ျမင္းၿခံ ျပည္သူ႔ေဆး႐ံုမွ ကေလးခုိးယူခဲ့သည့္ အမ်ဳိးသမီးမွ ကေလးခိုးရျခင္း အေၾကာင္းအရင္းကိုေျပာ

ေယာက်ၤားျဖစ္သူမသိေအာင္ ကုိယ္ဝန္ရွိဟန္ေဆာင္ခဲ့ၿပီးကေလးတစ္ေယာက္လုိေနျခင္းေၾကာင့္ ကေလးခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း ျမင္းၿခံျပည္သူ႔ေဆးရုံမွ ကေလးခုိးယူခဲ့သည့္ အမ်ဳိးသမီးေျပာ

ေယာက်ၤားျဖစ္သူမသိေအာင္ကုိယ္ဝန္ရွိဟန္ေဆာင္ခဲ့ၿပီးကေလးတစ္ေယာက္လုိေနျခင္းေၾကာင့္ကေလးခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း ျမင္းၿခံျပည္သူ႔ေဆးရုံမွဦးခင္ေမာင္ဆင့္ႏွင့္မဝင္းစႏၵာတို႔၏ကေလးကုိခုိးယူထြက္ေျပးခဲ့သည့္အမ်ဳိးသမီးကေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ ျပည္သူ႕ေဆးရံုႀကီး၌ ၂၀၁၈ ဇြန္ ၁၀ရက္၊ညေန ၃နာရီတြင္ သုံးရက္သားကေလး(က်ား)ကုိခိုးယူခ့ဲမႈ ျဖစ္ပြားခ့ဲၿပီးကေလးငယ္ခိုးယူသူအားအျမန္လမ္းရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္း၍ ရွာေဖြေဖာ္ထုတ္ဖမ္းဆီးနိုင္ခ့ဲကာ ျမင္းၿခံရဲစခန္းသို႔ ၂၀၁၈ ဇြန္ ၁၁ရက္၊ညေန ၄၃၀အခ်ိန္တြင္ ျပန္လည္ေရာက္ရွိခ့ဲေၾကာင္းသိရသည္။

ျမင္းၿခံၿမိဳ႕နယ္၊ရြာစည္ေက်းရြာအုပ္စု၊သိမ္ရြာေနသူ ေပ်ာက္ဆုံးသြားေသာကေလးဖခင္ ဦးခင္ေမာင္ဆင့္က“၅.၆.၂၀၁၈ ရက္ေန႔ ေန႔လည္ ၁ နာရီေလာက္ကဇနီးျဖစ္သူမဝင္းစႏၵာ (၃၉)ႏွစ္ ကေလးမီးဖြားဖို႕ ေဆးရံုတတ္ကုသခ့ဲပါတယ္။၈.၆.၂၀၁၈ ရက္ မြန္းလႊဲ ၁၂:၁၀ အခ်ိန္ေလာက္မွာသားကေလးတစ္ဦးေမႊးဖြားခ့ဲၿပီး ေမြးခင္းစကေလးငယ္မွာအသဲေရာင္အသားဝါ ေရာဂါကာကြယ္ဖို႔ ေဆးရံုဓာတ္ကင္ခန္းမွာဓာတ္ကင္ၿပီးေဆးကုသမႈ ခံယူရပါတယ္။

၉.၆.၂၀၁၈ ခုႏွစ္ နံနက္ ၁၀:၃၀ အခ်ိန္ေလာက္မွာေတာ့ ေဆးရံုမွာမဝင္းဆိုသူနဲ႕ (ဆံပင္ဂုတ္ဝဲမ်က္ႏွာသြယ္ အသားျဖဴ ခႏၶာကိုယ္ပိန္ပါးယာဘက္အေပၚသတတ္ပါ)အမ်ိဳးသမီးနဲ႕ ခင္မင္ရင္းႏွီးခ့ဲၾကၿပီး ေမြးကင္းစကေလးငယ္ကိုကူညီလုပ္ကိုင္ျပဳစုေပးပါတယ္။

