရတာမ်ိဳးႀကံဳမယ္။ ေငြေတြလည္း ေဝါကနဲ ဝင္လာတတ္ပါတယ္။ ေဈးဆိုင္မွာ စကားမ်ားရတဲ့အျဖစ္မ်ိဳး ႀကံဳရတတ္ပါတယ္။ တစ္ေယာက္တည္း ႀကိတ္ၿပီး ေျဖရွင္းရမယ့္ ျပႆနာတစ္ခု ႀကံဳလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၅။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ စံပယ္ ၈ ကံုး လွဴပါေလ။

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ခက္ခဲၾကန္႔ၾကာေနတဲ့ ကိစၥေတြ အဆင္ေျပသြားမယ္။ အမ်ိဳးသမီးတစ္ဦးရဲ႕ အကူအညီေကာင္း ရလိမ့္မယ္။ စပ္တူလုပ္ငန္း စီစဥ္ရတတ္ပါတယ္။ အဲဒီအလုပ္ ေအာင္ျမင္မယ္။ မိသားစုအတြင္း အဆင္မေျပျဖစ္ေနတဲ့ ကိစၥတစ္ခု အဆင္ေျပသြားမယ္။ ပစၥည္းတစ္ခု အဝယ္ အေရာင္းကိစၥမွာေတာ့ ညွိမရႏိႈင္းမရ ျဖစ္ေနပါလိမ့္မယ္။ အိမ္သားတစ္ေယာက္ လိမ့္က်ေခ်ာ္လဲတာ၊ လက္မွာခိုက္မိတာေတြ ျဖစ္တတ္ပါတယ္။ ဓာတ္ပံုကိစၥ၊ စာရြက္စာတမ္းကိစၥ၊ ပစၥည္းငွားတဲ့ကိစၥ ျပႆနာ ျဖစ္တတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပစိတ္ခ်မ္းသာရမယ္။ အိမ္ေထာင္မရွိေသးသူမ်ား မဂၤလာကိစၥ စီစဥ္ရတတ္ပါတယ္။ အလုပ္အဆက္အသြယ္ေကာင္း၊ အခြင့္အေရးေကာင္းေပၚလာတာ၊ အက်ိဳးထူးခရီးေဝးသြားရတာ၊ ဆံုးၿပီလို႔ထင္ထားတဲ့ ေငြေတြ၊ ပစၥည္းေတြ ဝင္လာတာ၊ ဝင္ေငြသိသိသာသာ တိုးတာေတြ ႀကံဳရတတ္ပါတယ္။ ေရာဂါတစ္ခု ေပ်ာက္မွန္းမသိ ေပ်ာက္သြားမယ္။ ဆရာသမား ႀကီးကဲသူေတြရဲ႕ အထင္အျမင္ လြဲျခင္းကို ခံရတတ္တယ္။ အတို႔အေထာင္ေခ်ာက္တြန္းလုပ္တာမ်ိဳးေတြ ခံရတတ္ပါတယ္။ သြားရင္းလာရင္းနဲ႔ စကားမ်ားရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏ အပံ့အပိုးရရွိရန္ ဘုရားမွာ ေဇာ္စိမ္း ၈ ညြန္႔လွဴပါေလ။

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေနရင္းထိုင္ရင္း စိတ္တိုေနရတတ္ပါတယ္။ စိတ္နဲ႔ကိုယ္နဲ႔မကပ္ဘဲ ျဖစ္ေနမယ္။ တဇြတ္ထိုးလုပ္မိၿပီး အမွားေတြ ႀကံဳရတတ္ပါတယ္။ အတတ္ႏိုင္ဆံုး အနားယူသင့္တဲ့ ကာလပါပဲ။ မိတ္ေဆြရင္းေတြ၊ ေမာင္ႏွမသားေတြအတြက္ စိတ္႐ႈပ္ရတတ္တယ္။ ေသခ်ာစီစဥ္ထားတဲ့ကိစၥေတြ လြဲေခ်ာ္ကုန္တတ္တယ္။ ေနေရးထိုင္ေရး အေဆာက္အဦကိစၥ မတင္မက် ျဖစ္ရတတ္ပါတယ္။ သူတစ္ပါးကိစၥ ၾကားဝင္ေျဖရွင္းေပးရတတ္တယ္။ မလုပ္ခ်င္တဲ့အလုပ္၊ မသြားခ်င္တဲ့ခရီး ႀကံဳရတတ္ပါတယ္။ မိန္းမတစ္ေယာက္က ဒုကၡေပးလာတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ဝင္တတ္တယ္။ ဘာသာေရး လုပ္ငန္းေတြ ေအာင္ျမင္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ ေအာင္ျမင္မယ္။ ဆရာသမားေတြက အကူအညီေကာင္း ေပးလာလိမ့္မယ္။ ေဆြမ်ိဳးသားခ်င္းထဲက အလွဴပြဲ၊ မဂၤလာပြဲ လုပ္ျဖစ္လိမ့္မယ္။ ျပႆနာႀကီးတစ္ခု အလိုလိုရွင္းသြားလိမ့္မယ္။ မိမိကို ရန္လုပ္ေနသူေတြ သူ႔တရားသူ စီရင္သြားလိမ့္မယ္။ ေငြေတြ၊ ပစၥည္းေတြ ေပ်ာက္တာ၊ အထားမွားတာေတြ ႀကံဳရတတ္ပါတယ္။ အလုပ္မွာ ေကာင္းေသာအလွည့္အေျပာင္းေတြ ႀကံဳလာမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း စိတ္ေအးခ်မ္းသာ စရာေတြ ႀကံဳလာပါလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၇/၁။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ သေျပ ၆ ညြန္႔လွဴပါေလ။

