ကိုယ္တိုင္ ေျဖဆိုျခင္းမ႐ွိပဲ ရ႐ွိထားသည့္ ယာဥ္ေမာင္း လိုင္စင္မ်ားကို လာေရာက္အပ္ႏံွရန္ ကညန ေမတၱာရပ္ခံ

ယာဥ္ေမာင္းလိုင္စင္ရရိွရန္ ကိုယ္တိုင္လာေရာက္ေျဖဆိုျခင္းမရိွဘဲ လိုင္စင္ရရိွကိုင္ေဆာင္ေနသူမ်ားမွာ ယာဥ္ေမာင္းလိုင္စင္အတု ကိုင္ေဆာင္ေနသူမ်ားသာျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး တိုင္းဦးစီးမွဴးက ေျပာၾကားလိုက္သည္။

ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ သတ္မွတ္ယာဥ္ ေမာင္းလိုင္စင္အလိုက္ေရးေျဖနွင့္ လက္ေတြ႕ စစ္ေဆးမႈမ်ားေဆာင္ရြက္လ်က္ရိွၿပီး စိစစ္ထုတ္ေပးလ်က္ရိွရာတြင္ ကိုယ္တိုင္လာေရာက္ကာ စိစစ္မႈမ်ားကို ေျဖဆိုျခင္းမရိွဘဲ ယာဥ္ေမာင္းလိုင္စင္ရရိွကိုင္ေဆာင္ေနမႈမ်ားမွာ အတုကိုင္ေဆာင္ျခင္းသာျဖစ္ သည္ဟု တိုင္းဦးစီးမွဴးက ယာဥ္ေမာင္းလိုင္စင္အတုျပဳလုပ္ေနမႈမ်ားကို ေဖာ္ထုတ္အေရး ယူနိုင္ခဲ့မႈမ်ားနွင့္ပတ္သက္၍ သတင္းစာရွင္းလင္းပဲြတြင္ ေျပာၾကားခဲ့သည္။

”ကညန အေနနဲ႔ သတ္မွတ္လုပ္ထံုးလုပ္နည္း အဆင့္ဆင့္အတိုင္း ယာဥ္ေမာင္းလိုင္စင္ လြယ္လြယ္ကူကူ ရရိွေအာင္ ေဆာင္ရြက္ေပးေနပါတယ္။ ယာဥ္ေမာင္း လိုင္စင္ေလွ်ာက္ထားသူအေနနဲ႔ကေတာ့ ယာဥ္ေမာင္းတတ္ရမယ္။ ယာဥ္စည္းကမ္းလမ္းစည္းကမ္းနားလည္ရမယ္။ ဒါနဲ႔ ပတ္သက္ၿပီး စစ္ေဆးခ်က္ ေတြကို လာေရာက္ေျဖဆိုၿပီး ေအာင္ျမင္ရမယ္။ လာေရာက္ေျဖဆိုျခင္းမရိွဘဲ လိုင္စင္ရရိွကိုင္ေဆာင္ ေနသူေတြကေတာ့ အတုကိုင္ေဆာင္တာလို႔ပဲ ေျပာရမယ္။ ယာဥ္ေမာင္းလိုင္စင္ရရိွဖို႔ဆိုရင္ လိုင္စင္ ေျဖဆိုရပါ မယ္”ဟု တိုင္းဦးစီးမွဴးက ဇြန္ ၆ ရက္က ကညန(ျမင္သာ) ႐ံုးတြင္ က်င္းပျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပဲြ တြင္ ထည့္သြင္းေျပာၾကားသြားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန (ျမင္သာ)တြင္ ယာဥ္ေမာင္းလိုင္စင္ ေျဖဆိုမည့္သူမ်ား အြန္လိုင္းစနစ္ျဖင့္ ႀကိဳတင္ဘိုကင္ယူသည့္စနစ္ကို ၂၀၁၇ ခုနွစ္ ေအာက္တို ဘာ ၁ ရက္တြင္ စတင္ခဲ့ၿပီး တေန႔တာ ေရးေျဖစစ္ေဆးမႈ ၄ ႀကိမ္အတြက္ ေျဖဆိုသူ အေယာက္ ၄၀၀ ခန္႔ကို စစ္ေဆးေပး လ်က္ရိွေၾကာင္း၊ သို႔ရာတြင္ ယာဥ္ေမာင္းလိုင္စင္ေျဖဆိုျခင္း မရိွဘဲ လိုင္စင္ရယူ ကိုင္ေဆာင္ေနသူမ်ား ရိွေနေၾကာင္း သိရသည္။