၁၀.၆.၂၀၁၈ ညေန ၃ နာရီအခ်ိန္ခန္႔မွာဓာတ္ကင္ေနရာသို႔ သြားေရာင္ထုတ္ယူေပးမည္ဟုမဝင္းမွ ေျပာသျဖင့္ ကြ်န္ေတာ္ဇနီးမဝင္းစႏၵာေသြးႏုသားႏုျဖစ္ေနလို့ ေခ်ာ္လဲမွာစိုးရိမ္ၿပီး သြားေရာက္ထုတ္ခိုင္းခဲ႕ပါတယ္။ မဝင္း ျပန္ေရာက္မလာလို႕ ဓာတ္ကင္ခန္းကိုက်ေနာ္ လိုက္ရွာတ့ဲအခါ မဝင္းကကေလးကိုေပြ႕ခ်ီထားတာေတြ႕ရၿပီး ၄င္းက ကေလးဖ်ားနာေဆာင္မွာဖုန္းအားသြင္းထား၍ သြားေရာက္ယူေဆာင္မယ္လို႕ေျပာပီးကေလးနဲ႕အတူသြားေရာက္ၿပီး ျပန္ေရာင္မလာေတာ့လို႔ လိုက္ရွာတာမဝင္းေကာကေလးေကာမေတြ႕ရေတာ့ပါဘူး။အဲဒါေၾကာင့္ ရဲစခန္းမွာတိုင္တာပါ”ဟု ေျပာၾကားခ့ဲသည္။

“ကြ်န္မက ျမင္းၿခံရထားရဲတပ္ဖြဲ႕ခြဲ (၄) တပ္ခဲြ(၁၈) တပ္စု(၂)မွ ရဲဒုတပ္ၾကပ္ ေအာင္မင္းထြန္းရဲ႕ ဇနီးပါ။အသက္ ၂၁ ႏွစ္အရြယ္ေလာက္ကေညာင္ဦးၿမိဳ႕ သာယာဝတီရပ္ကြက္ေနကိုျမင့္သူနဲ႕ အိမ္ေထာင္က်ခ့ဲၿပီးသမီးေလးေယာက္ထြန္းကားခ့ဲပါတယ္။

ကိုျမင့္သူကလြန္ခ့ဲတ့ဲဆယ္ႏွစ္ေလာက္ကဆုံးသြားခ့ဲပါၿပီ။ လြန္ခ့ဲတ့ဲသုံးႏွစ္ေလာက္ကရဲဒုတပ္ၾကပ္ ေအာင္မင္းထြန္းနဲ႕ အိမ္ေထာင္က်ၿပီး ျမင္းၿခံၿမိဳ႕ မီးရထားလိုင္းခန္းမွာေနထိုင္ခ့ဲပါတယ္။ ရဲဒုတပ္ၾကပ္နဲ႕ ကိုယ္ဝန္ရၿပီးလြန္ခ့ဲတ့ဲ ၂၀၁၇ ခုႏွစ္ က ေန႕/လေတာ့ မမွတ္မိပါဘူးေယာက်ာၤေလးတစ္ေယာက္ေမြးဖြားၿပီးငါးရက္ေလာက္အၾကာမွာေသဆုံးသြားၿပီးသားသမီးမရွိပါဘူး။သမီးႀကီး ျဖစ္သူ မ====(၁၈)ႏွစ္ မ====(၁၅)ႏွစ္တို႔ကရန္ကုန္ၿမိဳ႕မွာအိမ္ခန္းငွားရမ္းေနထိုင္ပါတယ္။တစ္ေယာက္နဲ႕ တစ္ေယာက္ အဆက္အသြယ္ မရွိပါဘူး။ သမီးငယ္ႏွစ္ဦးျဖစ္သည့္ မ==(၁၃)ႏွစ္ ႏွင့္ မ===(၁၀)ႏွစ္တို႔မွာ ၄င္းႏွင့္အတူေနထိုင္ပါတယ္။

