

သံတွဲ ဇွန် ၁၁

သံတွဲမြို့တွင် ယနေ့ နံနက်မှ စတင်၍ သံတွဲချောင်းအတွင်း တောင်ကျရေ များ ကျဆင်းမှုကြောင့် အနိမ့်ပိုင်းဒေသများ ဖြစ်သည့် အမှတ်-၁၊ အမှတ်-၂၊ ၃ ရပ်ကွက်နေရာ အချို့နှင့် အမှတ် ၄ ရပ်ကွက်ရှိ ညောင်ပင်ဈေး ၊ သမုတ်ချောင်း ဒေသများတွင် ယနေ့ ညနေ ၄ နာရီမှ စတင်၍ ရေများ စတင် နစ်မြုပ်လာကြောင်းသိရသည်။

အဆိုပါရေနစ်မြုပ်မှုကြောင့် ချောင်းအနီးရှိအိမ်များ၊ ညောင်ပင်ဈေး၊ သမုတ်ချောင်းဒေသများရှိ နေအိမ်များမှ သက်ကြီးရွယ်အိုများနှင့် ကျွဲ ၊ နွား၊ ၀က် ၊ တိရစ္ဆာန်များအား ရေလွတ်ရာ ဓမ္မာရုံများသို့ စတင်ပြောင်းရွေ့ လျက်ရှိသည်။


ခရိုင် (ပြန်/ဆက်)


(Unicode Version)

တောင်ကျရေများ ကျဆင်းမှုကြောင့် သံတွဲအနိမ့်ပိုင်းဒေသများ ရေစတင်နစ်မြှုပ်

သံတွဲ ဇွန် ၁၁

သံတွဲမြို့တွင် ယနေ့ နံနက်မှ စတင်၍ သံတွဲချောင်းအတွင်း တောင်ကျရေ များ ကျဆင်းမှုကြောင့် အနိမ့်ပိုင်းဒေသများ ဖြစ်သည့် အမှတ်-၁၊ အမှတ်-၂၊ ၃ ရပ်ကွက်နေရာ အချို့နှင့် အမှတ် ၄ ရပ်ကွက်ရှိ ညောင်ပင်စျေး ၊ သမုတ်ချောင်း ဒေသများတွင် ယနေ့ ညနေ ၄ နာရီမှ စတင်၍ ရေများ စတင် နစ်မြုပ်လာကြောင်းသိရသည်။

အဆိုပါရေနစ်မြုပ်မှုကြောင့် ချောင်းအနီးရှိအိမ်များ၊ ညောင်ပင်စျေး၊ သမုတ်ချောင်းဒေသများရှိ နေအိမ်များမှ သက်ကြီးရွယ်အိုများနှင့် ကျွဲ ၊ နွား၊ ဝက် ၊ တိရစ္ဆာန်များအား ရေလွတ်ရာ ဓမ္မာရုံများသို့ စတင်ပြောင်းရွေ့ လျက်ရှိသည်။

မိုးရွာသွန်းမှု အခြေအနေမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ တိုင်းထွာ ချက်များ အရ ၁.၆၅ လက်မ ရွာသွန်းပြီး သံတွဲချောင်း ရေ အခြေ အနေမှာ ၆၆၈ စင်တီမီတာ ရှိသဖြင့် စိုးရိမ်ရေအမှတ်ထက် ၃၈ လက်မ ပိုမိုမြင့် တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန သံတွဲခရိုင်ရုံးမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)

Source : MOI Webportal Myanmar