ျပည့္တန္ဆာ လုံးဝမ႐ွိ သူေတာင္းစားလဲ မ႐ွိတဲ့ ကမာၻ႔ စိတ္အခ်မ္းသာဆုံး ႏိုင္ငံ

ျမတ္စြာဘုရားရဲ႕ တရားေတာ္ေတြနဲ႔ အေျခခံ ဥပေဒ ေရးဆြဲထားတဲ့ႏိုင္ငံ။ ေတာင္ေပၚႏိုင္ငံ ငယ္ေလး တစ္ခု၊ လူဦးေရ ၆ သိန္းေက်ာ္သာရွိၿပီး ေဆးလိပ္ ေသာက္တဲ့သူ ၁% ပဲရွိပါတယ္။ Giordano ဂ်င္းေဘာင္းဘီ ဘာဖက္ရွင္ ညာဖက္ရွင္ လဲ ေတြ႕ရမွာ မဟုတ္သလို ႐ိုးရာအမ်ိဳးသား အမ်ိဳးသမီး ဝတ္စုံကလြဲရင္ ဘာမွမဝတ္ၾကလို႔ပါ။

၁၉၉၉ ခုႏွစ္ေရာက္မွ တယ္လီေဗးရွင္း ၾကည့္ရတဲ့ ႏိုင္ငံတစ္ခုပါ။ စစ္သည္ေတာ္ ၁၆၀၀၀ ပဲရွိပါတယ္။ ဆင္းရဲတဲ့ ႏိုင္ငံငယ္ေလးျဖစ္ၿပီး ၿမိဳ႕ေတာ္ဟာ ပဲခူးေလာက္ေတာင္ မစည္ပါဘူး။ အထပ္ျမင့္ အေဆာက္အအုံေတြ မရွိေပမယ့္ စုတ္ျပတ္ေနတဲ့ တဲအိမ္ေတြလဲမရွိပါဘူး။ ျပည့္တန္ဆာ လုံးဝမရွိသလို သူေတာင္းစားလဲ မရွိပါဘူး။ အမ်ိဳးသား ၃၀% ေလာက္ဟာ ဘုန္းႀကီး ေတြျဖစ္ၿပီး ၁၀ ႏွစ္အတြင္း တစ္ႏိုင္ငံလုံးမွာ အမႈတစ္မႈပဲ ရွိခဲ့ပါတယ္။ အဲ့ဒီ အမႈကလည္း ဘုန္းႀကီး ေက်ာင္းထဲကို ဖိနပ္စီးၿပီး ဝင္မိလို႔ပါ။

ဆင္းရဲေပမယ့္ လူဦးေရရဲ႕ ၉၇% ဟာ စာတတ္ၾကပါတယ္။ ႏိုင္ငံျခားကိုထြက္ၿပီး ပညာေတာ္သင္သူေတြရဲ႕ ၉၉% ဟာ ေနရပ္ကို ျပန္လာၾကပါတယ္။ ႏိုင္ငံသားေတြဟာ ေပ်ာ္႐ႊင္မႈ ရွိၾကၿပီး ခ်မ္းသာျခင္းကို ႐ုပ္ဝတၱဳေတြနဲ႔ မတိုင္းတာပဲ စိတ္ခ်မ္းသာမႈနဲ႔သာ တိုင္းတာၾကပါတယ္။ စည္းမ်ည္းခံ ဘုရင္စနစ္ျဖစ္ၿပီး ဘုရင္မွာ မိဖုရား တစ္ပါးသာ ရွိပါတယ္။

ပုံျပင္ ဆန္ဆန္ အခ်စ္ဇတ္လမ္းေလးလည္း ရွိပါတယ္။ အဲဒါကေတာ့ တစ္ေန႔ ၁၇ ႏွစ္အ႐ြယ္ အိမ္ ေရွ႕မင္းသားဟာ တိုင္းခန္း လွည့္လည္တဲ့အခါမွာ ၇ ႏွစ္သမီးအ႐ြယ္ မိန္းကေလး တစ္ေယာက္က သူ႔ကိုေခၚသြားဖို႔ ေျပာပါတယ္။