လြန္ခ့ဲတ့ဲ ၂၀၁၇ ခုႏွစ္က (ေန႔လမမွတ္မိ)က ရန္ကုန္ၿမိဳ႕သို႕ သြားေရာက္စဥ္ သမီးလတ္ျဖစ္သူ မ===(၁၅)ႏွစ္မွ ဖုန္းျဖင့္ေတြ႔ခ်င္ေၾကာင္းေျပာလို႔ တာေမြပလာဇာေအာက္မွာေတြ႕ပါတယ္။သူ႕မွာကိုယ္ဝန္ရွိေနၿပီးဘယ္လိုလုပ္ရမွန္းမသိဘူးကိုယ္ဝန္ဖ်က္ခ်ခ်င္တယ္လို႔ေျပာေတာ့ ကြ်န္မက ကြ်န္မေယာက်ာၤးနဲ႕ ကိုယ္ဝန္ရၿပီးေယာက်ာၤးေလးတစ္ေယာက္ေမြးခ့ဲတ့ဲအေၾကာင္းေယာက်ာၤျဖစ္သူမွာယူက်ံဳးမရ ျဖစ္ေနေၾကာင္းေျပာျပၿပီးကိုယ္ဝန္ဖ်က္မခ်ဖို႔နဲ႕ ႐ရွိတ့ဲကေလးကို က်ြန္မကေလးအေနနဲ႕ ဟန္ေဆာင္မယ္လို႔ ေျပာခ့ဲပါတယ္။ကြ်န္မက ကြ်န္မေယာက်ာၤးမသိေအာင္ ကိုယ္ဝန္ပုံစံအဝတ္ေတြခ်ဳပ္ပီးကိုယ္ဝန္ရွိဟန္ေဆာင္ခ့ဲပါတယ္။ သမီးကေမြးတ့ဲကေလးကို ကြ်န္မကေလးအေနနဲ႕ ဟန္ေဆာင္ဖို႔ပါ။ တစ္ရက္က် သမီးကဖုန္းဆက္လာတယ္။တိုးေၾကာင္ကေလးကအမည္မသိလက္သည္တစ္ဦးနဲ႔ ေမြးရာကေနအေသေလးေမြးတ့ဲအေၾကာင္းေျပာပါတယ္။ကြ်န္မလည္း ႀကံရာမရျဖစ္ပီး ၅.၆.၂၀၁၈ ရက္ေန႔က မႏၲေလး-ပုဂံရထားနဲ႕ျမင္းၿခံဘူတာမွ လိုက္သြားခ့ဲတာ ၆.၆.၂၀၁၈ ရက္ေန႔ ရန္ကုန္ေရာက္ၿပီး ကြ်န္မအေမဆီသြားပါတယ္။သမီးကကေလးအေသေလးေမြးေတာ့ ကြ်န္မဟန္ေဆာင္ထားတာကေလးတစ္ေယာက္လိုေနေတာ့ အဲေန႔ကဘဲညေန ၅ နာရီေလာက္မွ သကၤန္းကြ်န္းေဆးရံုသြးၿပီးေမြးကင္းစကေလးတစ္ဦးေမြးခ်င္လို႔ လိုက္လံအကူအညီေတာင္ခ့ဲပါတယ္။မရခ့ဲပါဘူး။

ကြန္မလည္း ျမင္းၿခံေဆးရံုမွာေတာ့ ကေလးတစ္ဦးရမွာဘဲဆိုပီးရန္ကုန္-သာစည္-ပုဂံ-ျမင္းၿခံ-မႏၲေလးရထားနဲ႔ ျပန္လာခ့ဲပါတယ္။ ၉.၆.၂၀၁၈ ရက္ ေန႔လည္ ၁၂ နာရီေလာက္ ျမင္းၿခံကိုေရာက္ပီးခရိုင္ျပည္သူ႕ေဆးရံုႀကီးကိုသြားခ့ဲပါတယ္။ ဦးခင္ေမာင္ဆင့္နဲ႕ မဝင္းစႏၵာတို႔နဲ႕ ရင္းႏွီးေအာင္ သူတို႔ေမြးကင္းစကေလးကိုကူညီျပဳစုေစာင့္ေရွာက္ခ့ဲပါတယ္။၁၀ ရက္ေန႔ ညေနက် ကြ်န္မလည္းမဝင္းစႏၵာ ေသြးႏုသားႏုနဲ႕ ေခ်ာ္လဲမွာစိုးတယ္ေျပာၿပီးအသားဝါေရာဂါကာကြယ္ဖို႔ ဓာတ္ကင္ထားတဲ့ ကေလးကိုခိုးၿပီးထြက္ေျပးသြားတာပါ။ဘယ္သူကမွ ခိုင္းတာမဟူတ္ပါဘူး”ဟုကေလးငယ္အားခိုးယူသူမျမင့္ျမင့္ေမာ္မွ ေျပာၾကားသည္။

