ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ စလင္းၿမိဳ႕နယ္အတြင္းရွိ မီးရထားလမ္းႏွင့္တံတားတုိ့ ပ်က္စီးမႈျဖစ္ပြား

ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ စလင္းၿမိဳ႕နယ္အတြင္းရွိ မီးရထားလမ္းႏွင့္တံတားတုိ့ ပ်က္စီးမႈျဖစ္ပြား

ေနျပည္ေတာ္ ဇြန္ ၁၃

မေကြးတုိင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ ကန္ေတာ္ေက်းရြာ၏အေနာက္ဘက္ရွိ ႀကံခင္း- ပခုကၠဴမီးရထားလမ္းသည္ သံလမ္းေအာက္ ေျမသားတာေပါင္ ေပ ၅ဝ ခန္႔အထိ မိုးေရ တုိက္စားမႈေၾကာင့္ ေျမသားလမ္းတာေပါင္ ျပဳတ္ထြက္ၿပီး ေရစီးႏွင့္ေမ်ာပါသြားခဲ့သည္။

အလားတူ စလင္းၿမိဳ႕နယ္၊ လက္ပံက်င္း ေက်းရြာအနီး စလင္း-ေစတုတၱရာ ကားလမ္း၊ မိုင္တုိင္အမွတ္ ၇/၆ ႏွင့္ ၇/၇ ၾကားရွိ အရွည္ေပ ၃၆ဝ ရွိ လက္ပံက်င္းေခ်ာင္း တံတားသည္ ေခ်ာင္းေရတုိက္စားမႈေၾကာင့္ စလင္းဘက္အျခမ္းရွိ တံတားခ်ဥ္းကပ္ေျမကာ နံရံေပ ၃ဝ ခန္႔ ပဲ့က်သြားခဲ့ေၾကာင္း သိရွိရသည္။

အဆုိပါ ပ်က္စီးမႈမ်ားေၾကာင့္ လူ၊ တိရစၧာန္ ထိခိုက္မႈမရွိဘဲ သက္ဆုိင္ရာဌာန မ်ားမွ အျမန္ဆံုးျပန္လည္ ျပဳဳျပင္ႏိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

Source : တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး

(Unicode Version)

ရေကြီးရေလျှံမှုများကြောင့် စလင်းမြို့နယ်အတွင်းရှိ မီးရထားလမ်းနှင့်တံတားတို့ ပျက်စီးမှုဖြစ်ပွား

နေပြည်တော် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာ၏အနောက်ဘက်ရှိ ကြံခင်း- ပခုက္ကူမီးရထားလမ်းသည် သံလမ်းအောက် မြေသားတာပေါင် ပေ ၅ဝ ခန့်အထိ မိုးရေ တိုက်စားမှုကြောင့် မြေသားလမ်းတာပေါင် ပြုတ်ထွက်ပြီး ရေစီးနှင့်မျောပါသွားခဲ့သည်။

အလားတူ စလင်းမြို့နယ်၊ လက်ပံကျင်း ကျေးရွာအနီး စလင်း-စေတုတ္တရာ ကားလမ်း၊ မိုင်တိုင်အမှတ် ၇/၆ နှင့် ၇/၇ ကြားရှိ အရှည်ပေ ၃၆ဝ ရှိ လက်ပံကျင်းချောင်း တံတားသည် ချောင်းရေတိုက်စားမှုကြောင့် စလင်းဘက်အခြမ်းရှိ တံတားချဉ်းကပ်မြေကာ နံရံပေ ၃ဝ ခန့် ပဲ့ကျသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးမှုများကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ သက်ဆိုင်ရာဌာန များမှ အမြန်ဆုံးပြန်လည် ပြုုပြင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး