၂၀၁၈ ကမၻာ့ဖလား ေဘာလံုးပြဲစဥ္မ်ားမွ ၁၆ ပြဲကို ျမန္မာ့႐ုပ္ျမင္သံၾကား MRTV က တိုက္႐ိုက္ ျပသမည္

႐ုရွားႏုိင္ငံတြင္ က်င္းပ မည့္ ကမၻာ့ဖလားေဘာလံုးၿပိဳင္ပြဲ ပြဲစဥ္ ၆၄ ပြဲအနက္ ၁၆ ပြဲကို ျမန္မာ့႐ုပ္ျမင္သံၾကား (MRTV) က တိုက္႐ုိက္ျပသမည္ ျဖစ္သည္။

အဆိုပါ ျပသမႈအစီအစဥ္ တြင္ ကမၻာ့ဖလား ဖြင့္ပြဲ၊ ပိတ္ပြဲ၊ အုပ္စုပြဲစဥ္၊ အုပ္စုပြဲစဥ္ (၉) ပြဲ၊ ၁၆ သင္းအဆင့္႐ႈံးထြက္ (၂) ပြဲ၊ ကြာ တားဖုိင္နယ္ (၂) ပြဲ၊ အႀကိဳဗိုလ္လု ပြဲ (၂) ပြဲႏွင့္ ဗုိလ္လုပြဲ (၁) ပြဲ၊ စုစု ေပါင္း ၁၆ ပြဲ တုိက္႐ိုက္ျပသမည္ ျဖစ္ေၾကာင္း ျမန္မာ့႐ုပ္ျမင္သံ ၾကားက ဇြန္လ ၁၃ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

ကမၻာ့ဖလားၿပိဳင္ပြဲ ဖြင့္ပြဲကို ဇြန္လ ၁၄ ရက္ ျမန္မာစံေတာ္ ခ်ိန္ည ၈ နာရီခြဲတြင္ ႐ုရွားႏုိင္ငံ ေမာ္စကိုၿမိဳ႕ရွိ လူစနီကီအားက စားကြင္း၌ က်င္းပမည္ျဖစ္ၿပီး ယင္းဖြင့္ပြဲက စတင္ကာ ျမန္မာ့ ႐ုပ္ျမင္သံၾကားက တိုက္႐ုိက္ျပသ မည္ျဖစ္သည္။

၂၀၁၈ ကမၻာ့ဖလား ေဘာလံုး ၿပိဳင္ပြဲကို ဇြန္လ ၁၄ ရက္မွ ဇူလိုင္ ၁၅ ရက္အထိ ႐ုရွားႏိုင္ငံတြင္ က်င္းပမည္ျဖစ္ၿပီးၿပိဳင္ပြဲ၀င္ ၃၂ ႏုိင္ငံမွ လက္ေရြးစင္ေဘာလံုး အသင္းမ်ားက အုပ္စုရွစ္ခုခြဲ၍ ယွဥ္ ၿပိဳင္မည္ျဖစ္သည္။

ကမၻာ့ဖလားၿပိဳင္ပြဲကို ျမန္မာ ႏုိင္ငံမွ အခေပး ႐ုပ္သံလိုင္းျဖစ္ သည့္ SkyNet ႐ုပ္သံလိုင္းက တ ရား၀င္ ျပသခြင့္ရရွိထားၿပီး ဖြင့္ပြဲ၊ ပိတ္ပြဲအပါအ၀င္ ပြဲစဥ္ ၆၄ ပြဲစလုံးကို SkyNet Sports 1, Sports 6 ႏွင့္ Sports HD ႐ုပ္သံ လိုင္းတို႔၌ တိုက္႐ိုက္ ထုတ္လႊင့္ျပသမည္ျဖစ္ သည္။

Source : 7 Day News Journal

(Unicode Version)

၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များမှ ၁၆ ပွဲကို မြန်မာ့ရုပ်မြင်သံကြား MRTV က တိုက်ရိုက် ပြသမည်

ရုရှားနိုင်ငံတွင် ကျင်းပ မည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ် ၆၄ ပွဲအနက် ၁၆ ပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက်ပြသမည် ဖြစ်သည်။

အဆိုပါ ပြသမှုအစီအစဉ် တွင် ကမ္ဘာ့ဖလား ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အုပ်စုပွဲစဉ်၊ အုပ်စုပွဲစဉ် (၉) ပွဲ၊ ၁၆ သင်းအဆင့်ရှုံးထွက် (၂) ပွဲ၊ ကွာ တားဖိုင်နယ် (၂) ပွဲ၊ အကြိုဗိုလ်လု ပွဲ (၂) ပွဲနှင့် ဗိုလ်လုပွဲ (၁) ပွဲ၊ စုစု ပေါင်း ၁၆ ပွဲ တိုက်ရိုက်ပြသမည် ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံ ကြားက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်လ ၁၄ ရက် မြန်မာစံတော် ချိန်ည ၈ နာရီခွဲတွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လူစနီကီအားက စားကွင်း၌ ကျင်းပမည်ဖြစ်ပြီး ယင်းဖွင့်ပွဲက စတင်ကာ မြန်မာ့ ရုပ်မြင်သံကြားက တိုက်ရိုက်ပြသ မည်ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီးပြိုင်ပွဲဝင် ၃၂ နိုင်ငံမှ လက်ရွေးစင်ဘောလုံး အသင်းများက အုပ်စုရှစ်ခုခွဲ၍ ယှဉ် ပြိုင်မည်ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ နိုင်ငံမှ အခပေး ရုပ်သံလိုင်းဖြစ် သည့် SkyNet ရုပ်သံလိုင်းက တ ရားဝင် ပြသခွင့်ရရှိထားပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအပါအဝင် ပွဲစဉ် ၆၄ ပွဲစလုံးကို SkyNet Sports 1, Sports 6 နှင့် Sports HD ရုပ်သံ လိုင်းတို့၌ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ် သည်။

Source : 7 Day News Journal