အမႈမွ ကေလးငယ္အားခိုးယူသူမျမင့္ျမင့္ေမာ္အား ျမင္းၿခံၿမိဳ႕မရဲစခန္းမွ (ပ)၃၅၃/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ ျဖင့္အမႈဖြင့္ ဖမ္းဆီးထားေၾကာင္းစုံးစမ္းသိရွိရသည္။

ဘိုဘို

Source : News Watch

(Unicode Version)

ယောကျင်္ားဖြစ်သူမသိအောင် ကိုယ်ဝန်ရှိဟန်ဆောင်ခဲ့ပြီးကလေးတစ်ယောက်လိုနေခြင်းကြောင့် ကလေးခိုးယူခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံပြည်သူ့ဆေးရုံမှ ကလေးခိုးယူခဲ့သည့် အမျိုးသမီးပြော

ယောကျင်္ားဖြစ်သူမသိအောင်ကိုယ်ဝန်ရှိဟန်ဆောင်ခဲ့ပြီးကလေးတစ်ယောက်လိုနေခြင်းကြောင့်ကလေးခိုးယူခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံပြည်သူ့ဆေးရုံမှဦးခင်မောင်ဆင့်နှင့်မဝင်းစန္ဒာတို့၏ကလေးကိုခိုးယူထွက်ပြေးခဲ့သည့်အမျိုးသမီးကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၈ ဇွန် ၁ဝရက်၊ညနေ ၃နာရီတွင် သုံးရက်သားကလေး(ကျား)ကိုခိုးယူခဲ့မှု ဖြစ်ပွားခဲ့ပြီးကလေးငယ်ခိုးယူသူအားအမြန်လမ်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကာ မြင်းခြံရဲစခန်းသို့ ၂၀၁၈ ဇွန် ၁၁ရက်၊ညနေ ၄၃ဝအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

မြင်းခြံမြို့နယ်၊ရွာစည်ကျေးရွာအုပ်စု၊သိမ်ရွာနေသူ ပျောက်ဆုံးသွားသောကလေးဖခင် ဦးခင်မောင်ဆင့်က“၅.၆.၂၀၁၈ ရက်နေ့ နေ့လည် ၁ နာရီလောက်ကဇနီးဖြစ်သူမဝင်းစန္ဒာ (၃၉)နှစ် ကလေးမီးဖွားဖို့ ဆေးရုံတတ်ကုသခဲ့ပါတယ်။၈.၆.၂၀၁၈ ရက် မွန်းလွှဲ ၁၂:၁၀ အချိန်လောက်မှာသားကလေးတစ်ဦးမွှေးဖွားခဲ့ပြီး မွေးခင်းစကလေးငယ်မှာအသဲရောင်အသားဝါ ရောဂါကာကွယ်ဖို့ ဆေးရုံဓာတ်ကင်ခန်းမှာဓာတ်ကင်ပြီးဆေးကုသမှု ခံယူရပါတယ်။

၉.၆.၂၀၁၈ ခုနှစ် နံနက် ၁၀:၃၀ အချိန်လောက်မှာတော့ ဆေးရုံမှာမဝင်းဆိုသူနဲ့ (ဆံပင်ဂုတ်ဝဲမျက်နှာသွယ် အသားဖြူ ခန္ဓာကိုယ်ပိန်ပါးယာဘက်အပေါ်သတတ်ပါ)အမျိုးသမီးနဲ့ ခင်မင်ရင်းနှီးခဲ့ကြပြီး မွေးကင်းစကလေးငယ်ကိုကူညီလုပ်ကိုင်ပြုစုပေးပါတယ်။

