အေရးေပၚ အစာအိမ္ ေသြးေၾကာ ေပါက္ျခင္းႏွင့္ ေဆးဖက္၀င္ အပင္မ်ား

အစာအိမ္ေသြးေၾကာေပါက္ပါလွ်င္

ျမန္မာတိုင္းရင္းေဆးသည္ ေဆးေကာင္းက တစ္ခြက္ျဖင့္ပင္ ေရာဂါ ေပ်ာက္ကင္းနိုင္၏။ ပါးစပ္မွ ေသြးမ်ား တစ္စတစ္စ ပိုထြက္လာသည္ကို ၾကည္႔ရင္း ̏ဦးေလး ဒီလိုျဖစ္တာ ဘာဆန္းလဲ အရက္ပဲ ေသာက္ေနတာကိုး၊ ˝ စိတ္တိုတိုႏွင့္ ေျပာမိသည္။ ဦးေလးထူး အစာအိမ္ေရာဂါမွ အစာအိမ္ ေသြးေၾကာေပါက္ေလျခင္း ျဖစ္သည္။ ေအာက္ေဖာ္ျပပါ ေဆးနည္းျဖင့္ ေပ်ာက္ကင္းခဲ႕သည္။

ေဆးနည္း

ဟင္းနုႏြယ္ ဆူးေပါက္ပင္ ဆင္ႏွာေမာင္းပင္ (၂) မ်ိဳးစပ္သံုးရ၏။ အရြက္ႏွစ္မ်ိဳးကို ဆတူခူးျပီး ပုဇြန္ေျခာက္ႏွင့္ ေၾကာ္၍ (၄) ရက္ နံနက္ည စာေပးျခင္းျဖစ္သည္။ ေပါက္ေနေသာ အစာအိမ္၏ အမွ်င္ဓာတ္ကို အျမန္ပိတ္ေအာင္ ဖါေထးေပးေသာ စြမ္းအားရွိသည္။ (၄) ရက္ ေသာက္ျပီးက နားထားလိုက္ရမည္ျဖစ္သည္။

ထိုေဆးဖက္၀င္ အစြမ္းထက္္ေဆးရြက္ ႏွစ္မ်ိဳးအစြမ္း ေၾကာင့္ ဦးေလးထူး အစာအိမ္ ေသြးေၾကာေပါက္ျခင္း ေပ်ာက္ကင္းခဲ႔သည္။ ေဆးလည္းျဖစ္ အဟာရလည္း ျဖစ္သြားေသာ ဟင္းနုႏြယ္ဆူးေပါက္ႏွင့္ ဆင္ႏွာေမာင္းပင္သည္ အေရးေပၚ အစာအိမ္ ေသြးေၾကာေပါက္၍ အခက္အခဲ ေတြ႔သူမ်ားအတြက္ အားကိုးဖြယ္သာ ျဖစ္မည္ထင္မိ၍ တင္ျပလိုက္ပါသည္။

ဟင္းနုႏြယ္ဆူးေပါက္

ရုကၡေဗဒအမည္မွာ (Amaranthaceae) ျဖစ္သည္။ ဆူးရွိေသာ အပင္ငယ္မ်ိဳးျဖစ္သည္။ ရြက္မွာေပ်ာ႔ေျပာင္း နူးညံံ့ျပီး ရြက္ညွာရွည္သည္။ ပန္းခိုင္ေပၚတြင္ အစိမ္းေရာင္သန္းေသာ အျဖဴပြင့္မ်ားပြင့္သည္။ ကဆုန္ နယုန္လမ်ားတြင္ ပြင့္ေလသည္။

ေဆးအသံုး- ပဥၥ(၅)ပါး၊ အရြက္၊ အျမစ္

ပဥၥ(၅)ပါးကို ၾကိတ္ေခ် ညွစ္ေသာက္ပါက ေျမြဆိပ္ကို ေျပေစနိုင္သည္ဟု က်မ္းကဆိုသည္။

ပဥၥ(၅)ပါးကို ျပဳတ္ေသာက္ေသာ ကိုယ္၀န္ပ်က္ျခင္းမွ ကင္းေ၀းသည္။ အရြက္ကို ႏွာေခါင္းေသြးလ်ံပါက အရြက္ကို ႀကိတ္ေခ်ျပီး မ်က္ႏွာအထက္ပိုင္းကို လိမ္းေပးပါက ႏွာေခါင္းေသြးလ်ံ ေသြးက် ေပ်ာက္သည္။ အရြက္ကို ဟင္းခ်က္စားပါက ဆီေအာင့္ေက်ာက္ တည္ေရာဂါ ေပ်ာက္သည္။

