ျဖဴစင္သန္႔ေရႊဆုိင္ အႏုၾကမ္းစီးကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ တရားခံအား (၃၆) နာရီအတြင္း ဖမ္းဆီးရမိ

ျဖဴစင္သန္႔ေရႊဆုိင္ အႏုၾကမ္းစီးကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ တရားခံအား (၃၆) နာရီအတြင္း ဖမ္းဆီးရမိ

ေကာ့ကရိတ္ ဇြန္ ၁၂

၂၀၁၈ခုႏွစ္ ဇြန္ ၁၀ရက္ ေန႔လည္ပုိင္းတြင္ ေကာ့ကရိတ္ၿမိဳ႕ ျဖဴစင္သန္႔ေရႊဆုိင္တြင္ အႏုၾကမ္းစီးၿပီး ပုိင္ရွင္အား ေသနတ္ျဖင့္ပစ္ခတ္ခ႔ဲေၾကာင္း သတင္းအရ ေကာ့ကရိတ္ခရုိင္ ရဲတပ္ဖြဲ႔မွဴးဦးစီး၍ ပစ္မႈတရားခံအား ဖမ္းစီးရမိေရး ေဆာင္ရြက္လ်က္ ရွိပါသည္။

သုိ႔ျဖစ္ပါ၍ ပူးေပါင္းအဖြ႔ဲမွ ပတ္ဝန္းက်င္အား ေမးျမန္းစုံစမ္းခ်က္အရ ေလာင္းကစားမႈမ်ားႏွင့္ အျခားတရားမဝင္ လုပ္ငန္းမ်ားတြင္ သိန္းေပါင္းမ်ားစြာ ေငြးေၾကး သုံးစြဲႏုိ္င္သူတုိ႔အား စုံစမ္းခဲ႔ရာ တရားခံဟု ယူဆရသူ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ဆိပ္ဖူးကုန္းေက်းရြာေန အလား(ခ)က်င္ဦး(ခ)ဆိပ္ဖူးကုန္း(ခ) ေအာင္က်င္သိန္း၏ အိမ္အား သြားေရာက္ခဲ့ရာ မေတြ႔ရွိရပဲ ၄င္း၏ဇနီး နန္းဥမၼာခင္အား ဇြန္ ၁၂ရက္ နံနက္ပိုင္း တြင္ စစ္ေဆးေမးျမန္းခဲ့ရာ

၄င္း၏ခင္ပြန္းျဖစ္သူ အလား(ခ) က်င္ဦး(ခ) ဆိပ္ဖူးကုန္း(ခ) ေအာင္က်င္သိန္းမွာ လြန္ခဲ႔ေသာ (၁၀)ႏွစ္ခန္႔မွစ၍ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕သုိ႔ သြားေရာက္ အလုပ္လုပ္ကုိင္ရာမွ ၂၀၁၇-ခုႏွစ္တြင္ ေက်းရြာသုိ႔ ျပန္လည္ ေရာက္ရွိလာၿပီး ၄င္းႏွင့္အတူ ေသနတ္တစ္လက္ ပါလာေၾကာင္း၊

အခင္းျဖစ္ေန႔ နံနက္ ၃း၃၀ အခ်ိန္ခန္႔တြင္ လႈိင္ဝေက်းရြာ ဘိလိယက္ခုံ၌ ေနာင္ႏုိင္း(၁)ႏွင့္ ဘိလိယက္ထုိးရာမွ ၄င္းႏွင့္အတူ ပါသြားသည့္ ေငြက်ပ္ (၁၂) သိန္း၊ ဟြန္ဒါဖစ္အျဖဴတစ္စီး၊ ေနအိမ္မွ ထပ္မံယူခုိင္းသည့္ ေဝ႔ ၁၁၀ အညိဳေရာင္ ဆုိင္ကယ္တစ္စီးတုိ႔အား တစ္စီးလွ်င္ (၁၀) သိန္းႏႈန္းျဖင့္ ေနာင္းႏုိင္းထံတြင္ ေပါင္ႏွံထားခဲ႔ေၾကာင္း၊

ဘိလိယက္ထုိး ေလာင္းကစားမႈ ျပဳလုပ္ရာတြင္ ခန္႔မွန္း ေငြက်ပ္သိန္း (၁၀၀) ေက်ာ္ခန္႔ရွိေၾကာင္း၊ ေနအိမ္ရွိ ေရႊထည္ ပစၥည္းမ်ားကုိလည္း ဘိလိယက္ထုိး ေလာင္းကစား ျပဳလုပ္ရာတြင္ အရႈံးေပၚသျဖင့္ ျဖဴစင္သန္႔ ေရႊဆုိင္တြင္ မၾကာခဏ ေပါင္ႏွံေရာင္းခ်ခဲ႔ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ႔သည္။

