ကြမ္းယာစားသူမ်ား သတိထားစရာ အႏၲရာယ္

ကြမ္းစားတဲ့ အေလ့အက်င့္ဟာ ကၽြန္မတို႔ ႏိုင္ငံမွာတင္မဟုတ္ပါဘူး။ အေရွ႕ေတာင္အာရွေဒသေတာ္ေတာ္မ်ားမ်ားမွာေတြ႕ရပါတယ္။ အမ်ားဆံုးကေတာ့ ထိုင္ဝမ္၊ ၿပီးရင္ကၽြန္မတို႔ ႏိုင္ငံပဲျဖစ္ပါတယ္။ ကြမ္းစားျခင္းက ပတ္ဝန္းက်င္ကို ညစ္ညမ္းေစရံုတင္မကပါဘူး။ စားသံုးတဲ့သူကိုပါ အသက္အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

ကြမ္းယာမွာ အဓိကအားျဖင့္ ကြမ္းရြက္၊ ကြမ္းသီး၊ ထံုးနဲ႔ စားသံုးတဲ့သူေပၚလိုက္ၿပီး အျခားပစၥည္းမ်ားပါဝင္ပါတယ္။

အဓိကကေတာ့ ကြမ္းသီးမွာ ပါဝင္တဲ့ အာရီကိုလိုင္း (arecoline)ပါ။ သူက ကင္ဆာျဖစ္ေစပါတယ္။ ကင္ဆာမျဖစ္ခင္မွာ ပါးစပ္ထဲမွာ အျဖဴကြက္ေတြ အနီကြက္လိုအနာေတြျဖစ္တာ။ ပါးေစာင္မွာ အနာျဖစ္တာ ေရာင္တာ ေပါက္ၿပဲတာေတြျဖစ္တတ္ပါတယ္။ ဒါေတြဟာ ကင္ဆာမျဖစ္ခင္ ေရွ႕ေျပးလကၡဏာေတြပါ။ အဲ့ေနာက္မွာ ပါးေစာင္ကင္ဆာ၊ အသည္းကင္ဆာလည္းျဖစ္ႏိုင္ပါေသးတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာဆိုရင္ လမေစ့ဘဲ ကေလးမီးဖြားတာထိျဖစ္ႏိုင္ပါတယ္။

ကြမ္းယာမွာ ပါတဲ့ထံုးေၾကာင့္ ကင္ဆာပိုျဖစ္ႏိုင္ပါတယ္။ ပါးစပ္ထဲမွာ ဝါးေနခ်ိန္မွာလည္း ထံုးဓါတ္ကို အဆမတန္ျမင့္တက္ေစၿပီး ခံတြင္းထဲမွာ ရွိတဲ့ တစ္ရႉးေတြကိုပ်က္စီးေစပါတယ္။ ကြမ္းဝါးေနခ်ိန္အတြင္းမွာ ခံတြင္းထဲမွာရွိတဲ့ တံေတြးဟာ ျပင္းအား pH 10 အထိျမင့္တက္လာပါတယ္။ မ်ားေသာအားျဖင့္ အဝတ္ေလွ်ာ္ဆပ္ျပာရည္ေတြေတာင္မွ pH 9 ဝန္းက်င္ပဲရွိပါတယ္။ ကြမ္းတံေတြးဟာ အဝတ္ေလွ်ာ္ဆပ္ျပာရည္ထက္ေတာင္မွ ျပင္းအားပိုမ်ားပါတယ္။

ကြမ္းယာကို မ်ားမ်ားစားေလ။ အခ်ိန္ၾကာၾကာ ဝါးေလ ကင္ဆာျဖစ္ႏိုင္ဖို႔ အခြင့္အေရးပိုမ်ားေလျဖစ္ပါတယ္။

