







(Unicode Version)

ထိုင်းနိုင်ငံကို အလုပ်သွားလုပ်သူများ ဝပ်ပါမစ် ပျက်စီးတာ ပျောက်ဆုံးတာဖြစ်ရင် ဒါတွေသိထားဖို့ လိုပါတယ်တဲ့

ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ စာရွက်စာတမ်း အထောက်အထားတွေဟာ အင်မတန် အရေးကြီးတယ်ဆိုတာ သိထားရပါမယ်။ ဝပ်ပါမစ် ပျက်စီးတာ၊ ပျောက်ဆုံးတာဖြစ်ရင် ဒါတွေသိထားဖို့ လိုပါတယ်။

(၁) အစကတည်းက ကိုယ့်ရဲ့ ဝပ်ပါမစ်နဲ့ စာရွက်စာတမ်း အထောက်အထားတွေကို တစ်ရွက်ချင်းစီ၊ အရှေ့ခြမ်း အနောက်ခြမ်း အသေးစိတ် မိတ္တူကူးယူထားပါ။

(၂) ဝပ်ပါမစ် ပျက်စီးတာ၊ ပျောက်ဆုံးတာဖြစ်ရင် မိတ္တူတွေကို ယူပြီး ရဲစခန်း (သို့) ထိုင်းအလုပ်သမား ရေးရာဌာန (ကျဟာငန်း)မှာ ၁၅ ရက်အတွင်း အကြောင်းကြားပါ။

(၃) မိတ္တူအပြည့်အစုံရှိမှသာ အသစ်ပြန်လျှောက်ဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။

ဘယ်စာရွက်စာတမ်းပဲဖြစ်ဖြစ် သေသေချာချာ မိတ္တူကူးယူထားဖို့ မမေ့ပါနဲ့။

Credit : အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်