မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔ၿမိဳ႕ လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူမ်ားကို ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕က (၂၄) နာရီအတြင္း ေဖာ္ထုတ္ ဖမ္းဆီးရမိ

မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔ၿမိဳ႕ လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူမ်ားကို ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕က (၂၄) နာရီအတြင္း ေဖာ္ထုတ္ ဖမ္းဆီးရမိ

ရန္ကုန္၊ ဇြန္ ၁၂

၁၁.၆.၂၀၁၈ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔ၿမိဳ႕၊ ေရႊနံ႕သာေက်းရြာ၊ ႏွင္းဆီလမ္းမေပၚတြင္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသူ အမည္မသိ အမ်ိဳးသား တစ္ဦးကို ေသဆံုးေအာင္ ျပဳလုပ္သည့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕က (၂၄) နာရီအတြင္း သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယင္းေန႔ ညေန ၃ နာရီအခ်ိန္တြင္ ေထာက္ၾကန္႔နယ္ေျမ ရဲစခန္းမွဴး တာ၀န္ထမ္းေဆာင္ေနစဥ္ မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔ၿမိဳ႕၊ ေရႊနံ႔သာေက်းရြာ ႏွင္းဆီးလမ္းမေပၚတြင္ အမ်ိဳးသားတစ္ဦး ေသဆံုးေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ အမည္ႏွင့္ ေနရပ္လိပ္စာ (စိစစ္ဆဲ) အသက္ (၂၅)ႏွစ္ခန္႔ရွိ အမ်ိဳးသားမွာ ယာဘက္ရင္ညႊန္႔ လက္မ၀က္ခန္႔ ထိုးသြင္းဒဏ္ရာ (၁) ခ်က္၊ ဦးေခါင္း ငယ္ထိပ္ေဘး (၁) လက္မခန္႔ ေပါက္ၿပဲဒဏ္ရာ တစ္ခ်က္၊ အေပၚႏႈတ္ခမ္း အထက္ ယာဘက္တစ္လက္မခန္႔ ျပတ္ရွဒဏ္ရာ (၁) ခ်က္တို႔ျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရွိရ၍ ေသဆံုးေအာင္ ျပဳလုပ္သူအား အေရးယူေပးရန္ တိုင္တန္းသျဖင့္ ေထာက္ၾကန္႔နယ္ေျမရဲစခန္း(ပ)၆၂၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ ေရးဖြင့္ေဆာင္ရြက္ ခဲ့ပါသည္။

ေသဆံုးသူအား မည္သူ၊ မည္၀ါျဖစ္ေၾကာင္း သိရွိႏိုင္ေရးအတြက္ Yangon Police Facebook လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ကူညီ သတင္းေပးႏိုင္ေရး ေဖာ္ျပခဲ့ရာ ယင္းေန႔ ည ၂၃း၀၀ နာရီ အခ်ိန္တြင္ ေသဆံုးသူ၏ ဇနီးျဖစ္သူမွ ေသဆံုးသူမွာ ၎၏ခင္ပြန္း ကိုသီဟေက်ာ္(ခ)ဖိုးသာထူး၊ (၂၆)ႏွစ္ျဖစ္ေၾကာင္း အတည္ျပဳသိ ရွိခဲ့ရပါသည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕မွဴးက အမႈမွန္အျမန္ ေပၚေပါက္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕ မွဴးရံုးရွိ မႈခင္း ေဖာ္ထုတ္ေရး တပ္ဖဲြ႕၀င္မ်ား၊ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖဲြ႕၀င္မ်ား ပါ၀င္ေသာ အထူးအမႈစစ္အဖဲြ႕အား ဖဲြ႕စည္းၿပီး အထူးအမႈစစ္အဖဲြ႕မွ အခင္းျဖစ္ရပ္အား စစ္ေဆးခဲ့ရာ အခင္းျဖစ္ေနရာ အနီး၌ တိတ္အမဲပတ္လ်က္ အရိုး အသြား (၈)လက္မခန္႔ရွိ စတီး တူခၽြန္တစ္ေခ်ာင္းအား ေတြ႕ရွိရၿပီး အဆိုပါလက္နက္အား အသံုးျပဳတတ္သူမ်ားမွာ လြန္ခဲ့ေသာ (၃) လခန္႔က လုယက္မႈျဖင့္ ေထာင္မွလြတ္လာသူ ရဲႏိုင္လင္း(ခ)ကရင္၊ ႏိုင္လင္းထြန္း၊ ဖိုးလျပည့္(ခ)လျပည့္တို႔ (၃)ဦးမွာ ယင္းစတီးတူအား ခၽြန္ထားသည့္ ပိုက္ခၽြန္လက္နက္ကို ကိုင္ေဆာင္သြားလာတတ္ေၾကာင္း သတင္းအစ ရရွိခဲ့ပါသည္။

