မိုးရြာသြန္း၍ ရခိုင္ျပည္အ၀ွမ္းမွ ေရၾကီးမႈ အေျခအေန

မိုးရြာသြန္း၍ ရခိုင္ျပည္အ၀ွမ္းမွ ေရၾကီးမႈ အေျခအေန

နိရဥၥရာ၊ ဇြန္ ၁၂

မိုးအဆက္မျပတ္ရာသြန္းမႈေၾကာင့္ ရခိုင္ျပည္နယ္ သံတြဲ၊ အမ္း၊ တပ္ေတာင္ႏွင့္ မင္းျပားၿမိဳ႕ရွိ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕ ေရျမဳပ္မႈမ်ား ရွိေနသည္ဟု သတင္းရရွိသည္။

အမ္းၿမိဳ႕ေပၚ ၅ ရပ္ကြက္တြင္ ေရအနည္းငယ္ နစ္ျမဳပ္ေနၿပီး ၊ အမွတ္ ၂ ရပ္ကြက္ (ပဲပဒံု) တြင္ အိမ္ ၁၀ ေက်ာ္ေလာက္ေရျမဳပ္ေနေၾကာင္း၊ သို႔ေသာ္ အႏၱရာယ္ရွိသည့္ အေနအထား မရွိေသးေၾကာင္း သိရသည္။

အမ္းျမိဳ႕နယ္ တပ္ေတာင္တြင္ ၊ ဘုန္းေတာ္ႀကီးေက်ာင္း အနီးတစ္၀ိုက္၊ စာသင္ေက်ာင္း အနီးတစ္၀ိုက္ႏွင့္ ေဘာလံုးကြင္းတို႔တြင္ ေရအနည္းငယ္ နစ္ျမဳပ္ေနသည္ဟု သိရသည္။

“ေရျမဳပ္ၿပီးေတာ့ အိမ္ထဲအထိ ေရ၀င္လာေနပါတယ္။ က်ေနာ္အိမ္ထဲမွာလည္း ေျခမ်က္စိနားေလာက္ထိ ေရျမဳပ္ေနပါတယ္”ဟု တပ္ေတာင္ေဒသခံတစ္ဦးက ေျပာသည္။

မင္းျပားၿမိဳ႕တြင္လည္း ေအာက္ရြာပိုင္း၊ ျပည္ေတာ္သာ၊ ျပည္ေတာ္လွ၊ မင္းဗာႀကီး၊ ဥကၠာပ်ံႏွင့္ ၿမိဳ႕သစ္ရပ္ကြက္မ်ားတြင္ ေရျမဳပ္မႈမ်ားရွိေနသည္ဟု သိရသည္။

“အိမ္ေတြျမဳပ္ေနတာ တစ္ေပေက်ာ္ေလာက္ရွိပါတယ္။ အဓိက ေျမနိမ့္တဲ့ အပိုင္းေတြမွာပါ။ အထက ၁ နဲ႔ အထက ၃ တို႔မွာလည္း ေရျမဳပ္ေနပါတယ္”မင္းျပားၿမိဳ႕မွ ဦးသိန္းစံက ေျပာသည္။

မင္းျပားၿမိဳ႕နယ္ရွိ ဖံုသာေခ်ာင္းမွ ေတာင္က်ေရ အထြက္မ်ားလာသည့္အတြက္ ေခ်ာင္းအနီးရွိ ေက်းရြာမ်ားတြင္လည္း ေရျမဳပ္မႈမ်ား ျဖစ္ေပၚလာႏိုင္သည္ဟု သိရွိရသည္။

“အမွတ္ ၁ နဲ႔ အမွတ္ ၂ ရပ္ကြက္ေတြမွာေတာ့ ေရ၀င္ပါတယ္။ အႏၱရာယ္ရွိတဲ့အေနအထားေတာ့ မေရာက္ေသးပါဘူး။ ေရေတြေတာ့ မေန႕ညေန႕ တျဖည္းျဖည္း တက္လာခဲ့ပါတယ္။ အခုေတာ့ ျပန္က်ေနပါျပီ”ဟု သံတြဲၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ေၾကြေအးက နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။

