မိဘေတြကို လံုးဝ မေျပာသင့္ေသာ စကား (၁ဝ) ခြန္း

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္မိဘေတြကို ေအာက္က စကားဆယ္ခြန္းထဲက တစ္ခြန္း ဒါမွမဟုတ္ တစ္ခြန္းထက္ ပိုေျပာခဲ့ဖူးၾကမယ္ ထင္ပါတယ္။ သားသမီးျဖစ္တဲ့ ကၽြန္ေတာ္တို႔က မိဘေတြကို ဒီစကားေတြကို ထပ္မေျပာေတာ့ဘဲ နားလည္ေပးၾကရေအာင္။

လူ႔ဘဝက တိုေတာင္းလြန္းပါတယ္။ ကိုယ့္နံေဘးက ေဆြမ်ဳိးသားခ်င္း၊ ခ်စ္သူခင္သူ၊ သူငယ္ခ်င္းေတြကို တန္ဖိုးထားသင့္ပါတယ္။ ဆံုးရႈံးသြားမွ သူတို႔က သင့္ဘဝမွာ ဘယ္ေလာက္ အေရးပါေၾကာင္း သိတာမ်ဳိး မျဖစ္ပါေစနဲ႔။ မိဘေတြကို ရိုေသေလးစားပါ။ သင္ ဘာအမွားပဲလုပ္လုပ္ သူတို႔က သင့္ကိုခြင့္လႊတ္ဖို႔ အသင့္ရွိေနပါတယ္။ မိဘရဲ႕ရင္ခြင္ဟာ သင့္အတြက္ ေလၿငိမ္ရာအရပ္ ထာဝရနားခိုရာ ဆိပ္ကမ္း ျဖစ္ပါတယ္။

(၁) အင္းပါ အင္းပါ သိၿပီ၊ အရမ္းရႈပ္တာပဲ။

(၂) ကိစၥရွိေသးလား မရွိရင္ ဖုန္းခ်ေတာ့မယ္။

(မိဘေတြ ဖုန္းဆက္တာ စကားေျပာခ်င္ရံု သက္သက္ျဖစ္လိမ့္မယ္။ သူတို႔ရဲ႕ ရည္ရြယ္ခ်က္ကို ကၽြန္ေတာ္တို႔ နားလည္ေပးသင့္ပါတယ္။ ဖုန္းကိုခ်ဖို႔ပဲ မေလာပါနဲ႔။)

(၃) ေျပာရင္လည္း နားလည္မွာ မဟုတ္ပါဘူး။ မေမးပါနဲ႔ေတာ့။

(၄) မလုပ္ပါနဲ႔လို႔ အထပ္ထပ္ ေျပာထားရက္သားနဲ႔ လုပ္ထားတာေတြကလည္း မေကာင္းဘူး။

(သူတို႔အင္အားနဲ႔မမွ်တဲ့ အလုပ္ကို လုပ္တဲ့အခါ ကၽြန္ေတာ္တို႔က ဂရုတစိုက္နဲ႔ သူတို႔ကို မလုပ္ဖို႔တားတယ္။ ဒါေပမဲ့ ဒါဟာ သူတို႔အသံုးမဝင္ေတာ့ေၾကာင္း သူတို႔ကို ခံစားေစပါတယ္။)

(၅) ဟာ ေဖေဖ၊ ေမေမတို႔နည္းက ေခတ္တုံးေနၿပီ။

(မိဘေတြရဲ႕ အႀကံဉာဏ္က ကၽြန္ေတာ္တို႔အတြက္ အသံုးတည့္ခ်င္မွ တည့္လိမ့္မယ္။ ဒါေပမဲ့ ဒီထက္နားေထာင္လို႔ေကာင္းတဲ့ စကားကို ကၽြန္ေတာ္တို႔ ေျပာသင့္ပါတယ္။)

(၆) သားအခန္းကို မရွင္းပါနဲ႔လို႔ ေျပာထားရက္နဲ႔ အခုေတာ့ၾကည့္ ပစၥည္းေတြ ရွာမေတြ႔ေတာ့ဘူး။

(ကိုယ့္အခန္းကို ကိုယ္တိုင္ရွင္းတာက ေကာင္းပါတယ္။ မရွင္းခ်င္ရင္ သူတို႔ရဲ႕ေစတနာကိုေတာ့ မေစာ္ကားပါနဲ႔။)