ထို႔အျပင္ ၄င္း၏ခင္ပြန္းမွာ ေယာကၡမျဖစ္သူ ေဒၚနန္းျမင့္ႏြယ္ရွိရာ က်ဳံဒုိးေခ်ာင္းဖ်ား ေက်းရြာသုိ႔ သြားေရာက္ႏုိင္ေၾကာင္း စစ္ေဆး ေပၚေပါက္သျဖင့္ က်ဳံဒုိးေခ်ာင္းဖ်ား ေက်းရြာတစ္ဝုိက္ရွိ ေဆြမ်ိဳးနီးစပ္သူမ်ားအား ဆက္လက္ေမးျမန္းရာ ေကာ့ကမာေက်းရြာတြင္ ေနထုိင္သူ ဦးေလးေတာ္စပ္သည့္ ဦးထြန္းလြင္အိမ္တြင္ရွိေၾကာင္း ထပ္မံသိရွိရ၍ ့ ေကာ့ကရိတ္ၿမိဳ႕မစခန္းမွဴး ထူးေအာင္ေရႊမွ မသကၤာတရားခံအား ႀကိဳတင္လက္ဦးမႈ ရရွိေစေရးအတြက္ ၀၆း၃၀ အခ်ိန္တြင္ က်ဳံဒုိးၿမိဳ႕စခန္းမွဴး ရဲအုပ္ေအာင္ျမင့္ဝင္းအား အခ်ိန္မီွ ထိန္းသိမ္းေပးရန္ ဆက္သြယ္ အေၾကာင္းၾကားခဲ႔သျဖင့္ ၀၇း၃၀ အခ်ိန္တြင္ က်ဳံဒုိးစခန္းမွဴး ရဲအုပ္ေအာင္ျမင့္ဝင္းမွ တရားခံအား ထိန္းသိမ္းထားရွိိၿပီျဖစ္ေၾကာင္း ၾကားလာခဲ႔သည္။

သုိ႔ျဖစ္ပါ၍ ခရုိင္ရဲတပ္ဖြဲ႔မွဴးႏွင့္ တပ္ဖြဲ႔ဝင္မ်ားသည္ တရားခံအား ေခၚေဆာင္၍ သက္ေသမ်ားႏွင့္အတူ ေကာ့ကမာ ေက်းရြာသုိ႔ သြားေရာက္ကာ ဦးထြန္းလြင္၏ ညီျဖစ္သူ ဦးသိန္းလြင္ (တစ္ဘက္ႏုိင္ငံ၌ သြားေရာက္ အလုပ္လုပ္ကုိင္) ၏ (ေနအိမ္ပိတ္ထား) ေနအိမ္ေအာက္ (လူမေန) သစ္သားတုံးၾကားတြင္ ျဖဴစင္သန္႔ေရႊဆုိင္မွ CCTV မွတ္တမ္းဓါတ္ပုံႏွင့္ သ႑ာန္တူသည့္ ေျခာက္လုံးျပဴး (၂၂) ေသနတ္ (၁) လက္ႏွင့္ ၄င္းေျခာက္လံုးျပဴး ေသနတ္ ဆုံလည္ က်ည္ထည့္ေဘာက္အတြင္း၌ ပစ္ခတ္ၿပီးက်ည္ခြံ(၁) ခုႏွင့္ က်ည္(၅)ေတာင့္၊ ယမ္းဖာ(၂)ဖာအတြင္း ထည့္ထားသည့္ က်ည္ဖာတစ္ခုတြင္ က်ည္(၅၀)ေတာင့္ႏွင့္ က်န္က်ည္ဖာတစ္ခုအတြင္း က်ည္(၃၅)ေတာင့္၊ စုစုေပါင္း(၈၅)ေတာင့္၊ အနက္ေရာင္ ဂ်င္းေဘာင္းဘီ(၁)ထည္၊ အဝါေရာင္မုိးကာအကၤ်ီ(၁) ထည္ အနက္ေရာင္ေခါင္းစြပ္(၁) လုံး၊ အရုိးအသြား (၁)လက္မခန္႔ရွိ ဓါးေျမာင္(၁)ေခ်ာင္းတုိ႔အား ေတြ႔ရွိရ၍ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပုံစံျဖင့္ သိမ္းဆည္းခဲ႔သည္။

