မင္းျပား၊ ေျမာက္ဦး၊ ပုဏၰားကၽြန္းႏွင့္ ေက်ာက္ေတာ္ ၿမိဳ႕နယ္မ်ားတြင္ ေရႀကီး၊ ေက်ာင္းတစ္ခ်ိဳ႕ ပိတ္ထားရ

မင္းျပား၊ ေျမာက္ဦး၊ ပုဏၰားကၽြန္းႏွင့္ ေက်ာက္ေတာ္ ၿမိဳ႕နယ္မ်ားတြင္ ေရႀကီး၊ ေက်ာင္းတစ္ခ်ိဳ႕ ပိတ္ထားရ

နိရဥၥရာ၊ ဇြန္ ၁၃

ရခိုင္ျပည္နယ္တြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ မင္းျပား၊ ေျမာက္ဦး၊ ပုဏၰားကၽြန္းႏွင့္ ေက်ာက္ေတာ္ၿမိဳ႕ရွိ ေက်းရြာအမ်ားအျပားတြင္ ေရႀကီးေနသည္ဟု သတင္းရရွိသည္။ မင္းျပားၿမိဳ႕ေပၚတြင္ ေရ ၂ ေပမွ ၃ ေပခန္႔အထိ ေရျမဳပ္ေန၍ ၿမိဳ႕ေပၚရွိ ေက်ာင္းမ်ားကို ပိတ္ထားရသည္ဟု ဆိုသည္။

“ၿမိဳ႕ဆင္ျခင္ဖံုးရပ္ကြက္ ေျမနိမ့္ပိုင္းေတြမွာေတာ့ ခါးေလာက္၊ ေပါင္ေလာက္ ျမဳပ္ေနပါတယ္။ ေက်ာင္းနားတစ္၀ိုက္မွာလည္း ေရနစ္ျမဳပ္ေနတဲ့အတြက္ အထက ၁ ၊ အထက ၃ ေက်ာင္းေတြကို ပိတ္ထားရပါတယ္။ ေရက ေတာင္ေျခရင္းအထိေတာင္ ေရာက္ေနပါၿပီ”ဟု မင္းျပားၿမိဳ႕ခံ ဦးသိန္းစံက နိရဥရာသတင္းဌာနသို႔ေျပာသည္။

မင္းျပားၿမိဳ႕ေပၚတြင္ ကမ္းနားလမ္း၊ ေျမာင္ေဘြလမ္းႏွင့္ ရံုးတက္လမ္းမွအပ က်န္လမ္းမ်ားႏွင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ား ေရျမဳပ္ေနသည္ဟုဆိုသည္။ မင္းျပားၿမိဳ႕နယ္ရွိ ပန္းေျမာင္းႀကီးေခ်ာင္းႏွင့္ ဖံုသာေခ်ာင္းတစ္ေလွ်ာက္ရွိ ေက်းရြာအမ်ားအျပားတြင္လည္း ေရျမဳပ္ေနသည္ဟု သိရသည္။

“မင္းျပားျမိဳ႕နယ္ မင္းဖူးဘက္နဲ႔ ကုလားမေတာင္ဘက္တို႔မွာ ခါးေလာက္ရွိၿပီးေတာ့ ေရႊတမာ၊ ေရႊက်န္ အနီးတစ္၀ိုက္ ေက်းရြာေတြမွာေတာ့ ေရက ရင္ေလာက္ေတာင္ ျမဳပ္ေနပါၿပီ။ ေက်းရြာေတြကေတာ့ ပန္းေျမာင္းႀကီးေခ်ာင္းနဲ႔ ဖံုသာေခ်ာင္းတစ္ေလွ်ာက္ အားလံုး ေရျမဳပ္ေနပါတယ္”ဟု ဦးသိန္းစံကေျပာသည္။

ေျမာက္ဦးၿမိဳ႕ရွိ ေအာင္တပ္ရပ္ကြက္ႏွင့္ ေျမနိမ့္ပိုင္း ေနရာမ်ားတြင္လည္း ေရျမဳပ္ေနၿပီဟု သိရသည္။

“အိမ္ေအာက္အခမ္းေတြမွာ ေရျမဳပ္ေနတဲ့အတြက္ ပစၥည္းေတြကို အေပၚထပ္ကို တင္ေနရပါတယ္။ ေရစတက္လာတာက ဒီေန႔ ေန႔လယ္ ၁ နာရီ၀န္းက်င္ ေလာက္ကပါ။ ဒီတိုင္းဆက္ၿပီး ေရတက္လာရင္ အေျခအေန ပိုဆိုးလာႏိုင္ပါတယ္”ဟု ေျမာက္ဦးၿမိဳ႕ ေအာင္တပ္ရပ္ကြက္မွ ကိုသန္းေအာင္က ေျပာသည္။

