မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ သံေတာင္ႀကီးျမိဳ႕တြင္ ေနရာအႏွံ႔ ေျမၿပိဳမႈ ျဖစ္ပြားခ့ဲၿပီး လူေနအိမ္ (၃) လုံးပ်က္စီး

မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ သံေတာင္ႀကီးျမိဳ႕တြင္ ေနရာအႏွံ႔ ေျမၿပိဳမႈ ျဖစ္ပြားခ့ဲၿပီး လူေနအိမ္ (၃) လုံးပ်က္စီး

သံေတာင္ႀကီး – ဇြန္ (၁၃)

ကရင္ျပည္နယ္ သံေတာင္ႀကီးျမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းခ့ဲမႈေႀကာင့္ ေနရာအနွံ့ ေျမျပိဳ မႈမ်ားျဖစ္ပြားခ့ဲသည္။ အမွတ္(၃)ရပ္ကြက္ (ကြက္သစ္) ေန ဦးေစာလွၿမင့္၏ ေနအိမ္အေပၚသို႕ ေပ (၄၀) ခန္႕အျမင့္ရွိ ကမ္းပါးယံၿပိဳ က်ခ့ဲရာ ၎၏ ေနအိမ္အုတ္ကာ သြပ္မိုး တစ္ထပ္အိမ္နွင့္ ထရံကာ သြပ္မိုး ေစ်းဆိုင္ခန္း ပ်က္စီးသြားခ့ဲသည္။

အမွတ္ (၁) ရပ္ကြက္ ဦးေစာလွေမာင္ ေနအိမ္မီးဖိုေဆာင္ေပၚ၌ ေျမျပိဳက်မႈ ျဖစ္ပြားသျဖင့္ မီးဖိုေဆာင္ တစ္ေဆာင္လုံးနွင့္ မီးဖိုေဆာင္သုံး ပစၥည္းမ်ား ေျမပိ ပ်က္စီးသြားခ့ဲသည္။ ေျမျပိဳမႈ မျဖစ္ပြားမီ ေျမအက္ေႀကာင္း မ်ား ျဖစ္ေပၚေနသည္ကို အေပၚအိမ္၏ သတိေပးမႈေႀကာင့္ လူနွင့္တိရစာၦန္ ထိခိုက္ဒဏ္ရာ ရ ရွိမႈ မရွိခ့ဲေႀကာင္း ေတြ႕ရသည္။

အလားတူ အမွတ္ (၁) ရပ္ကြက္ ဦးေစာဟူးေဂ ေနအိမ္ မီးဖိုေဆာင္၌ ေျမျပိဳ မႈ ျဖစ္ပြားခ့ဲသျဖင့္ ပ်က္စီးသြားခ့ဲေႀကာင္း သိရသည္။

ေျမျပိဳမႈ ျဖစ္ပြားခ့ဲေသာ ေနရာမ်ားသို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ မီးသတ္တပ္ဖြဲ႕ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴ းမ်ားနွင့္ ရပ္ကြက္ေန ျပည္သူမ်ားက ကူညီေဆာက္ရြက္မႈမ်ား ျပဳ လုပ္ေပးခ့ဲေႀကာင္း သိရသည္။

ၿမိဳ႕နယ္(ျပန္/ဆက္)

Source : Myanmaalinn

(Unicode Version)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့တွင် နေရာအနှံ့ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် (၃) လုံးပျက်စီး

သံတောင်ကြီး – ဇွန် (၁၃)

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေရာအနှံ့ မြေပြို မှုများဖြစ်ပွားခဲ့သည်။ အမှတ်(၃)ရပ်ကွက် (ကွက်သစ်) နေ ဦးစောလှမြင့်၏ နေအိမ်အပေါ်သို့ ပေ (၄၀) ခန့်အမြင့်ရှိ ကမ်းပါးယံပြို ကျခဲ့ရာ ၎င်း၏ နေအိမ်အုတ်ကာ သွပ်မိုး တစ်ထပ်အိမ်နှင့် ထရံကာ သွပ်မိုး စျေးဆိုင်ခန်း ပျက်စီးသွားခဲ့သည်။

အမှတ် (၁) ရပ်ကွက် ဦးစောလှမောင် နေအိမ်မီးဖိုဆောင်ပေါ်၌ မြေပြိုကျမှု ဖြစ်ပွားသဖြင့် မီးဖိုဆောင် တစ်ဆောင်လုံးနှင့် မီးဖိုဆောင်သုံး ပစ္စည်းများ မြေပိ ပျက်စီးသွားခဲ့သည်။ မြေပြိုမှု မဖြစ်ပွားမီ မြေအက်ကြောင်း များ ဖြစ်ပေါ်နေသည်ကို အပေါ်အိမ်၏ သတိပေးမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရ ရှိမှု မရှိခဲ့ကြောင်း တွေ့ရသည်။

အလားတူ အမှတ် (၁) ရပ်ကွက် ဦးစောဟူးဂေ နေအိမ် မီးဖိုဆောင်၌ မြေပြို မှု ဖြစ်ပွားခဲ့သဖြင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မြေပြိုမှု ဖြစ်ပွားခဲ့သော နေရာများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူ းများနှင့် ရပ်ကွက်နေ ပြည်သူများက ကူညီဆောက်ရွက်မှုများ ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္