ယာဥ္ေမာင္းလိုင္စင္မ်ားကို တခုလွ်င္ က်ပ္ ၂ သိန္းခဲြျဖင့္ ျမန္မာနိုင္ငံအနံွ႔ ျဖန္႔ျဖဴးေဆာင္ရြက္ေပးေနသည့္ အဖဲြ႕ႏွင့္ ရန္ကုန္ၿမိဳ႕ပတ္၀န္းက်င္တြင္ ျဖန္႔ျဖဴးေဆာင္ရြက္ေနသည့္အဖဲြ႕တို႔ကို ကညန (ရန္ကုန္တိုင္းေဒသႀကီး) နွင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕တို႔ပူးေပါင္းကာ အသြင္ယူ၍ေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့ျခင္းျဖစ္ၿပီး ယင္းသို႔ လိုင္စင္အတုမ်ားကို ကိုင္ေဆာင္ေနသူမ်ားအေနျဖင့္ သက္ဆိုင္ရာကညန႐ံုးမ်ားသို႔ လာေရာက္အပ္ႏံွေပး ျခင္းျဖင့္ ဌာနႏွင့္ပူးေပါင္းေဆာင္ရြက္ေပးရန္ကိုလည္း ကညန (ရန္ကုန္တိုင္းေဒသႀကီး)ဦးစီးမွဴးက ဆက္လက္ေျပာၾကားခဲ့သည္။

”ယာဥ္ေမာင္းလိုင္စင္အတုေတြ ျပဳလုပ္တာဟာ နိုင္ငံေတာ္အတြက္လည္း အမ်ားႀကီးဆံုး႐ံႈးတယ္။ အခြန္မရဘူး။ ဌာနရဲ႕ဂုဏ္သိကၡာလည္း က်ဆင္းပါတယ္။ ဌာနက ၀န္ထမ္းေတြကပဲလုပ္သလိုလို ျဖစ္ေနတယ္။ အရင္က တည္းကလည္း အခုလိုမ်ဳိး စံုစမ္းေဖာ္ထုတ္ခဲ့ပါတယ္။ ယာဥ္ေမာင္းလိုင္စင္အတု ကိုင္ေဆာင္သူေတြအေနနဲ႔ လည္း ကိုယ္တိုင္က လာေျဖျခင္းမရိွဘဲ ကိုင္ေဆာင္ေနတာမို႔ လာေရာက္အပ္ႏံွေပးဖို႔ ေမတၱာရပ္ခံပါတယ္။ ဒီလိုမွမဟုတ္ဘဲ စစ္ေဆးမႈေတြလုပ္တဲ့အခါ လိုင္စင္အတုကိုင္ေဆာင္မႈနဲ႔ အေရးယူခံရနိုင္ပါတယ္။ လိုင္စင္ မေျဖဘဲ ယာဥ္ေမာင္းလိုင္စင္ကိုင္ေဆာင္ေနသူေတြဟာ အတုကိုင္ေဆာင္တာပဲျဖစ္ပါတယ္”ဟု တိုင္းဦးစီးမွဴးက ထည့္သြင္းေျပာၾကားသြားခဲ့သည္။

ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန (ရန္ကုန္တိုင္းေဒသႀကီး)နွင့္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕တို႔ ပူးေပါင္းကာ ယာဥ္ေမာင္းလိုင္စင္အတုျပဳလုပ္ေနသူ ၁၀ ဦးကို ဖမ္းဆီးရမိခဲ့ၿပီး တရားခံေျပး ၁ ဦးရိွေနေၾကာင္း  ယေန႔ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပဲြမွ သိရသည္။