ဆက္လက္၍ ဦးထြန္းလြင္၏ ေနအိမ္ေအာက္တြင္ ျဖဴစင္သန္႔ေရႊဆုိင္မွ CCTV မွတ္တမ္းဓါတ္ပုံႏွင့္သ႑ာန္တူသည့္ နံပါတ္မပါ ေဝ့အုိင္(ခဲ/ျပာေရာင္) ဆုိင္ကယ္တစ္စီး၊ ၄င္းဆုိင္ကယ္ေသာ့(၁)ေခ်ာင္း၊ YOUGH တံဆိပ္ပါ အနက္ေရာင္ဘက္အိတ္(၁)လုံး၊ aerosoft ဖိနပ္(၁)ရံတုိ႔အား ထပ္မံေတြ႔ရွိရ၍ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပုံစံျဖင့္ သိမ္းဆည္းခဲ႔သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အလား(ခ) က်င္ဦး(ခ) ဆိပ္ဖူးကုန္း(ခ) ေအာင္က်င္သိန္း၊ (၃၁)ႏွစ္၊ ဆိပ္ဖူးကုန္းေက်းရြာ၊ ေကာ့ကရိတ္ၿမိဳ႕ေနသူအား ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္ စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

စိုးထက္ေအာင္(ေကာ့ကရိတ္)

Source : Myanmaalinn

(Unicode Version)

ဖြူစင်သန့်ရွှေဆိုင် အနုကြမ်းစီးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ တရားခံအား (၃၆) နာရီအတွင်း ဖမ်းဆီးရမိ

ကော့ကရိတ် ဇွန် ၁၂

၂၀၁၈ခုနှစ် ဇွန် ၁ဝရက် နေ့လည်ပိုင်းတွင် ကော့ကရိတ်မြို့ ဖြူစင်သန့်ရွှေဆိုင်တွင် အနုကြမ်းစီးပြီး ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းအရ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးဦးစီး၍ ပစ်မှုတရားခံအား ဖမ်းစီးရမိရေး ဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ ပူးပေါင်းအဖွဲ့မှ ပတ်ဝန်းကျင်အား မေးမြန်းစုံစမ်းချက်အရ လောင်းကစားမှုများနှင့် အခြားတရားမဝင် လုပ်ငန်းများတွင် သိန်းပေါင်းများစွာ ငွေးကြေး သုံးစွဲနို်င်သူတို့အား စုံစမ်းခဲ့ရာ တရားခံဟု ယူဆရသူ ကော့ကရိတ်မြို့နယ်၊ ဆိပ်ဖူးကုန်းကျေးရွာနေ အလား(ခ)ကျင်ဦး(ခ)ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း၏ အိမ်အား သွားရောက်ခဲ့ရာ မတွေ့ရှိရပဲ ၄င်း၏ဇနီး နန်းဥမ္မာခင်အား ဇွန် ၁၂ရက် နံနက်ပိုင်း တွင် စစ်ဆေးမေးမြန်းခဲ့ရာ

၄င်း၏ခင်ပွန်းဖြစ်သူ အလား(ခ) ကျင်ဦး(ခ) ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်းမှာ လွန်ခဲ့သော (၁၀)နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ ၂၀၁၇-ခုနှစ်တွင် ကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီး ၄င်းနှင့်အတူ သေနတ်တစ်လက် ပါလာကြောင်း၊

အခင်းဖြစ်နေ့ နံနက် ၃း၃၀ အချိန်ခန့်တွင် လှိုင်ဝကျေးရွာ ဘိလိယက်ခုံ၌ နောင်နိုင်း(၁)နှင့် ဘိလိယက်ထိုးရာမှ ၄င်းနှင့်အတူ ပါသွားသည့် ငွေကျပ် (၁၂) သိန်း၊ ဟွန်ဒါဖစ်အဖြူတစ်စီး၊ နေအိမ်မှ ထပ်မံယူခိုင်းသည့် ဝေ့ ၁၁၀ အညိုရောင် ဆိုင်ကယ်တစ်စီးတို့အား တစ်စီးလျှင် (၁၀) သိန်းနှုန်းဖြင့် နောင်းနိုင်းထံတွင် ပေါင်နှံထားခဲ့ကြောင်း၊

