

၁၂-၆-၂၀၁၈ / ညနေ (၅း၅၀) နာရီ။










Source : NASA

ဒေါက်တာထွန်းလွင်

(Unicode Version)

မြန်မာနိုင်ငံရဲ့ လက်ရှိ ရာသီဥတု ဘေးအန္တရာယ် အခြေအနေ

၁၂-၆-၂၀၁၈ / ညနေ (၅း၅၀) နာရီ။

(၁) (၁၂-၆-၂၀၁၈) ရက် နံနက် (၉) နာရီခွဲအထိ လွန်ခဲ့တဲ့ (၃) ရက်အတွင်း မိုးသည်းထန်ခဲ့တဲ့ ဒေသများ

မိုးရေချိန် (၁၀) လက်မ အထက် – ရခိုင်ပြည်နယ်၊ မကွေးတိုင်း အနောက်တောင်ပိုင်း

မိုးရေချိန် (၈) လက်မမှ (၁၀) လက်မ – ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊

မိုးရေချိန် (၆) လက်မမှ (၈) လက်မ – ကချင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်

(၂) (၁၂-၆-၂၀၁၈) ရက် နံနက် (၉) နာရီခွဲအထိ ရေဖုံးလွှမ်းခံရမှု အန္တရာယ်ရှိသော ဒေသများ

အန္တရာယ် အသင့်အတင့်မှ မြင့်မားနေသော ဒေသများ – ရခိုင်ပြည်နယ်၊ မကွေးတိုင်း အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်း

အန္တရာယ် အနည်းငယ် ဖြစ်ပေါ်နေသော ဒေသများ – ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ မကွေးတိုင်းအရှေ့ပိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်းဒေသအချို့

(၃) မြေပြိုမှု အန္တရာယ်ရှိသော ဒေသများ ခန့်မှန်းချက်

မြေပြိုမှု အလားအလာ ရှိနေသော ဒေသများ – ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း အနောက်တောင်ပိုင်း၊ ချင်းပြည်နယ်-ဘင်္ဂလားဒေ့ရှ်နယ်စပ်

Source : NASA

ဒေါက်တာထွန်းလွင်

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်