၁၀.၆.၂၀၁၈ ညနေ ၃ နာရီအချိန်ခန့်မှာဓာတ်ကင်နေရာသို့ သွားရောင်ထုတ်ယူပေးမည်ဟုမဝင်းမှ ပြောသဖြင့် ကျွန်တော်ဇနီးမဝင်းစန္ဒာသွေးနုသားနုဖြစ်နေလို့ ချော်လဲမှာစိုးရိမ်ပြီး သွားရောက်ထုတ်ခိုင်းခဲ့ပါတယ်။ မဝင်း ပြန်ရောက်မလာလို့ ဓာတ်ကင်ခန်းကိုကျနော် လိုက်ရှာတဲ့အခါ မဝင်းကကလေးကိုပွေ့ချီထားတာတွေ့ရပြီး ၄င်းက ကလေးဖျားနာဆောင်မှာဖုန်းအားသွင်းထား၍ သွားရောက်ယူဆောင်မယ်လို့ပြောပီးကလေးနဲ့အတူသွားရောက်ပြီး ပြန်ရောင်မလာတော့လို့ လိုက်ရှာတာမဝင်းကောကလေးကောမတွေ့ရတော့ပါဘူး။အဲဒါကြောင့် ရဲစခန်းမှာတိုင်တာပါ”ဟု ပြောကြားခဲ့သည်။

“ကျွန်မက မြင်းခြံရထားရဲတပ်ဖွဲ့ခွဲ (၄) တပ်ခွဲ(၁၈) တပ်စု(၂)မှ ရဲဒုတပ်ကြပ် အောင်မင်းထွန်းရဲ့ ဇနီးပါ။အသက် ၂၁ နှစ်အရွယ်လောက်ကညောင်ဦးမြို့ သာယာဝတီရပ်ကွက်နေကိုမြင့်သူနဲ့ အိမ်ထောင်ကျခဲ့ပြီးသမီးလေးယောက်ထွန်းကားခဲ့ပါတယ်။

ကိုမြင့်သူကလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဆုံးသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကရဲဒုတပ်ကြပ် အောင်မင်းထွန်းနဲ့ အိမ်ထောင်ကျပြီး မြင်းခြံမြို့ မီးရထားလိုင်းခန်းမှာနေထိုင်ခဲ့ပါတယ်။ ရဲဒုတပ်ကြပ်နဲ့ ကိုယ်ဝန်ရပြီးလွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် က နေ့/လတော့ မမှတ်မိပါဘူးယောကျာင်္လေးတစ်ယောက်မွေးဖွားပြီးငါးရက်လောက်အကြာမှာသေဆုံးသွားပြီးသားသမီးမရှိပါဘူး။သမီးကြီး ဖြစ်သူ မ====(၁၈)နှစ် မ====(၁၅)နှစ်တို့ကရန်ကုန်မြို့မှာအိမ်ခန်းငှားရမ်းနေထိုင်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မရှိပါဘူး။ သမီးငယ်နှစ်ဦးဖြစ်သည့် မ==(၁၃)နှစ် နှင့် မ===(၁၀)နှစ်တို့မှာ ၄င်းနှင့်အတူနေထိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က (နေ့လမမှတ်မိ)က ရန်ကုန်မြို့သို့ သွားရောက်စဉ် သမီးလတ်ဖြစ်သူ မ===(၁၅)နှစ်မှ ဖုန်းဖြင့်တွေ့ချင်ကြောင်းပြောလို့ တာမွေပလာဇာအောက်မှာတွေ့ပါတယ်။သူ့မှာကိုယ်ဝန်ရှိနေပြီးဘယ်လိုလုပ်ရမှန်းမသိဘူးကိုယ်ဝန်ဖျက်ချချင်တယ်လို့ပြောတော့ ကျွန်မက ကျွန်မယောကျာင်္းနဲ့ ကိုယ်ဝန်ရပြီးယောကျာင်္းလေးတစ်ယောက်မွေးခဲ့တဲ့အကြောင်းယောကျာင်္ဖြစ်သူမှာယူကျုံးမရ ဖြစ်နေကြောင်းပြောပြပြီးကိုယ်ဝန်ဖျက်မချဖို့နဲ့ ရရှိတဲ့ကလေးကို ကျွန်မကလေးအနေနဲ့ ဟန်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။ကျွန်မက ကျွန်မယောကျာင်္းမသိအောင် ကိုယ်ဝန်ပုံစံအဝတ်တွေချုပ်ပီးကိုယ်ဝန်ရှိဟန်ဆောင်ခဲ့ပါတယ်။ သမီးကမွေးတဲ့ကလေးကို ကျွန်မကလေးအနေနဲ့ ဟန်ဆောင်ဖို့ပါ။ တစ်ရက်ကျ သမီးကဖုန်းဆက်လာတယ်။တိုးကြောင်ကလေးကအမည်မသိလက်သည်တစ်ဦးနဲ့ မွေးရာကနေအသေလေးမွေးတဲ့အကြောင်းပြောပါတယ်။ကျွန်မလည်း ကြံရာမရဖြစ်ပီး ၅.၆.၂၀၁၈ ရက်နေ့က မန္တလေး-ပုဂံရထားနဲ့မြင်းခြံဘူတာမှ လိုက်သွားခဲ့တာ ၆.၆.၂၀၁၈ ရက်နေ့ ရန်ကုန်ရောက်ပြီး ကျွန်မအမေဆီသွားပါတယ်။သမီးကကလေးအသေလေးမွေးတော့ ကျွန်မဟန်ဆောင်ထားတာကလေးတစ်ယောက်လိုနေတော့ အဲနေ့ကဘဲညနေ ၅ နာရီလောက်မှ သင်္ကန်းကျွန်းဆေးရုံသွးပြီးမွေးကင်းစကလေးတစ်ဦးမွေးချင်လို့ လိုက်လံအကူအညီတောင်ခဲ့ပါတယ်။မရခဲ့ပါဘူး။

ကွန်မလည်း မြင်းခြံဆေးရုံမှာတော့ ကလေးတစ်ဦးရမှာဘဲဆိုပီးရန်ကုန်-သာစည်-ပုဂံ-မြင်းခြံ-မန္တလေးရထားနဲ့ ပြန်လာခဲ့ပါတယ်။ ၉.၆.၂၀၁၈ ရက် နေ့လည် ၁၂ နာရီလောက် မြင်းခြံကိုရောက်ပီးခရိုင်ပြည်သူ့ဆေးရုံကြီးကိုသွားခဲ့ပါတယ်။ ဦးခင်မောင်ဆင့်နဲ့ မဝင်းစန္ဒာတို့နဲ့ ရင်းနှီးအောင် သူတို့မွေးကင်းစကလေးကိုကူညီပြုစုစောင့်ရှောက်ခဲ့ပါတယ်။၁၀ ရက်နေ့ ညနေကျ ကျွန်မလည်းမဝင်းစန္ဒာ သွေးနုသားနုနဲ့ ချော်လဲမှာစိုးတယ်ပြောပြီးအသားဝါရောဂါကာကွယ်ဖို့ ဓာတ်ကင်ထားတဲ့ ကလေးကိုခိုးပြီးထွက်ပြေးသွားတာပါ။ဘယ်သူကမှ ခိုင်းတာမဟူတ်ပါဘူး”ဟုကလေးငယ်အားခိုးယူသူမမြင့်မြင့်မော်မှ ပြောကြားသည်။

အမှုမှ ကလေးငယ်အားခိုးယူသူမမြင့်မြင့်မော်အား မြင်းခြံမြို့မရဲစခန်းမှ (ပ)၃၅၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့်အမှုဖွင့် ဖမ်းဆီးထားကြောင်းစုံးစမ်းသိရှိရသည်။

ဘိုဘို

Source : News Watch