လမ္းေခ်ာ္၍ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္မႈျဖစ္ပြား အမ်ိဳးသားတစ္ဦး အမ်ိဳးသမီးတစ္ဦး ေသဆံုးမႈျဖစ္

မြန္ျပည္နယ္ က်ိဳက္မေရာျမိဳ႕တြင္ ဇြန္လ ၁၃ ရက္နံနက္က ခရံုဂူေက်ာက္မိုင္း အနီး၌ လမ္းေခ်ာ္၍ ခရီးသည္တင္ယာဥ္ တစ္စီး တိမ္းေမွာက္မႈ ျဖစ္ပြားကာ အမ်ိဳးသားတစ္ဦး အမ်ိဳးသမီးတစ္ဦး ေသဆံုးမႈျဖစ္ပြားခ့ဲသည္။

အဆိုပါ ခရီးသည္တင္ လိုင္းကားသည္ ခရီးသည္ႏွင့္ ေစ်းသည္မ်ား တင္ေဆာင္၍ ဘားအံသို႔ အသြား ခရံုဂူေက်ာက္မိုင္း အနီး၌ လမ္းေခ်ာ္တိမ္းေမွာက္ရာတြင္ အမ်ိဳးသမီး (၁၀) ဦး အမ်ိဳးသား (၅) ဦးထိခိုက္ဒဏ္ရာ ရရွိခ့ဲသျဖင့္ ဒဏ္ရာရ လူနာမ်ားအား ရာမည လူမႈကယ္ဆယ္ေရး အသင္းမွ (၁) စီး ေမာ္လျမိဳင္ လူမႈကယ္ဆယ္ေရး အသင္းယာဥ္မ်ား စုစုေပါင္းကား ( ၇ ) စီးျဖင့္ ေမာ္လျမိဳင္ ေဆးရံုၾကီးသို႔ ပို့ေဆာင္ ကူညီေပးခ့ဲသည္။ အမ်ိဳးသား တစ္ဦး မွာ ေနရာတြင္ပင္ ပြဲခ်င္းျပီး ေသဆံုးခ့ဲျပီး အမ်ိဳးသမီးတစ္ ဦးမွာ ေမာ္လျမိဳင္ ေဆးရံုၾကီး အေရာက္တြင္ ေသဆံုးသြားေၾကာင္း သတင္းရရိွသည္။

(ျမိဳ႕နယ္ ျပန္/ဆက္ )

Source : Myanmaalinn

(Unicode Version)

လမ်းချော်၍ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်

မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ဇွန်လ ၁၃ ရက်နံနက်က ခရုံဂူကျောက်မိုင်း အနီး၌ လမ်းချော်၍ ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ခရီးသည်တင် လိုင်းကားသည် ခရီးသည်နှင့် စျေးသည်များ တင်ဆောင်၍ ဘားအံသို့ အသွား ခရုံဂူကျောက်မိုင်း အနီး၌ လမ်းချော်တိမ်းမှောက်ရာတွင် အမျိုးသမီး (၁၀) ဦး အမျိုးသား (၅) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဒဏ်ရာရ လူနာများအား ရာမည လူမှုကယ်ဆယ်ရေး အသင်းမှ (၁) စီး မော်လမြိုင် လူမှုကယ်ဆယ်ရေး အသင်းယာဉ်များ စုစုပေါင်းကား ( ၇ ) စီးဖြင့် မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့သည်။ အမျိုးသား တစ်ဦး မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီးတစ် ဦးမှာ မော်လမြိုင် ဆေးရုံကြီး အရောက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

(မြို့နယ် ပြန်/ဆက် )

Source : Myanmaalinn