ဘိလိယက်ထိုး လောင်းကစားမှု ပြုလုပ်ရာတွင် ခန့်မှန်း ငွေကျပ်သိန်း (၁၀၀) ကျော်ခန့်ရှိကြောင်း၊ နေအိမ်ရှိ ရွှေထည် ပစ္စည်းများကိုလည်း ဘိလိယက်ထိုး လောင်းကစား ပြုလုပ်ရာတွင် အရှုံးပေါ်သဖြင့် ဖြူစင်သန့် ရွှေဆိုင်တွင် မကြာခဏ ပေါင်နှံရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့အပြင် ၄င်း၏ခင်ပွန်းမှာ ယောက္ခမဖြစ်သူ ဒေါ်နန်းမြင့်နွယ်ရှိရာ ကျုံဒိုးချောင်းဖျား ကျေးရွာသို့ သွားရောက်နိုင်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ကျုံဒိုးချောင်းဖျား ကျေးရွာတစ်ဝိုက်ရှိ ဆွေမျိုးနီးစပ်သူများအား ဆက်လက်မေးမြန်းရာ ကော့ကမာကျေးရွာတွင် နေထိုင်သူ ဦးလေးတော်စပ်သည့် ဦးထွန်းလွင်အိမ်တွင်ရှိကြောင်း ထပ်မံသိရှိရ၍ ့ ကော့ကရိတ်မြို့မစခန်းမှူး ထူးအောင်ရွှေမှ မသင်္ကာတရားခံအား ကြိုတင်လက်ဦးမှု ရရှိစေရေးအတွက် ၀၆း၃၀ အချိန်တွင် ကျုံဒိုးမြို့စခန်းမှူး ရဲအုပ်အောင်မြင့်ဝင်းအား အချိန်မှီ ထိန်းသိမ်းပေးရန် ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် ဝရး၃၀ အချိန်တွင် ကျုံဒိုးစခန်းမှူး ရဲအုပ်အောင်မြင့်ဝင်းမှ တရားခံအား ထိန်းသိမ်းထားရှိိပြီဖြစ်ကြောင်း ကြားလာခဲ့သည်။

သို့ဖြစ်ပါ၍ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် တရားခံအား ခေါ်ဆောင်၍ သက်သေများနှင့်အတူ ကော့ကမာ ကျေးရွာသို့ သွားရောက်ကာ ဦးထွန်းလွင်၏ ညီဖြစ်သူ ဦးသိန်းလွင် (တစ်ဘက်နိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်) ၏ (နေအိမ်ပိတ်ထား) နေအိမ်အောက် (လူမနေ) သစ်သားတုံးကြားတွင် ဖြူစင်သန့်ရွှေဆိုင်မှ CCTV မှတ်တမ်းဓါတ်ပုံနှင့် သဏ္ဍာန်တူသည့် ခြောက်လုံးပြူး (၂၂) သေနတ် (၁) လက်နှင့် ၄င်းခြောက်လုံးပြူး သေနတ် ဆုံလည် ကျည်ထည့်ဘောက်အတွင်း၌ ပစ်ခတ်ပြီးကျည်ခွံ(၁) ခုနှင့် ကျည်(၅)တောင့်၊ ယမ်းဖာ(၂)ဖာအတွင်း ထည့်ထားသည့် ကျည်ဖာတစ်ခုတွင် ကျည်(၅၀)တောင့်နှင့် ကျန်ကျည်ဖာတစ်ခုအတွင်း ကျည်(၃၅)တောင့်၊ စုစုပေါင်း(၈၅)တောင့်၊ အနက်ရောင် ဂျင်းဘောင်းဘီ(၁)ထည်၊ အဝါရောင်မိုးကာအင်္ကျီ(၁) ထည် အနက်ရောင်ခေါင်းစွပ်(၁) လုံး၊ အရိုးအသွား (၁)လက်မခန့်ရှိ ဓါးမြောင်(၁)ချောင်းတို့အား တွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဆက်လက်၍ ဦးထွန်းလွင်၏ နေအိမ်အောက်တွင် ဖြူစင်သန့်ရွှေဆိုင်မှ CCTV မှတ်တမ်းဓါတ်ပုံနှင့်သဏ္ဍာန်တူသည့် နံပါတ်မပါ ဝေ့အိုင်(ခဲ/ပြာရောင်) ဆိုင်ကယ်တစ်စီး၊ ၄င်းဆိုင်ကယ်သော့(၁)ချောင်း၊ YOUGH တံဆိပ်ပါ အနက်ရောင်ဘက်အိတ်(၁)လုံး၊ aerosoft ဖိနပ်(၁)ရံတို့အား ထပ်မံတွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလား(ခ) ကျင်ဦး(ခ) ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း၊ (၃၁)နှစ်၊ ဆိပ်ဖူးကုန်းကျေးရွာ၊ ကော့ကရိတ်မြို့နေသူအား ကော့ကရိတ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စိုးထက်အောင်(ကော့ကရိတ်)

Source : Myanmaalinn