ဆြမ္းဘုန္းေပးခါနီး အုန္းေမာင္းေခါက္တာ ဘာေၾကာင့္လဲ

ဂ်ပန္ေခတ္က ျဖစ္သည္ စစ္ကိုင္းေတာင္ရိုး မဂၤလာေစတီေခ်ာင္သို႔ ဂ်ပန္အရာရွိ တစ္ဦးႏွင့္ စကားျပန္တစ္ဦး ေရာက္လာ၏။ ဆြမ္းစားခ်ိန္ ျဖစ္ေသာေၾကာင့္ ေၾကးေမာင္းထိုး တံုးေခါက္ရာ ဂ်ပန္အရာရွိက ဘာလုပ္တာလဲ ဟုေမး၏။

စကားျပန္က ဆြမ္းစားမွာမို႔ ေၾကးေမာင္းထိုး တံုးေခါက္ျခင္းျဖစ္ေၾကာင္း ရွင္းျပရာ ဂ်ပန္အရာရွိႀကီးက ”ဒီဘုန္းႀကီးေတြ သူမ်ားလွဴတဲ့ဆြမ္း စားတာေတာင္ ဒီလို ေၾကးေမာင္းေတြ တံုးေတြေခါက္ၿပီး စားရင္ ကိုယ့္ဖာသာ ရွာစားရင္ေတာ့ အေျမာက္ေဖာက္ၿပီးမ်ား စားမလား မသိဘူး” ဟု မွတ္ခ်က္ျပဳသတဲ့။

ထိုမွတ္ခ်က္ကို စကားျပန္က မဂၤလာေစတီဆရာေတာ္ႀကီးအား ေလွ်ာက္ထားရာ ဆရာေတာ္ႀကီးက ”ဘုန္းႀကီးတို႔ ဒီလိုေၾကးေမာင္းထိုး တံုးေတြ ေခါက္ၿပီးစားတာဟာ ၾကြားခ်င္လို႔ မဟုတ္ဘူး။ ဒီအနီးအနားမွာ ဘုရားဖူး ခရီးသြား သံဃာေတာ္ေတြ ဆြမ္းမျပည့္စံုေသးရင္ ဒီေနရာမွာ ဆြမ္း ဆြမ္းဟင္း အျပည့္အစံု ရွိပါတယ္၊ ဆြမ္းစား ၾကြေတာ္မူၾကပါလို႔ အသိေပး ဖိတ္ၾကားတာ ျဖစ္​တဲ့အျပင္​ ေနာက္​ၿပီး​ေတာ့ ႐ြာ​ေတြက ဆြမ္း ဆြမ္​းဟင္​​း ​ေလာင္​းလွဴ​ၾကေသာ ဆြမ္​ဒါယိကာ ဆြမ္​းဒါယိကာမ မ်ားအ​ေနျဖင့္​့ မိမိတို႔လွဴလိုက္​တဲ့ ဆြမ္​း ခဲဘြယ္တို႔ကို ​ဆရာ​ေတာ္​ သံဃာ​ေတာ္​မ်ား ဘုန္​း​ေပး သံုး​ေဆာင္​​ေတာ့မွာ ျဖစ္​တဲ့အတြက္​ အလွဴရွင္​မ်ားအ​ေနျဖင္​့ ​ေကာင္​းမႈကုသိုလ္​ အစုစုအတြက္​ သာဓုအႏု​ေမာဒနာ ​ေခၚဆိုနိုင္​ဘို႔ျဖစ္​တယ္​ တကာ” ဟု ရွင္းျပ၏။

ဆရာေတာ္ႀကီး ရွင္းျပတာကို နားေထာင္၍ ဂ်ပန္အရာရွိႀကီးက နားလည္ သေဘာက်သည့္ အေနျဖင့္ အႀကိမ္ႀကိမ္ အေလးျပဳသြားသည္ဟူ၏။