အဲဒီအခါ မင္းသားက မင္းလဲ အ႐ြယ္ေရာက္ အိမ္ေထာင္ မရွိတဲ့အခါ ငါလဲ အိမ္ေထာင္ မျပဳရေသးရင္ လာေခၚမယ္လို႔ ကတိေပးခဲ့ပါတယ္။ ေနာင္တစ္ခ်ိန္ မင္းသားက ၃၁ ႏွစ္ မိဖုရားက ၂၁ ႏွစ္အ႐ြယ္မွာ ကတိအတိုင္း လက္ထပ္ခဲ့ပါတယ္။ မင္းသားက ၁၉ ႏွစ္အ႐ြယ္မွာ ဘုရင္ျဖစ္လာခဲ့ၿပီး ေအာက္စဖို႔တကၠသိုလ္က ဘြဲ႕ရခဲ့ပါတယ္။

အဲဒီႏိုင္ငံက ဗုဒၶဘုရားရွင္ ေဟာၾကားတဲ့ တရားေတာ္ေတြထဲမွာ ပါေလ့ရွိတဲ့ ေတာင္တန္းႀကီးေပၚမွာ ရွိပါတယ္။ ေတာင္ေပၚႏိုင္ငံေလးရဲ႕ နာမည္ကေတာ့ ဘူတန္ ျဖစ္ပါတယ္။

Credit : မူရင္းေရးသားသူ

(Unicode Version)

ပြည့်တန်ဆာ လုံးဝမရှိ သူတောင်းစားလဲ မရှိတဲ့ ကမ္ဘာ့ စိတ်အချမ်းသာဆုံး နိုင်ငံ

မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့နိုင်ငံ။ တောင်ပေါ်နိုင်ငံ ငယ်လေး တစ်ခု၊ လူဦးရေ ၆ သိန်းကျော်သာရှိပြီး ဆေးလိပ် သောက်တဲ့သူ ၁% ပဲရှိပါတယ်။ Giordano ဂျင်းဘောင်းဘီ ဘာဖက်ရှင် ညာဖက်ရှင် လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာအမျိုးသား အမျိုးသမီး ဝတ်စုံကလွဲရင် ဘာမှမဝတ်ကြလို့ပါ။

၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခုပါ။ စစ်သည်တော် ၁၆၀၀၀ ပဲရှိပါတယ်။ ဆင်းရဲတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်ဟာ ပဲခူးလောက်တောင် မစည်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေ မရှိပေမယ့် စုတ်ပြတ်နေတဲ့ တဲအိမ်တွေလဲမရှိပါဘူး။ ပြည့်တန်ဆာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူး။ အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲ ရှိခဲ့ပါတယ်။ အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ပါ။

ဆင်းရဲပေမယ့် လူဦးရေရဲ့ ၉၇% ဟာ စာတတ်ကြပါတယ်။ နိုင်ငံခြားကိုထွက်ပြီး ပညာတော်သင်သူတွေရဲ့ ၉၉% ဟာ နေရပ်ကို ပြန်လာကြပါတယ်။ နိုင်ငံသားတွေဟာ ပျော်ရွှင်မှု ရှိကြပြီး ချမ်းသာခြင်းကို ရုပ်ဝတ္တုတွေနဲ့ မတိုင်းတာပဲ စိတ်ချမ်းသာမှုနဲ့သာ တိုင်းတာကြပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်။

ပုံပြင် ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့ တစ်နေ့ ၁၇ နှစ်အရွယ် အိမ် ရှေ့မင်းသားဟာ တိုင်းခန်း လှည့်လည်တဲ့အခါမှာ ၇ နှစ်သမီးအရွယ် မိန်းကလေး တစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။

အဲဒီအခါ မင်းသားက မင်းလဲ အရွယ်ရောက် အိမ်ထောင် မရှိတဲ့အခါ ငါလဲ အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။ မင်းသားက ၁၉ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အောက်စဖို့တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။

အဲဒီနိုင်ငံက ဗုဒ္ဓဘုရားရှင် ဟောကြားတဲ့ တရားတော်တွေထဲမှာ ပါလေ့ရှိတဲ့ တောင်တန်းကြီးပေါ်မှာ ရှိပါတယ်။ တောင်ပေါ်နိုင်ငံလေးရဲ့ နာမည်ကတော့ ဘူတန် ဖြစ်ပါတယ်။

Credit : မူရင်းရေးသားသူ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္