ရရွိသည့္ သတင္းစအေပၚ အေျခခံ၍ ရဲတပ္ဖဲြ႕၀င္မ်ားက ၎တို႔ (၃) ဦးအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ခဲ့ရာ ၁၂.၆.၂၀၁၈ ရက္ေန႔ ေန႔လယ္ ၁၂း၄၅ နာရီအခ်ိန္တြင္ မဂၤလာဒံုၿမိဳ႕နယ္၊ ေရႊနံ႔သာ ေက်းရြာအုပ္စု၊ ပုလဲ (၂) ရပ္ကြက္၊ ဂႏၶမာလမ္းရွိ လက္ဘက္ရည္ဆိုင္၌ ဖိုးလျပည့္(ခ)လျပည့္၊ (၂၇) ႏွစ္၊ (ဘ)ဦးၾကည္၀င္း၊ ရဲႏိုင္လင္း (ခ)ကရင္၊ (၂၄) ႏွစ္၊ (ဘ)ဦးျမေအးႏွင့္ ႏိုင္လင္းထြန္း၊ (၂၁)ႏွစ္၊ (ဘ)ဦးထြန္းထြန္းတို႔ (၃) ဦးအား ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူမ်ားအား စစ္ေဆးရာ ၁၁.၆.၂၀၁၈ ရက္ေန႔ နံနက္ပိုင္းတြင္ ဖိုးလျပည့္(ခ)လျပည့္မွ ဆိုင္ကယ္၀ယ္ရန္ ေငြလိုေၾကာင္းေျပာသျဖင့္ ၎တို႔ (၃)ဦး ဆိုင္ကယ္လုယက္ရန္ တိုင္ပင္ခဲ့ၾကၿပီး ေလးေထာင့္ကန္ (၃) လမ္းေန သန္းေဇာ္၀င္းထံမွ Canda CZI -125 ဆိုင္ကယ္အား ေငြ (၅၀၀၀) က်ပ္ျဖင့္ ငွားရမ္းခဲ့ၿပီး ေမာင္းႏွင္ခဲ့ရာ က်ိဳကၠလဲ့ဘုရားေရွ႕ ဆိုင္ကယ္ ကယ္ရီဂိတ္သို႔ ေရာက္ရွိခဲ့ရာ ဖိုးလျပည့္(ခ) လျပည့္ မွေသဆံုးသူ၏ ဆိုင္ကယ္အား ေငြက်ပ္ (၃၀၀၀) ျဖင့္ တိုက္ဂါးဘီယာ စက္ရံုဘက္သို႔ လိုက္ပို႔ေပးရန္ ငွားရမ္းခဲ့ရာ ၎ဆိုင္ကယ္ေနာက္မွ ႏိုင္လင္းထြန္းႏွင့္ ရဲႏိုင္လင္း(ခ)ကရင္တို႔က ငွားရမ္းစီးနင္းလာသည့္ ဆိုင္ကယ္ျဖင့္ လိုက္ပါလာခဲ့ေၾကာင္း၊

တိုက္ဂါးဘီယာ စက္ရံုလမ္းၾကားအေရာက္ ဖိုးလျပည့္မွ ပိုက္ဆံမပါေသးေၾကာင္း၊ ရဲႏိုင္လင္းထံလိုက္ယူရမည္ျဖစ္ေၾကာင္း ေျပာဆို၍ ေရႊနံ႔သာေက်းရြာရွိ လူျပတ္သည့္လမ္းၾကား အေရာက္၌ ႏိုင္လင္းထြန္းႏွင့္ ရဲႏိုင္လင္းတို႔ (၂)ဦး ေရာက္ရွိလာၿပီး ဆိုင္ကယ္အား လုယူၿပီး ႏိုင္လင္းထြန္းမွ စတီးရိုးတပ္ ကတ္ေၾကးတစ္ဘက္ခၽြန္ျဖင့္ ထိုးခဲ့ၿပီး့ ေသဆံုးသူ၏ ဆိုင္ကယ္ Honda wave-125 ဆိုက္ကယ္အား လုယူကာ ေမာင္းႏွင္လာခဲ့ၿပီး ဆိုင္ကယ္အား ရဲႏိုင္လင္း(ခ)ကရင္၏ ေနအိမ္ေနာက္ဘက္တြင္ ၀ွက္သိမ္းထားေၾကာင္း စစ္ေဆးေပၚေပါက္သည္။