အရြက္ညစ္ရည္ကို ပ်ားရည္ႏွင့္ေရာ၍ လ်က္ေပးပါက ေသြးအန္ေသြးက်ေရာ၊ မီးယပ္ေသြးသြန္ျခင္း၊ မီးယပ္ျဖဴဆင္းျခင္း၊ ေညာင္းက်ျခင္းႏွင့္ အဖုအပိ္တ္မ်ား ေပါက္ျခင္းတို႔ကို ေပ်ာက္သည္။

အျမစ္ ကင္းကိုက္ေသာေနရာအား အျမစ္ကို ေရႏွင့္ေသြးကာ လိမ္းပါက ကင္းဆိပ္ေျပသည္။ ေသြးစုနာေပၚ လိမ္းေပးလည္း ေပ်ာက္ကင္းေစသည္။ အေၾကာတက္သူတို႔ အျမစ္ကိုေသြး၍ လိမ္း ေပးက အေၾကာတက္ျခင္း ေပ်ာက္သည္။ အျမစ္ကို ေရႏွင့္ေသြးျပီး နံနက္တစ္ၾကိမ္ ညတစ္ၾကိမ္ ေသာက္ေပးပါက မီးယပ္လြန္ျခင္း ေပ်ာက္သည္။

ဆင္ႏွာေမာင္းပင္(အရွင္နာဂသိန္က်မ္း)

ႏွစ္မ်ိဳးရွိသည္။ ဆင္းႏွာေမာင္းေလးႏွင့္ ဆင္ႏွာေမာင္ၾကီးျဖစ္သည္။

ဆင္ႏွာေမာင္းၾကီးသည္ ခါးေသာ အရသာျဖစ္သည္။ ျပင္းထန္ေသာ အဖ်ားကို ေပ်ာက္ကင္းေစသည္။ နာက်င္ကိုက္ခဲမႈကို ေပ်ာက္ကင္းေစသည္။ အနာကို သုတ္သင္နိုင္ျပီး အသားနုကို တက္ေစသည္။ အနာမ်ား ေရာင္တင္းေသာအခါ ယင္းအရြက္ကို ပတ္တီးစည္းေပးပါက လွ်င္ျမန္စြာ အေရာင္ေလ်ာ့သည္။ မ်က္ရည္ယိုျခင္းႏွင့္ မ်က္ခြံေရာင္ျခင္း ယင္းသတၱဳရည္ ကို သုတ္လိမ္းေပးပါက လွ်င္ျမန္စြာ ေပ်ာက္ကင္းသည္။

စာကိုး – အရွင္နာဂသိန္ေဆးက်မ္း/ ျမန္႔မာေဆး၀ါးပင္မ်ား/ေရာင္ျပန္မဂၢဇင္း

Credit : ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

(Unicode Version)

အရေးပေါ် အစာအိမ် သွေးကြော ပေါက်ခြင်းနှင့် ဆေးဖက်ဝင် အပင်များ

အစာအိမ်သွေးကြောပေါက်ပါလျှင်

မြန်မာတိုင်းရင်းဆေးသည် ဆေးကောင်းက တစ်ခွက်ဖြင့်ပင် ရောဂါ ပျောက်ကင်းနိုင်၏။ ပါးစပ်မှ သွေးများ တစ်စတစ်စ ပိုထွက်လာသည်ကို ကြည့်ရင်း ̏ဦးလေး ဒီလိုဖြစ်တာ ဘာဆန်းလဲ အရက်ပဲ သောက်နေတာကိုး၊ ˝ စိတ်တိုတိုနှင့် ပြောမိသည်။ ဦးလေးထူး အစာအိမ်ရောဂါမှ အစာအိမ် သွေးကြောပေါက်လေခြင်း ဖြစ်သည်။ အောက်ဖော်ပြပါ ဆေးနည်းဖြင့် ပျောက်ကင်းခဲ့သည်။

ဆေးနည်း

ဟင်းနုနွယ် ဆူးပေါက်ပင် ဆင်နှာမောင်းပင် (၂) မျိုးစပ်သုံးရ၏။ အရွက်နှစ်မျိုးကို ဆတူခူးပြီး ပုဇွန်ခြောက်နှင့် ကြော်၍ (၄) ရက် နံနက်ည စာပေးခြင်းဖြစ်သည်။ ပေါက်နေသော အစာအိမ်၏ အမျှင်ဓာတ်ကို အမြန်ပိတ်အောင် ဖါထေးပေးသော စွမ်းအားရှိသည်။ (၄) ရက် သောက်ပြီးက နားထားလိုက်ရမည်ဖြစ်သည်။