ေရွးေခတ္တုန္းကေတာ့ ကြမ္းယာစားရင္ အစာေၾကတယ္။ ခံတြင္းနံ႔ကင္းတယ္ဆိုၿပီး ထမင္းစားၿပီးရင္ စားၾကပါတယ္။ ဟုတ္ပါတယ္။ ကြမ္းသီးမွာပါဝင္တဲ့ ဓါတ္ေတြက အစာလမ္းေၾကာင္းမွာ ရွိတဲ့ ႂကြက္သားေတြကို လွံုေဆာ္ေပးတယ္။ တံေတြးပိုထြက္ေစတယ္။ ဝမ္းမွန္ေစပါတယ္။ ဒါေပမယ့္လည္း အစာအိမ္အနာပိုျဖစ္ေစႏိုင္တာေၾကာင့္ ကြမ္းယာစားျခင္းမွာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားေနတာကိုပဲေတြ႕ရပါတယ္။

ကိုယ္ဝန္ေဆာင္မိခင္ေတြ ကြမ္းစားရင္ လမေစ့ဘဲ ကေလးေမြးတာ၊ ေမြးလာတဲ့ ကေလးက ကိုယ္အေလးခ်ိန္မျပည့္တာ၊ သားပ်က္ သားေလ်ာျဖစ္တာေတြျဖစ္တတ္ပါတယ္။ ႏို႔တိုက္မိခင္ေတြ ကြမ္းစားရင္လည္း မိခင္ႏို႔ကို ေသာက္သံုးတဲ့ ကေလးမွာ က်န္းမာေရးကိုထိခိုက္ႏိုင္ပါတယ္။

ကၽြန္ေတာ္က က်န္းမာပါတယ္။ ကြမ္းယာ တစ္ေန႔တစ္ယာေလာက္ပဲစားတယ္။ ဒါဆိုရင္ေရာ ကၽြန္ေတာ္က ကင္ဆာျဖစ္ႏိုင္ပါမလား?

ဟုတ္ကဲ့။ ျဖစ္ႏိုင္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ ကိုယ္ခံစြမ္းအားကလည္း မတူသလို။ ကြမ္းဘယ္ေလာက္ထိ စားရင္ အႏၲရာယ္ကင္းတယ္။ စိတ္ခ်ရတယ္။ စားလို႔ရတယ္လို႔ အတိအက်မေျပာႏိုင္ပါဘူး။ အဲဒါေၾကာင့္ တစ္ေန႔ကို ကြမ္းတစ္ယာ စားလည္းပဲ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

ကြမ္းယာစားရင္ ပါးစပ္မွာ ဘယ္လိုမ်ိဳး အေျပာင္းအလဲေတြ ျဖစ္လာမွာလဲ။ ဘယ္ေလာက္ၾကာၾကာစြဲစားရင္ ေရာဂါျဖစ္မွာလဲ။

ခံတြင္းနံရံေတြမွာ ပါးေစာင္ေတြမွာ အျဖဴေရာင္လိုင္းေတြျဖစ္လာမယ္။ ပါးစပ္နာတာ၊ ေတာ္ရံုပူတဲ့ စပ္တဲ့ အစားအစာေတြကိုပဲ မစားႏိုင္တာ၊ လွ်ာေလးအာေလးျဖစ္တာေတြျဖစ္လာမယ္။ ပါးစပ္မွာ အနာေပါက္တာ၊ သြားဖံုးေရာင္တာ၊ ေရစီးကမ္းၿပိဳလိုက္တာ စတဲ့ လကၡဏာေတြျဖစ္လာမယ္။ သြားေတြ ယိုင္တာ နဲ႔တာ၊ အနီေရာင္ အမဲေရာင္ေတြစြန္းတာေတြျဖစ္လာမယ္။ တစ္ျဖည္းျဖည္းနဲ႔ ပါးစပ္ ဟ လို႔မရတာ။ပါးစပ္ဖြင့္ရတာ အခက္အခဲျဖစ္တာေတြျဖစ္လာမယ္။ အဲ့ကေနတစ္ဆင့္ ေနာက္ဆံုးကင္ဆာျဖစ္လာႏိုင္ပါတယ္။ ကြမ္းယာကို ေရရွည္စားတဲ့သူေတြမွာဆိုရင္ အခ်ိန္ ၈ ႏွစ္ကေန ၁၁ ႏွစ္အတြင္းမွာ ကင္ဆာျဖစ္ႏိုင္ပါတယ္။