ေပၚေပါက္ခ်က္မ်ားအရ လုယက္ယူေဆာင္သြားသည့္ Honda wave-125 ဆိုက္ကယ္အား ရဲႏိုင္လင္း(ခ)ကရင္ ၏ ေနအိမ္ေနာက္ေဖးမွ လည္းေကာင္း၊ လုယက္ရာတြင္အသံုးျပဳသည့္ Canda CZI -125 ဆိုင္ကယ္အား သန္းေဇာ္၀င္းထံမွလည္းေကာင္း၊ ေသဆံုးသူ ကိုင္ေဆာင္သည့္ Huawei အျဖဴေရာင္ လက္ကိုင္ဖုန္းအား အခင္း ျဖစ္ေနရာအနီးရွိ ေရေျမာင္းအတြင္းမွလည္းေကာင္း၊ ျပစ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳသည့္ အနီေရာင္တိတ္ပတ္ လ်က္ စတီးရိုးတပ္ကတ္ေၾကး တစ္ဘက္ခၽြန္အား အခင္းျဖစ္ေနရာ အနီးရွိ ေရေျမာင္းအစပ္တြင္လည္းေကာင္း၊ စတီးတူခၽြန္အား အခင္းျဖစ္လမ္းမေပၚမွလည္းေကာင္း အသီးသီး သိမ္းဆည္းရမိခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္သူ ႏိုင္လင္းထြန္းပါ (၃)ဦးတို႔အား အျခားလုသတ္ၿပီး လုယက္မႈမ်ား က်ဴးလြန္ထားျခင္း ရွိ မရွိ တိုက္ဆိုင္စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္ျပစ္ဒဏ္ ရရွိေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

Source : Yangon Police

(Unicode Version)

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၂၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၁၂

၁၁.၆.၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ၊ နှင်းဆီလမ်းမပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသူ အမည်မသိ အမျိုးသား တစ်ဦးကို သေဆုံးအောင် ပြုလုပ်သည့် ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၂၄) နာရီအတွင်း သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီအချိန်တွင် ထောက်ကြန့်နယ်မြေ ရဲစခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ နှင်းဆီးလမ်းမပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အမည်နှင့် နေရပ်လိပ်စာ (စိစစ်ဆဲ) အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသားမှာ ယာဘက်ရင်ညွှန့် လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဦးခေါင်း ငယ်ထိပ်ဘေး (၁) လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ အပေါ်နှုတ်ခမ်း အထက် ယာဘက်တစ်လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ သေဆုံးအောင် ပြုလုပ်သူအား အရေးယူပေးရန် တိုင်တန်းသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၆၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရေးဖွင့်ဆောင်ရွက် ခဲ့ပါသည်။

သေဆုံးသူအား မည်သူ၊ မည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေးအတွက် Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာတွင် ကူညီ သတင်းပေးနိုင်ရေး ဖော်ပြခဲ့ရာ ယင်းနေ့ ည ၂၃းဝ၀ နာရီ အချိန်တွင် သေဆုံးသူ၏ ဇနီးဖြစ်သူမှ သေဆုံးသူမှာ ၎င်း၏ခင်ပွန်း ကိုသီဟကျော်(ခ)ဖိုးသာထူး၊ (၂၆)နှစ်ဖြစ်ကြောင်း အတည်ပြုသိ ရှိခဲ့ရပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အမှုမှန်အမြန် ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးရှိ မှုခင်း ဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော အထူးအမှုစစ်အဖွဲ့အား ဖွဲ့စည်းပြီး အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်အား စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာ အနီး၌ တိတ်အမဲပတ်လျက် အရိုး အသွား (၈)လက်မခန့်ရှိ စတီး တူချွန်တစ်ချောင်းအား တွေ့ရှိရပြီး အဆိုပါလက်နက်အား အသုံးပြုတတ်သူများမှာ လွန်ခဲ့သော (၃) လခန့်က လုယက်မှုဖြင့် ထောင်မှလွတ်လာသူ ရဲနိုင်လင်း(ခ)ကရင်၊ နိုင်လင်းထွန်း၊ ဖိုးလပြည့်(ခ)လပြည့်တို့ (၃)ဦးမှာ ယင်းစတီးတူအား ချွန်ထားသည့် ပိုက်ချွန်လက်နက်ကို ကိုင်ဆောင်သွားလာတတ်ကြောင်း သတင်းအစ ရရှိခဲ့ပါသည်။

