




ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလှေ အားကောင်းရာ မှ အားအလွန်ကောင်း နေပါတယ်။










ဒေါက်တာထွန်းလွင်

(Unicode Version)

၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

မုန်တိုင်း ဖြစ်ပေါ်နိုင်မှု အခြေအနေ – ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်နိုင်ခြေ မရှိသေးပါ။

ဘင်္ဂလား ပင်လယ်အော်နဲ့ တောင်တရုတ် ပင်လယ်ပြင် အခြေအနေ။

(၁၃-၆-၂၀၁၈) ရက် နံနက် (၀၉းဝ၀) နာရီအချိန် KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ၊ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း မှာ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့် အတင့် မှ တိမ်ထူထပ် နေပါတယ်။ ရခိုင်ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်း ပေါ် ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါ တယ်။

အနောက်တောင် မုတ်သုံလေ အခြေအနေ။

ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ ှ အားကောင်းရာ မှ အားအလွန်ကောင်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင် အခြေအနေ။

မြန်မာ့ ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းကြီးပါမယ်။ မြန်မာ့ ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၉) ပေခန့် မှ (၁၇) ပေခန့် ရှိနိုင်ပါတယ်။

နေ့အပူချိန်များ အခြေအနေ။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ် တို့မှာ 20°C-26°C ခန့်၊ ကျန်ဒေသတွေ မှာ 27°C – 31°C ခန့်အထိ ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ အခြေအနေ – တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင် ဖြစ်ပေါ်ရန် အခြေအနေ။

မွန်းလွဲ ညနေပိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်ရန် သေချာမှု ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းတို့တွင် သေချာမှု ၁၅% မှ ၃၅% ခန့် နဲ့ ကျန်ဒေသများတွင် သေချာမှု ၃၅% မှ ၅၅% ခန့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက် – တစ်ပြည်လုံး မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပါမယ်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက် – မုတ်သုံလေ အားကောင်းရာ မှ အားအလွန်ကောင်း နိုင်ပါတယ်။

ဒေါက်တာထွန်းလွင််