ကြမ္းယာစားသံုးျခင္းက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာျဖစ္ေစတာေၾကာင့္ ကြမ္းမစားတာက အေကာင္းဆံုးျဖစ္ပါတယ္။

အားလံုးပဲ က်န္းမာၾကပါေစ။

Ref; review of Areca nut and tobacco use in the pacific everything one needs to know about areca nut a review of the systemic adverse effects of Areca nut or betel nut

Credit : Daw Phyu Phyu Khin

(Unicode Version)

ကွမ်းယာစားသူများ သတိထားစရာ အန္တရာယ်

ကွမ်းစားတဲ့ အလေ့အကျင့်ဟာ ကျွန်မတို့ နိုင်ငံမှာတင်မဟုတ်ပါဘူး။ အရှေ့တောင်အာရှဒေသတော်တော်များများမှာတွေ့ရပါတယ်။ အများဆုံးကတော့ ထိုင်ဝမ်၊ ပြီးရင်ကျွန်မတို့ နိုင်ငံပဲဖြစ်ပါတယ်။ ကွမ်းစားခြင်းက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံတင်မကပါဘူး။ စားသုံးတဲ့သူကိုပါ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကွမ်းယာမှာ အဓိကအားဖြင့် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနဲ့ စားသုံးတဲ့သူပေါ်လိုက်ပြီး အခြားပစ္စည်းများပါဝင်ပါတယ်။

အဓိကကတော့ ကွမ်းသီးမှာ ပါဝင်တဲ့ အာရီကိုလိုင်း (arecoline)ပါ။ သူက ကင်ဆာဖြစ်စေပါတယ်။ ကင်ဆာမဖြစ်ခင်မှာ ပါးစပ်ထဲမှာ အဖြူကွက်တွေ အနီကွက်လိုအနာတွေဖြစ်တာ။ ပါးစောင်မှာ အနာဖြစ်တာ ရောင်တာ ပေါက်ပြဲတာတွေဖြစ်တတ်ပါတယ်။ ဒါတွေဟာ ကင်ဆာမဖြစ်ခင် ရှေ့ပြေးလက္ခဏာတွေပါ။ အဲ့နောက်မှာ ပါးစောင်ကင်ဆာ၊ အသည်းကင်ဆာလည်းဖြစ်နိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် လမစေ့ဘဲ ကလေးမီးဖွားတာထိဖြစ်နိုင်ပါတယ်။

ကွမ်းယာမှာ ပါတဲ့ထုံးကြောင့် ကင်ဆာပိုဖြစ်နိုင်ပါတယ်။ ပါးစပ်ထဲမှာ ဝါးနေချိန်မှာလည်း ထုံးဓါတ်ကို အဆမတန်မြင့်တက်စေပြီး ခံတွင်းထဲမှာ ရှိတဲ့ တစ်ရှူးတွေကိုပျက်စီးစေပါတယ်။ ကွမ်းဝါးနေချိန်အတွင်းမှာ ခံတွင်းထဲမှာရှိတဲ့ တံတွေးဟာ ပြင်းအား pH 10 အထိမြင့်တက်လာပါတယ်။ များသောအားဖြင့် အဝတ်လျှော်ဆပ်ပြာရည်တွေတောင်မှ pH 9 ဝန်းကျင်ပဲရှိပါတယ်။ ကွမ်းတံတွေးဟာ အဝတ်လျှော်ဆပ်ပြာရည်ထက်တောင်မှ ပြင်းအားပိုများပါတယ်။

ကွမ်းယာကို များများစားလေ။ အချိန်ကြာကြာ ဝါးလေ ကင်ဆာဖြစ်နိုင်ဖို့ အခွင့်အရေးပိုများလေဖြစ်ပါတယ်။