ပုဏၰားကြန္းၿမိဳ႕နယ္ ကုလားတန္ယိုးေခ်ာင္းၾကားေဒသတစ္ေလွ်ာက္ရွိ ေက်းရြာမ်ားႏွင့္ ကုလားတန္ အေရွ႕ဘက္ျခမ္း ေျမာက္ဦးၿမိဳ႕နယ္ရွိ ရြာအမ်ားစုမွာလည္း စတင္ေရျမဳပ္ေနျပီဟု မာန္ေအာင္သားဆရာေတာ္မွ ဓာတ္ပံုႏွင့္ တစ္ကြ ေဖာ္ျပထားသည္။

ယင္းအျပင္ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ ေက်းရြာအမ်ားအျပားတြင္လည္း ေရႀကီးျပီး နစ္ျမဳပ္မႈမ်ား ရွိေနသည္ဟု သိရသည္။

စံေမာင္သန္း၊ စစ္ေတြ

ဓါတ္ပံု-ေျမာက္ဦး ႏွင့္ မင္းျပားတြင္ ေရႀကီးေနပံု

Source : Narinjara

(Unicode Version)

မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်များတွင် ရေကြီး၊ ကျောင်းတစ်ချို့ ပိတ်ထားရ

နိရဥ္စရာ၊ ဇွန် ၁၃

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့ရှိ ကျေးရွာအများအပြားတွင် ရေကြီးနေသည်ဟု သတင်းရရှိသည်။ မင်းပြားမြို့ပေါ်တွင် ရေ ၂ ပေမှ ၃ ပေခန့်အထိ ရေမြုပ်နေ၍ မြို့ပေါ်ရှိ ကျောင်းများကို ပိတ်ထားရသည်ဟု ဆိုသည်။

“မြို့ဆင်ခြင်ဖုံးရပ်ကွက် မြေနိမ့်ပိုင်းတွေမှာတော့ ခါးလောက်၊ ပေါင်လောက် မြုပ်နေပါတယ်။ ကျောင်းနားတစ်ဝိုက်မှာလည်း ရေနစ်မြုပ်နေတဲ့အတွက် အထက ၁ ၊ အထက ၃ ကျောင်းတွေကို ပိတ်ထားရပါတယ်။ ရေက တောင်ခြေရင်းအထိတောင် ရောက်နေပါပြီ”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဥရာသတင်းဌာနသို့ပြောသည်။

မင်းပြားမြို့ပေါ်တွင် ကမ်းနားလမ်း၊ မြောင်ဘွေလမ်းနှင့် ရုံးတက်လမ်းမှအပ ကျန်လမ်းများနှင့် မြို့ပေါ်ရပ်ကွက်များ ရေမြုပ်နေသည်ဟုဆိုသည်။ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာအများအပြားတွင်လည်း ရေမြုပ်နေသည်ဟု သိရသည်။

“မင်းပြားမြို့နယ် မင်းဖူးဘက်နဲ့ ကုလားမတောင်ဘက်တို့မှာ ခါးလောက်ရှိပြီးတော့ ရွှေတမာ၊ ရွှေကျန် အနီးတစ်ဝိုက် ကျေးရွာတွေမှာတော့ ရေက ရင်လောက်တောင် မြုပ်နေပါပြီ။ ကျေးရွာတွေကတော့ ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းတစ်လျှောက် အားလုံး ရေမြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။

မြောက်ဦးမြို့ရှိ အောင်တပ်ရပ်ကွက်နှင့် မြေနိမ့်ပိုင်း နေရာများတွင်လည်း ရေမြုပ်နေပြီဟု သိရသည်။

“အိမ်အောက်အခမ်းတွေမှာ ရေမြုပ်နေတဲ့အတွက် ပစ္စည်းတွေကို အပေါ်ထပ်ကို တင်နေရပါတယ်။ ရေစတက်လာတာက ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင် လောက်ကပါ။ ဒီတိုင်းဆက်ပြီး ရေတက်လာရင် အခြေအနေ ပိုဆိုးလာနိုင်ပါတယ်”ဟု မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်မှ ကိုသန်းအောင်က ပြောသည်။

ပုဏ္ဏားကွန်းမြို့နယ် ကုလားတန်ယိုးချောင်းကြားဒေသတစ်လျှောက်ရှိ ကျေးရွာများနှင့် ကုလားတန် အရှေ့ဘက်ခြမ်း မြောက်ဦးမြို့နယ်ရှိ ရွာအများစုမှာလည်း စတင်ရေမြုပ်နေပြီဟု မာန်အောင်သားဆရာတော်မှ ဓာတ်ပုံနှင့် တစ်ကွ ဖော်ပြထားသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ ကျေးရွာအများအပြားတွင်လည်း ရေကြီးပြီး နစ်မြုပ်မှုများ ရှိနေသည်ဟု သိရသည်။

စံမောင်သန်း၊ စစ်တွေ

ဓါတ်ပုံ-မြောက်ဦး နှင့် မင်းပြားတွင် ရေကြီးနေပုံ

Source : Narinjara