ထိုဆေးဖက်ဝင် အစွမ်းထက််ဆေးရွက် နှစ်မျိုးအစွမ်း ကြောင့် ဦးလေးထူး အစာအိမ် သွေးကြောပေါက်ခြင်း ပျောက်ကင်းခဲ့သည်။ ဆေးလည်းဖြစ် အဟာရလည်း ဖြစ်သွားသော ဟင်းနုနွယ်ဆူးပေါက်နှင့် ဆင်နှာမောင်းပင်သည် အရေးပေါ် အစာအိမ် သွေးကြောပေါက်၍ အခက်အခဲ တွေ့သူများအတွက် အားကိုးဖွယ်သာ ဖြစ်မည်ထင်မိ၍ တင်ပြလိုက်ပါသည်။

ဟင်းနုနွယ်ဆူးပေါက်

ရုက္ခဗေဒအမည်မှာ (Amaranthaceae) ဖြစ်သည်။ ဆူးရှိသော အပင်ငယ်မျိုးဖြစ်သည်။ ရွက်မှာပျော့ပြောင်း နူးညံံ့ပြီး ရွက်ညှာရှည်သည်။ ပန်းခိုင်ပေါ်တွင် အစိမ်းရောင်သန်းသော အဖြူပွင့်များပွင့်သည်။ ကဆုန် နယုန်လများတွင် ပွင့်လေသည်။

ဆေးအသုံး- ပဥ္စ(၅)ပါး၊ အရွက်၊ အမြစ်

ပဥ္စ(၅)ပါးကို ကြိတ်ချေ ညှစ်သောက်ပါက မြွေဆိပ်ကို ပြေစေနိုင်သည်ဟု ကျမ်းကဆိုသည်။

ပဥ္စ(၅)ပါးကို ပြုတ်သောက်သော ကိုယ်ဝန်ပျက်ခြင်းမှ ကင်းဝေးသည်။ အရွက်ကို နှာခေါင်းသွေးလျံပါက အရွက်ကို ကြိတ်ချေပြီး မျက်နှာအထက်ပိုင်းကို လိမ်းပေးပါက နှာခေါင်းသွေးလျံ သွေးကျ ပျောက်သည်။ အရွက်ကို ဟင်းချက်စားပါက ဆီအောင့်ကျောက် တည်ရောဂါ ပျောက်သည်။

အရွက်ညစ်ရည်ကို ပျားရည်နှင့်ရော၍ လျက်ပေးပါက သွေးအန်သွေးကျရော၊ မီးယပ်သွေးသွန်ခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ ညောင်းကျခြင်းနှင့် အဖုအပိ်တ်များ ပေါက်ခြင်းတို့ကို ပျောက်သည်။

အမြစ် ကင်းကိုက်သောနေရာအား အမြစ်ကို ရေနှင့်သွေးကာ လိမ်းပါက ကင်းဆိပ်ပြေသည်။ သွေးစုနာပေါ် လိမ်းပေးလည်း ပျောက်ကင်းစေသည်။ အကြောတက်သူတို့ အမြစ်ကိုသွေး၍ လိမ်း ပေးက အကြောတက်ခြင်း ပျောက်သည်။ အမြစ်ကို ရေနှင့်သွေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ပေးပါက မီးယပ်လွန်ခြင်း ပျောက်သည်။

ဆင်နှာမောင်းပင်(အရှင်နာဂသိန်ကျမ်း)

နှစ်မျိုးရှိသည်။ ဆင်းနှာမောင်းလေးနှင့် ဆင်နှာမောင်ကြီးဖြစ်သည်။

ဆင်နှာမောင်းကြီးသည် ခါးသော အရသာဖြစ်သည်။ ပြင်းထန်သော အဖျားကို ပျောက်ကင်းစေသည်။ နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းစေသည်။ အနာကို သုတ်သင်နိုင်ပြီး အသားနုကို တက်စေသည်။ အနာများ ရောင်တင်းသောအခါ ယင်းအရွက်ကို ပတ်တီးစည်းပေးပါက လျှင်မြန်စွာ အရောင်လျော့သည်။ မျက်ရည်ယိုခြင်းနှင့် မျက်ခွံရောင်ခြင်း ယင်းသတ္တုရည် ကို သုတ်လိမ်းပေးပါက လျှင်မြန်စွာ ပျောက်ကင်းသည်။

စာကိုး – အရှင်နာဂသိန်ဆေးကျမ်း/ မြန့်မာဆေးဝါးပင်များ/ရောင်ပြန်မဂ္ဂဇင်း

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)