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အစစအရာရာ သတိရွိဖို႔ အေရးႀကီးပါတယ္။ ျပႆနာေတြ မ်ားတတ္တယ္။ မိသားစုက ကိုယ့္အေပၚမွာ အထင္အျမင္လြဲတတ္တယ္။ က်န္းမာေရးညံ့တာ၊ ေငြေတြ၊ ပစၥည္းေတြ ပ်က္စီးေပ်ာက္ဆံုးတာ၊ အမႈအခင္းလိုမ်ိဳး ရွင္းရလင္းရတာေတြ ႀကံဳရတတ္ပါတယ္။ ခရီးမ်ားမ်ားသြားေနေလ ေကာင္းေလပါပဲ။ အိပ္ရာ ေရႊ႕အိပ္သင့္ပါတယ္။ ထိတ္လန္႔ေျခာက္ျခားစရာေတြ၊ နိမိတ္ဆိုးေတြ ေတြ႕ရႀကံဳရ ၾကားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အေျခအေန တင္းတင္းမာမာ ျဖစ္တတ္တယ္။ လူႀကီးေတြဝင္႐ႈပ္လို႔ ပိုဆိုးသြားတတ္ပါတယ္။ ခက္ခဲထစ္ေငါ့ေနတဲ့ ပစၥည္းအေရာင္းအဝယ္ကိစၥ ေအာင္ျမင္မယ္။ ေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္းၾကားမယ္။ ျပႆနာျဖစ္ေနသူေတြနဲ႔ သင့္ျမတ္အဆင္ေျပသြားမယ္။ ဆရာေဟာင္းသမားေဟာင္းေတြနဲ႔ ျပန္ဆံုရတတ္တယ္။ ပညာေရး သင္တန္းအစီစဥ္ေတြ ပ်က္မလိုလိုနဲ႔ ေအာင္ျမင္သြားလိမ့္မယ္။ ေငြေရးေၾကးေရးကေတာ့ ေတာ္ေတာ္ညံ့ပါတယ္။ ကိုယ့္အလုပ္အျပင္ တာဝန္အပိုေတြ ထမ္းေဆာင္ရတတ္ပါတယ္။ အလွဴကိစၥ၊ ဘာသာေရးကိစၥ စိတ္႐ႈပ္ရတတ္ပါတယ္။ ေနရာထိုင္ခင္းနဲ႔ ပတ္သက္လာရင္လည္း ဟိုမွာေနရမလို ဒီမွာေနရမလို ျဖစ္ေနတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ခေရ ၈ ညြန္႔လွဴပါေလ။

ဇင္ေယာ္နီ

Source : Reddot Network

(Unicode Version)

ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၈ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံတော်တော်နိမ့်ပါတယ်။ ဘာမဆို သတိကြီးစွာထားဖို့လိုပါတယ်။ လုပ်သမျှ ဒုက္ခဆိုသလိုဖြစ်နေမယ်။ အလုပ်တွေပျက်စီးကုန်တာ၊ အလုပ်ပြုတ်တာမျိုးတွေဟာ ဒီကိန်းမျိုးနဲ့ ပတ်သက်နေလေ့ရှိပါတယ်။ဒါကြောင့် အတော့်ကို သတိထားဖို့လိုပါတယ်။ မဖြစ်စလောက်နဲ့ အမှုအခင်း လို ဖြေရှင်းရတဲ့ အခြေအနေမျိုးအထိ ရောက်သွားတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ အရောင်းမှား အဝယ်မှားတတ်တယ်။ မိတ်ဆွေမောင်နှမများနဲ့လည်း စကားများရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ မထင်မှတ်ဘဲ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ အောက်လက်ငယ်သားရဲ့ အချစ်ရေးအိမ်ထောင်ရေး ရှုပ်ထွေးမယ်။ ဒုက္ခပေးမယ့်ဧည့်သည် ရောက်လာတတ်ပါတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်တာတွေကြောင့် ကျန်းမာရေး ထိခိုက်သွားတတ်ပါတယ်။ မိန်းမကြီးတစ်ယောက်က အကူအညီကောင်းတွေ ပေးလာတတ်ပါတယ်။ ငွေကံကလေးကလည်း ကောင်းနေပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာရမယ်။ ကံအကျိုးပေးဂဏန်း ၂/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ကံ့ကော် ၁၅ ညွန့်လှူပါလေ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံလာတတ်ပါတယ်။ အလုပ်နှစ်မျိုး ဝင်ငွေနှစ်မျိုးဖြစ်နေမယ်။ သူတစ်ပါးရဲ့တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ရတတ်ပါတယ်။ ခရီးကိစ္စတွေ၊ ရပ်ဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေ အောင်မြင်မယ်။ ငွေလည်းတအားရွှင်နေလိမ့်မယ်။ ထီထိုး သင့်ပါတယ်။ အဖိုးတန်ပစ္စည်းတွေဝင်လာမယ်။ ဘာသာရေးပတ်သက်တဲ့ ပစ္စည်းတွေလည်း ဝင်လာတတ်ပါ တယ်။ နေရာထိုင်ခင်းကိစ္စ စိတ်ညစ်ရတာ၊ မိသားစုအတွင်း စကားများရန်ဖြစ်ရတာတွေ ကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားအတွက်တော့ ဝမ်းသာစရာတွေ ကြုံလာမယ်။ ရပ်ဝေးက ဆွေမျိုးတွေနဲ့ ပြန်ဆုံရတတ်ပါတယ်။ အနီးကပ်ဆွေမျိုးမိတ်ဆွေတွေနဲ့ကတော့ အဆင်မပြေကြီးစွာဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမယ်။ ဒါပေမယ့် ရပ်ဝေးခွဲရတတ်ပါတယ်။ စာရွက်စာတမ်းအတွက် စိတ်ညစ်ရတာ၊ စာရင်းဇယားမှားယွင်းတာ၊ ဆရာသမား ကြီးကဲသူတွေက အထင်လွဲတာ၊ သူတစ်ပါးရဲ့ကိစ္စ ကြားညပ်ဖြေရှင်းရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မှာ အထစ်အငေါ့ ကြီးစွာကြုံမယ်။ မိသားစုနဲ့ စိတ်သဘောကွဲပြီး အိမ်ကထွက်သွားမိတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၆။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ နှင်းဆီ ၇ ပွင့် လှူပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းတွေ ကြုံတတ်ပါတယ်။ ခရီးကိစ္စတွေ လွဲချော်မယ်။ ခြေထောက်မှာ ထိခိုက်မိတတ်ပါတယ်။ မိသားစုနဲ့ စိတ်သဘော ကြီးစွာကွဲရတတ်တယ်။ ညှိမရနှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ မိဘဆရာသမား ကြီးကဲသူတွေ ထိမိခိုက်မိဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အစီအစဉ်တွေ လွဲချော်သွားတတ်တယ်။ အလုပ်မှာ အနှောက်အယှက် အပြိုင်အဆိုင်တွေ ပေါ်လာမယ်။ ငွေရေးကြေးရေး ရှုပ်ထွေးတတ်ပါတယ်။ ရပ်ဝေးပစ္စည်းတွေရောက်လာတာ၊ ရပ်ဝေးမိတ်ဆွေမောင်နှမက အကူအညီကောင်းပေးတာ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ်ကောင်းရတာ၊ ရပ်ဝေးအောက်လက်ငယ်သားရဲ့ သတင်းကောင်း ကြားတာ၊ ပြဿနာတစ်ခု ကြီးကြီးမားမား ရှင်းရတော့မလိုနဲ့ အဆင်ပြေသွားတာတွေ ကြုံလိမ့်မယ်။ အချစ်ရေးအိမ်ထောင်ရေးကတော့ အတော့ကို သတိထားဖို့လိုပါတယ်။ လမ်းခွဲရမတတ် ဖြစ်ကုန်တတ်ပါတယ်။ ခရီးတိုတွေလည်း တစ်ခုပြီးတစ်ခု သွားနေရတတ်တယ်။ အရေးကြီးတဲ့ စာရွက်စာ တမ်းတွေ ပျက်စီးပျောက်ဆုံးတာ၊ စာချုပ်စာတမ်းမှားတာ၊ ကတိပေးမှားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေး ဆိုးဆိုးဝါးဝါးမရှိလှပေမဲ့ ခွဲစိတ်ကုသမှုနဲ့ တစ်မျိုးမဟုတ်တစ်မျိုး ပတ်သက်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၄။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မေမြို့ပန်း ၅ ပွင့် ညွန့်လှူပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း၊  ဒါမှမဟုတ် ရုံးတွေဂါတ်တွေ ရောက်ရတတ်ပါတယ်။ ပစ္စည်းတစ်ခု အဝယ်အရောင်းကိစ္စ ပြဿနာဖြစ်တတ်တယ်။ အောက်လက်ငယ်သား အိမ်ကထွက်သွားတာ၊ သူတစ်ပါးကိစ္စ ခေါင်းခံရှင်းရတာ၊ တမင်ရန်စနှောက်ယှက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ရပ်ဝေးမိတ်ဆွေ၊ ဆွေမျိုးတွေက အကူအညီကောင်း ပေးလာလိမ့်မယ်။ ဝမ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာမယ်။ နေရာထိုင်ခင်း၊ အဆောက်အဦးကိစ္စ အခြေအနေကောင်း ကြုံလာမယ်။ ကောင်းသောခရီးဝေး သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့လေးတွေ ကြုံပြီးတဲ့နောက် ကောင်းသော အခြေအနေကို ပြောင်းသွားပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အမျိုးသမီးဆိုရင် အမျိုးသမီးရောဂါ၊ အမျိုးသားဆိုရင် အစာအိမ်နဲ့ပတ်သက်လို့ သတိထားပါ။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အခြေအနေကောင်းကြုံမယ်။ ဆရာကောင်းသမားကောင်းတွေ တွေ့မယ်။ ကိုယ့်ရဲ့ဆရာရင်းထဲက ဆုထူးဂုဏ်ထူး ရတာမျိုးကြုံမယ်။ ငွေတွေလည်း ဝေါကနဲ ဝင်လာတတ်ပါတယ်။ ဈေးဆိုင်မှာ စကားများရတဲ့အဖြစ်မျိုး ကြုံရတတ်ပါတယ်။ တစ်ယောက်တည်း ကြိတ်ပြီး ဖြေရှင်းရမယ့် ပြဿနာတစ်ခု ကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ စံပယ် ၈ ကုံး လှူပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေ အဆင်ပြေသွားမယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်း ရလိမ့်မယ်။ စပ်တူလုပ်ငန်း စီစဉ်ရတတ်ပါတယ်။ အဲဒီအလုပ် အောင်မြင်မယ်။ မိသားစုအတွင်း အဆင်မပြေဖြစ်နေတဲ့ ကိစ္စတစ်ခု အဆင်ပြေသွားမယ်။ ပစ္စည်းတစ်ခု အဝယ် အရောင်းကိစ္စမှာတော့ ညှိမရနှိုင်းမရ ဖြစ်နေပါလိမ့်မယ်။ အိမ်သားတစ်ယောက် လိမ့်ကျချော်လဲတာ၊ လက်မှာခိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဓာတ်ပုံကိစ္စ၊ စာရွက်စာတမ်းကိစ္စ၊ ပစ္စည်းငှားတဲ့ကိစ္စ ပြဿနာ ဖြစ်တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေစိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသေးသူများ မင်္ဂလာကိစ္စ စီစဉ်ရတတ်ပါတယ်။ အလုပ်အဆက်အသွယ်ကောင်း၊ အခွင့်အရေးကောင်းပေါ်လာတာ၊ အကျိုးထူးခရီးဝေးသွားရတာ၊ ဆုံးပြီလို့ထင်ထားတဲ့ ငွေတွေ၊ ပစ္စည်းတွေ ဝင်လာတာ၊ ဝင်ငွေသိသိသာသာ တိုးတာတွေ ကြုံရတတ်ပါတယ်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ ဆရာသမား ကြီးကဲသူတွေရဲ့ အထင်အမြင် လွဲခြင်းကို ခံရတတ်တယ်။ အတို့အထောင်ချောက်တွန်းလုပ်တာမျိုးတွေ ခံရတတ်ပါတယ်။ သွားရင်းလာရင်းနဲ့ စကားများရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဇော်စိမ်း ၈ ညွန့်လှူပါလေ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ နေရင်းထိုင်ရင်း စိတ်တိုနေရတတ်ပါတယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ဖြစ်နေမယ်။ တဇွတ်ထိုးလုပ်မိပြီး အမှားတွေ ကြုံရတတ်ပါတယ်။ အတတ်နိုင်ဆုံး အနားယူသင့်တဲ့ ကာလပါပဲ။ မိတ်ဆွေရင်းတွေ၊ မောင်နှမသားတွေအတွက် စိတ်ရှုပ်ရတတ်တယ်။ သေချာစီစဉ်ထားတဲ့ကိစ္စတွေ လွဲချော်ကုန်တတ်တယ်။ နေရေးထိုင်ရေး အဆောက်အဦကိစ္စ မတင်မကျ ဖြစ်ရတတ်ပါတယ်။ သူတစ်ပါးကိစ္စ ကြားဝင်ဖြေရှင်းပေးရတတ်တယ်။ မလုပ်ချင်တဲ့အလုပ်၊ မသွားချင်တဲ့ခရီး ကြုံရတတ်ပါတယ်။ မိန်းမတစ်ယောက်က ဒုက္ခပေးလာတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်တတ်တယ်။ ဘာသာရေး လုပ်ငန်းတွေ အောင်မြင်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အောင်မြင်မယ်။ ဆရာသမားတွေက အကူအညီကောင်း ပေးလာလိမ့်မယ်။ ဆွေမျိုးသားချင်းထဲက အလှူပွဲ၊ မင်္ဂလာပွဲ လုပ်ဖြစ်လိမ့်မယ်။ ပြဿနာကြီးတစ်ခု အလိုလိုရှင်းသွားလိမ့်မယ်။ မိမိကို ရန်လုပ်နေသူတွေ သူ့တရားသူ စီရင်သွားလိမ့်မယ်။ ငွေတွေ၊ ပစ္စည်းတွေ ပျောက်တာ၊ အထားမှားတာတွေ ကြုံရတတ်ပါတယ်။ အလုပ်မှာ ကောင်းသောအလှည့်အပြောင်းတွေ ကြုံလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်အေးချမ်းသာ စရာတွေ ကြုံလာပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၇/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သပြေ ၆ ညွန့်လှူပါလေ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိရှိဖို့ အရေးကြီးပါတယ်။ ပြဿနာတွေ များတတ်တယ်။ မိသားစုက ကိုယ့်အပေါ်မှာ အထင်အမြင်လွဲတတ်တယ်။ ကျန်းမာရေးညံ့တာ၊ ငွေတွေ၊ ပစ္စည်းတွေ ပျက်စီးပျောက်ဆုံးတာ၊ အမှုအခင်းလိုမျိုး ရှင်းရလင်းရတာတွေ ကြုံရတတ်ပါတယ်။ ခရီးများများသွားနေလေ ကောင်းလေပါပဲ။ အိပ်ရာ ရွှေ့အိပ်သင့်ပါတယ်။ ထိတ်လန့်ခြောက်ခြားစရာတွေ၊ နိမိတ်ဆိုးတွေ တွေ့ရကြုံရ ကြားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အခြေအနေ တင်းတင်းမာမာ ဖြစ်တတ်တယ်။ လူကြီးတွေဝင်ရှုပ်လို့ ပိုဆိုးသွားတတ်ပါတယ်။ ခက်ခဲထစ်ငေါ့နေတဲ့ ပစ္စည်းအရောင်းအဝယ်ကိစ္စ အောင်မြင်မယ်။ အောက်လက်ငယ်သားရဲ့ သတင်းကောင်းကြားမယ်။ ပြဿနာဖြစ်နေသူတွေနဲ့ သင့်မြတ်အဆင်ပြေသွားမယ်။ ဆရာဟောင်းသမားဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ ပညာရေး သင်တန်းအစီစဉ်တွေ ပျက်မလိုလိုနဲ့ အောင်မြင်သွားလိမ့်မယ်။ ငွေရေးကြေးရေးကတော့ တော်တော်ညံ့ပါတယ်။ ကိုယ့်အလုပ်အပြင် တာဝန်အပိုတွေ ထမ်းဆောင်ရတတ်ပါတယ်။ အလှူကိစ္စ၊ ဘာသာရေးကိစ္စ စိတ်ရှုပ်ရတတ်ပါတယ်။ နေရာထိုင်ခင်းနဲ့ ပတ်သက်လာရင်လည်း ဟိုမှာနေရမလို ဒီမှာနေရမလို ဖြစ်နေတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ခရေ ၈ ညွန့်လှူပါလေ။

ဇင်ယော်နီ

Source : Reddot Network

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္