ရရှိသည့် သတင်းစအပေါ် အခြေခံ၍ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ (၃) ဦးအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ ၁၂.၆.၂၀၁၈ ရက်နေ့ နေ့လယ် ၁၂း၄၅ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ ပုလဲ (၂) ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ လက်ဘက်ရည်ဆိုင်၌ ဖိုးလပြည့်(ခ)လပြည့်၊ (၂၇) နှစ်၊ (ဘ)ဦးကြည်ဝင်း၊ ရဲနိုင်လင်း (ခ)ကရင်၊ (၂၄) နှစ်၊ (ဘ)ဦးမြအေးနှင့် နိုင်လင်းထွန်း၊ (၂၁)နှစ်၊ (ဘ)ဦးထွန်းထွန်းတို့ (၃) ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၁၁.၆.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖိုးလပြည့်(ခ)လပြည့်မှ ဆိုင်ကယ်ဝယ်ရန် ငွေလိုကြောင်းပြောသဖြင့် ၎င်းတို့ (၃)ဦး ဆိုင်ကယ်လုယက်ရန် တိုင်ပင်ခဲ့ကြပြီး လေးထောင့်ကန် (၃) လမ်းနေ သန်းဇော်ဝင်းထံမှ Canda CZI -125 ဆိုင်ကယ်အား ငွေ (၅၀၀၀) ကျပ်ဖြင့် ငှားရမ်းခဲ့ပြီး မောင်းနှင်ခဲ့ရာ ကျိုက္ကလဲ့ဘုရားရှေ့ ဆိုင်ကယ် ကယ်ရီဂိတ်သို့ ရောက်ရှိခဲ့ရာ ဖိုးလပြည့်(ခ) လပြည့် မှသေဆုံးသူ၏ ဆိုင်ကယ်အား ငွေကျပ် (၃၀၀၀) ဖြင့် တိုက်ဂါးဘီယာ စက်ရုံဘက်သို့ လိုက်ပို့ပေးရန် ငှားရမ်းခဲ့ရာ ၎င်းဆိုင်ကယ်နောက်မှ နိုင်လင်းထွန်းနှင့် ရဲနိုင်လင်း(ခ)ကရင်တို့က ငှားရမ်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ကြောင်း၊

တိုက်ဂါးဘီယာ စက်ရုံလမ်းကြားအရောက် ဖိုးလပြည့်မှ ပိုက်ဆံမပါသေးကြောင်း၊ ရဲနိုင်လင်းထံလိုက်ယူရမည်ဖြစ်ကြောင်း ပြောဆို၍ ရွှေနံ့သာကျေးရွာရှိ လူပြတ်သည့်လမ်းကြား အရောက်၌ နိုင်လင်းထွန်းနှင့် ရဲနိုင်လင်းတို့ (၂)ဦး ရောက်ရှိလာပြီး ဆိုင်ကယ်အား လုယူပြီး နိုင်လင်းထွန်းမှ စတီးရိုးတပ် ကတ်ကြေးတစ်ဘက်ချွန်ဖြင့် ထိုးခဲ့ပြီး့ သေဆုံးသူ၏ ဆိုင်ကယ် Honda wave-125 ဆိုက်ကယ်အား လုယူကာ မောင်းနှင်လာခဲ့ပြီး ဆိုင်ကယ်အား ရဲနိုင်လင်း(ခ)ကရင်၏ နေအိမ်နောက်ဘက်တွင် ဝှက်သိမ်းထားကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ပေါ်ပေါက်ချက်များအရ လုယက်ယူဆောင်သွားသည့် Honda wave-125 ဆိုက်ကယ်အား ရဲနိုင်လင်း(ခ)ကရင် ၏ နေအိမ်နောက်ဖေးမှ လည်းကောင်း၊ လုယက်ရာတွင်အသုံးပြုသည့် Canda CZI -125 ဆိုင်ကယ်အား သန်းဇော်ဝင်းထံမှလည်းကောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် Huawei အဖြူရောင် လက်ကိုင်ဖုန်းအား အခင်း ဖြစ်နေရာအနီးရှိ ရေမြောင်းအတွင်းမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အနီရောင်တိတ်ပတ် လျက် စတီးရိုးတပ်ကတ်ကြေး တစ်ဘက်ချွန်အား အခင်းဖြစ်နေရာ အနီးရှိ ရေမြောင်းအစပ်တွင်လည်းကောင်း၊ စတီးတူချွန်အား အခင်းဖြစ်လမ်းမပေါ်မှလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ နိုင်လင်းထွန်းပါ (၃)ဦးတို့အား အခြားလုသတ်ပြီး လုယက်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source : Yangon Police