ရှေးခေတ်တုန်းကတော့ ကွမ်းယာစားရင် အစာကြေတယ်။ ခံတွင်းနံ့ကင်းတယ်ဆိုပြီး ထမင်းစားပြီးရင် စားကြပါတယ်။ ဟုတ်ပါတယ်။ ကွမ်းသီးမှာပါဝင်တဲ့ ဓါတ်တွေက အစာလမ်းကြောင်းမှာ ရှိတဲ့ ကြွက်သားတွေကို လှုံဆော်ပေးတယ်။ တံတွေးပိုထွက်စေတယ်။ ဝမ်းမှန်စေပါတယ်။ ဒါပေမယ့်လည်း အစာအိမ်အနာပိုဖြစ်စေနိုင်တာကြောင့် ကွမ်းယာစားခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကိုပဲတွေ့ရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ ကွမ်းစားရင် လမစေ့ဘဲ ကလေးမွေးတာ၊ မွေးလာတဲ့ ကလေးက ကိုယ်အလေးချိန်မပြည့်တာ၊ သားပျက် သားလျောဖြစ်တာတွေဖြစ်တတ်ပါတယ်။ နို့တိုက်မိခင်တွေ ကွမ်းစားရင်လည်း မိခင်နို့ကို သောက်သုံးတဲ့ ကလေးမှာ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

ကျွန်တော်က ကျန်းမာပါတယ်။ ကွမ်းယာ တစ်နေ့တစ်ယာလောက်ပဲစားတယ်။ ဒါဆိုရင်ရော ကျွန်တော်က ကင်ဆာဖြစ်နိုင်ပါမလား?

ဟုတ်ကဲ့။ ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားကလည်း မတူသလို။ ကွမ်းဘယ်လောက်ထိ စားရင် အန္တရာယ်ကင်းတယ်။ စိတ်ချရတယ်။ စားလို့ရတယ်လို့ အတိအကျမပြောနိုင်ပါဘူး။ အဲဒါကြောင့် တစ်နေ့ကို ကွမ်းတစ်ယာ စားလည်းပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကွမ်းယာစားရင် ပါးစပ်မှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်လာမှာလဲ။ ဘယ်လောက်ကြာကြာစွဲစားရင် ရောဂါဖြစ်မှာလဲ။

ခံတွင်းနံရံတွေမှာ ပါးစောင်တွေမှာ အဖြူရောင်လိုင်းတွေဖြစ်လာမယ်။ ပါးစပ်နာတာ၊ တော်ရုံပူတဲ့ စပ်တဲ့ အစားအစာတွေကိုပဲ မစားနိုင်တာ၊ လျှာလေးအာလေးဖြစ်တာတွေဖြစ်လာမယ်။ ပါးစပ်မှာ အနာပေါက်တာ၊ သွားဖုံးရောင်တာ၊ ရေစီးကမ်းပြိုလိုက်တာ စတဲ့ လက္ခဏာတွေဖြစ်လာမယ်။ သွားတွေ ယိုင်တာ နဲ့တာ၊ အနီရောင် အမဲရောင်တွေစွန်းတာတွေဖြစ်လာမယ်။ တစ်ဖြည်းဖြည်းနဲ့ ပါးစပ် ဟ လို့မရတာ။ပါးစပ်ဖွင့်ရတာ အခက်အခဲဖြစ်တာတွေဖြစ်လာမယ်။ အဲ့ကနေတစ်ဆင့် နောက်ဆုံးကင်ဆာဖြစ်လာနိုင်ပါတယ်။ ကွမ်းယာကို ရေရှည်စားတဲ့သူတွေမှာဆိုရင် အချိန် ၈ နှစ်ကနေ ၁၁ နှစ်အတွင်းမှာ ကင်ဆာဖြစ်နိုင်ပါတယ်။

ကွမ်းယာစားသုံးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေတာကြောင့် ကွမ်းမစားတာက အကောင်းဆုံးဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ။

Ref; review of Areca nut and tobacco use in the pacific everything one needs to know about areca nut a review of the systemic adverse effects of Areca nut or betel nut

Credit : Daw Phyu Phyu Khin