ေပးလိုသည့္ မွတ္ခ်က္မွာ ခရီးသြား ဆရာေတာ္သံဃာေတာ္တို႔ အေနျဖင့္ ဆြမ္းဘုဥ္းခ်ိန္ေရာက္လွ်င္ စားေသာက္ဆိုင္မ်ား ဝင္၍ အကုန္အက်ခံ ဘုဥ္းေပးေတာ္ မမူၾကပါႏွင့္၊ သိသိ မသိသိ ဆြမ္းစားခ်ိန္ ေၾကးေမာင္းထိုး တံုးေခါက္ေသာ ေက်ာင္းတိုက္မ်ားသို႔သာ ဝင္ေရာက္ ဘုဥ္းေပးေတာ္မူၾကပါ။ ၎ေၾကးေမာင္းသံ တံုးေခါက္သံတို႔သည္ အရွင္ဘုရားတို႔အား ဆြမ္းစားပင့္ျခင္းပင္ ျဖစ္ပါေပ၏။

AshinTe jawtara မွ ကူးယူေဖာ္ျပသည္။

(Unicode Version)

ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းခေါက်တာ ဘာကြောင့်လဲ

ဂျပန်ခေတ်က ဖြစ်သည် စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့ ဂျပန်အရာရှိ တစ်ဦးနှင့် စကားပြန်တစ်ဦး ရောက်လာ၏။ ဆွမ်းစားချိန် ဖြစ်သောကြောင့် ကြေးမောင်းထိုး တုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏။

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုး တုံးခေါက်ခြင်းဖြစ်ကြောင်း ရှင်းပြရာ ဂျပန်အရာရှိကြီးက ”ဒီဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်း စားတာတောင် ဒီလို ကြေးမောင်းတွေ တုံးတွေခေါက်ပြီး စားရင် ကိုယ့်ဖာသာ ရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့။

ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာ ဆရာတော်ကြီးက ”ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီးစားတာဟာ ကြွားချင်လို့ မဟုတ်ဘူး။ ဒီအနီးအနားမှာ ဘုရားဖူး ခရီးသွား သံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်း အပြည့်အစုံ ရှိပါတယ်၊ ဆွမ်းစား ကြွတော်မူကြပါလို့ အသိပေး ဖိတ်ကြားတာ ဖြစ်​တဲ့အပြင်​ နောက်​ပြီး​တော့ ရွာ​တွေက ဆွမ်း ဆွမ်​းဟင်​​း ​လောင်​းလှူ​ကြသော ဆွမ်​ဒါယိကာ ဆွမ်​းဒါယိကာမ များအ​နေဖြင့်​့ မိမိတို့လှူလိုက်​တဲ့ ဆွမ်​း ခဲဘွယ်တို့ကို ​ဆရာ​တော်​ သံဃာ​တော်​များ ဘုန်​း​ပေး သုံး​ဆောင်​​တော့မှာ ဖြစ်​တဲ့အတွက်​ အလှူရှင်​များအ​နေဖြင်​့ ​ကောင်​းမှုကုသိုလ်​ အစုစုအတွက်​ သာဓုအနု​မောဒနာ ​ခေါ်ဆိုနိုင်​ဘို့ဖြစ်​တယ်​ တကာ” ဟု ရှင်းပြ၏။

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ ဂျပန်အရာရှိကြီးက နားလည် သဘောကျသည့် အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်ဟူ၏။

ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတော်သံဃာတော်တို့ အနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင် စားသောက်ဆိုင်များ ဝင်၍ အကုန်အကျခံ ဘုဉ်းပေးတော် မမူကြပါနှင့်၊ သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုး တုံးခေါက်သော ကျောင်းတိုက်များသို့သာ ဝင်ရောက် ဘုဉ်းပေးတော်မူကြပါ။ ၎င်းကြေးမောင်းသံ တုံးခေါက်သံတို့သည် အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင် ဖြစ်ပါပေ၏။

AshinTe jawtara မှ ကူးယူဖော်ပြသည်။