ယင္းအျပင္ သံတြဲၿမိဳ႕နယ္ ေမာင္းစြဲေက်းရြာတြင္ ဇြန္လ ၁၀ ရက္ေန႔က ေလဆင္ႏွေမာင္း တိုက္ခတ္၍ အိမ္ႏွစ္ေဆာင္ ၿပိဳက်ခဲ့သည္ဟု သိရသည္။

စံေမာင္သန္း၊ စစ္ေတြ

Source : Narinjara

(Unicode Version)

မိုးရွာသွန်း၍ ရခိုင်ပြည်အဝှမ်းမှ ရေကြီးမှု အခြေအနေ

နိရဥ္စရာ၊ ဇွန် ၁၂

မိုးအဆက်မပြတ်ရာသွန်းမှုကြောင့် ရခိုင်ပြည်နယ် သံတွဲ၊ အမ်း၊ တပ်တောင်နှင့် မင်းပြားမြို့ရှိ မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။

အမ်းမြို့ပေါ် ၅ ရပ်ကွက်တွင် ရေအနည်းငယ် နစ်မြုပ်နေပြီး ၊ အမှတ် ၂ ရပ်ကွက် (ပဲပဒုံ) တွင် အိမ် ၁၀ ကျော်လောက်ရေမြုပ်နေကြောင်း၊ သို့သော် အန္တရာယ်ရှိသည့် အနေအထား မရှိသေးကြောင်း သိရသည်။

အမ်းမြို့နယ် တပ်တောင်တွင် ၊ ဘုန်းတော်ကြီးကျောင်း အနီးတစ်ဝိုက်၊ စာသင်ကျောင်း အနီးတစ်ဝိုက်နှင့် ဘောလုံးကွင်းတို့တွင် ရေအနည်းငယ် နစ်မြုပ်နေသည်ဟု သိရသည်။

“ရေမြုပ်ပြီးတော့ အိမ်ထဲအထိ ရေဝင်လာနေပါတယ်။ ကျနော်အိမ်ထဲမှာလည်း ခြေမျက်စိနားလောက်ထိ ရေမြုပ်နေပါတယ်”ဟု တပ်တောင်ဒေသခံတစ်ဦးက ပြောသည်။

မင်းပြားမြို့တွင်လည်း အောက်ရွာပိုင်း၊ ပြည်တော်သာ၊ ပြည်တော်လှ၊ မင်းဗာကြီး၊ ဥက္ကာပျံနှင့် မြို့သစ်ရပ်ကွက်များတွင် ရေမြုပ်မှုများရှိနေသည်ဟု သိရသည်။

“အိမ်တွေမြုပ်နေတာ တစ်ပေကျော်လောက်ရှိပါတယ်။ အဓိက မြေနိမ့်တဲ့ အပိုင်းတွေမှာပါ။ အထက ၁ နဲ့ အထက ၃ တို့မှာလည်း ရေမြုပ်နေပါတယ်”မင်းပြားမြို့မှ ဦးသိန်းစံက ပြောသည်။

မင်းပြားမြို့နယ်ရှိ ဖုံသာချောင်းမှ တောင်ကျရေ အထွက်များလာသည့်အတွက် ချောင်းအနီးရှိ ကျေးရွာများတွင်လည်း ရေမြုပ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရသည်။

“အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်တွေမှာတော့ ရေဝင်ပါတယ်။ အန္တရာယ်ရှိတဲ့အနေအထားတော့ မရောက်သေးပါဘူး။ ရေတွေတော့ မနေ့ညနေ့ တဖြည်းဖြည်း တက်လာခဲ့ပါတယ်။ အခုတော့ ပြန်ကျနေပါပြီ”ဟု သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းအပြင် သံတွဲမြို့နယ် မောင်းစွဲကျေးရွာတွင် ဇွန်လ ၁၀ ရက်နေ့က လေဆင်နှမောင်း တိုက်ခတ်၍ အိမ်နှစ်ဆောင် ပြိုကျခဲ့သည်ဟု သိရသည်။

စံမောင်သန်း၊ စစ်တွေ

Source : Narinjara