(၇) သား ဘာစားမယ္ဆိုတာ သားသိတယ္။ ဟင္းေတြ ထည့္ထည့္ မေပးနဲ႔ေတာ့။

(ကၽြန္ေတာ္တို႔ အျပန္ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ မိဘေတြက သူတို႔ရဲ႕ေမတၱာ၊ သူတို႔ရဲ႕ ဂရုစိုက္မႈေတြကို ကၽြန္ေတာ္တို႔အတြက္ အထူးစီမံထားတဲ့ ထမင္းဟင္းေတြထဲ ထည့္ခ်က္ထားၾကတယ္။ ဒါကို ကၽြန္ေတာ္တို႔က ဆိတ္ဆိတ္ၿငိမ္ၿငိမ္နဲ႔ လက္ခံလိုက္ရံုပါပဲ။)

(၈) ဒီဟင္းက်န္ေတြကို မစားပါနဲ႔လို႔ မွာထားရက္နဲ႔ စကားကို နားမေထာင္ဘူး။

(သူတို႔ရဲ႕ တစ္သက္ ေခၽြတာလာတဲ့ အက်င့္ေတြ ေျပာင္းလဲရ ခက္ပါတယ္။ ဟင္းခ်က္ရင္ တစ္နပ္စာခ်က္ဖို႔ အႀကံေပးတာက ပိုေကာင္းပါတယ္။)

(၉) သား ကိုယ့္ဘာသာကိုယ္ ခ်င့္ခ်ိန္ၿပီး လုပ္တတ္တယ္။ တဗ်စ္ေတာက္ေတာက္ မေျပာနဲ႔ နားကိုၿငီးတယ္။

(၁ဝ) ဒီပစၥည္းေတြ မယူေတာ့ပါဘူးဆို ဘာျဖစ္လို႔ ဒီမွာ ပံုထားရေသးတာလဲ။

(မိဘေတြက ကၽြန္ေတာ္တို႔နဲ႔အတူ ႀကီးျပင္းလာခဲ့တဲ့ အရာေတြကို သိမ္းထားခ်င္တတ္ၾကတယ္။ သူတို႔ သိမ္းထားတာေတြ တစ္အိမ္လံုး ျပည့္ေနပါေစ။ ေနာင္တခ်ိန္မွာ ကၽြန္ေတာ္တို႔ ကေလးဘဝက ဝတ္ခဲ့တဲ့ အဝတ္အစားေတြကို ကၽြန္ေတာ္တို႔ ေတြ႔မိတဲ့အခါ ကၽြန္ေတာ္တို႔ ဝမ္းသာၾကည္ႏူးၾကဦးမယ္ မဟုတ္ပါလား။)

Credit : မူရင္းေရးသားသူ

(Unicode Version)

မိဘတွေကို လုံးဝ မပြောသင့်သော စကား (၁ဝ)ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်က စကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက် ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကို ထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်။

လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက် အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင် ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်း ဖြစ်ပါတယ်။

(၁) အင်းပါ အင်းပါ သိပြီ၊ အရမ်းရှုပ်တာပဲ။

(၂) ကိစ္စရှိသေးလား မရှိရင် ဖုန်းချတော့မယ်။

(မိဘတွေ ဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့။)

(၃) ပြောရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ မမေးပါနဲ့တော့။

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ် ပြောထားရက်သားနဲ့ လုပ်ထားတာတွေကလည်း မကောင်းဘူး။

(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကို လုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကို မလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကို ခံစားစေပါတယ်။)

(၅) ဟာ ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။

(မိဘတွေရဲ့ အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့ စကားကို ကျွန်တော်တို့ ပြောသင့်ပါတယ်။)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေ ရှာမတွေ့တော့ဘူး။

(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့။)

(၇) သား ဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့် မပေးနဲ့တော့။

(ကျွန်တော်တို့ အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ။)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကို နားမထောင်ဘူး။

(သူတို့ရဲ့ တစ်သက် ချွေတာလာတဲ့ အကျင့်တွေ ပြောင်းလဲရ ခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်။)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာ ပုံထားရသေးတာလဲ။

(မိဘတွေက ကျွန်တော်တို့နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့ သိမ်းထားတာတွေ တစ်အိမ်လုံး ပြည့်နေပါစေ။ နောင်တချိန်မှာ ကျွန်တော်တို့ ကလေးဘဝက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့အခါ ကျွန်တော်တို့ ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား။)

Credit : မူရင်းရေးသားသူ