Source : News Watch

(Unicode Version)

ကိုယ်တိုင် ဖြေဆိုခြင်းမရှိပဲ ရရှိထားသည့် ယာဉ်မောင်း လိုင်စင်များကို လာရောက်အပ်နှံရန် ကညန မေတ္တာရပ်ခံ

ယာဉ်မောင်းလိုင်စင်ရရှိရန် ကိုယ်တိုင်လာရောက်ဖြေဆိုခြင်းမရှိဘဲ လိုင်စင်ရရှိကိုင်ဆောင်နေသူများမှာ ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်နေသူများသာဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူးက ပြောကြားလိုက်သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် သတ်မှတ်ယာဉ် မောင်းလိုင်စင်အလိုက်ရေးဖြေနှင့် လက်တွေ့ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး စိစစ်ထုတ်ပေးလျက်ရှိရာတွင် ကိုယ်တိုင်လာရောက်ကာ စိစစ်မှုများကို ဖြေဆိုခြင်းမရှိဘဲ ယာဉ်မောင်းလိုင်စင်ရရှိကိုင်ဆောင်နေမှုများမှာ အတုကိုင်ဆောင်ခြင်းသာဖြစ် သည်ဟု တိုင်းဦးစီးမှူးက ယာဉ်မောင်းလိုင်စင်အတုပြုလုပ်နေမှုများကို ဖော်ထုတ်အရေး ယူနိုင်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

”ကညန အနေနဲ့ သတ်မှတ်လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း ယာဉ်မောင်းလိုင်စင် လွယ်လွယ်ကူကူ ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ ယာဉ်မောင်း လိုင်စင်လျှောက်ထားသူအနေနဲ့ကတော့ ယာဉ်မောင်းတတ်ရမယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနားလည်ရမယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ဆေးချက် တွေကို လာရောက်ဖြေဆိုပြီး အောင်မြင်ရမယ်။ လာရောက်ဖြေဆိုခြင်းမရှိဘဲ လိုင်စင်ရရှိကိုင်ဆောင် နေသူတွေကတော့ အတုကိုင်ဆောင်တာလို့ပဲ ပြောရမယ်။ ယာဉ်မောင်းလိုင်စင်ရရှိဖို့ဆိုရင် လိုင်စင် ဖြေဆိုရပါ မယ်”ဟု တိုင်းဦးစီးမှူးက ဇွန် ၆ ရက်က ကညန(မြင်သာ) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ)တွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများ အွန်လိုင်းစနစ်ဖြင့် ကြိုတင်ဘိုကင်ယူသည့်စနစ်ကို ၂၀၁၇ ခုနှစ် အောက်တို ဘာ ၁ ရက်တွင် စတင်ခဲ့ပြီး တနေ့တာ ရေးဖြေစစ်ဆေးမှု ၄ ကြိမ်အတွက် ဖြေဆိုသူ အယောက် ၄၀၀ ခန့်ကို စစ်ဆေးပေး လျက်ရှိကြောင်း၊ သို့ရာတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း မရှိဘဲ လိုင်စင်ရယူ ကိုင်ဆောင်နေသူများ ရှိနေကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်များကို တခုလျှင် ကျပ် ၂ သိန်းခွဲဖြင့် မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးဆောင်ရွက်ပေးနေသည့် အဖွဲ့နှင့် ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် ဖြန့်ဖြူးဆောင်ရွက်နေသည့်အဖွဲ့တို့ကို ကညန (ရန်ကုန်တိုင်းဒေသကြီး) နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ပူးပေါင်းကာ အသွင်ယူ၍ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လိုင်စင်အတုများကို ကိုင်ဆောင်နေသူများအနေဖြင့် သက်ဆိုင်ရာကညနရုံးများသို့ လာရောက်အပ်နှံပေး ခြင်းဖြင့် ဌာနနှင့်ပူးပေါင်းဆောင်ရွက်ပေးရန်ကိုလည်း ကညန (ရန်ကုန်တိုင်းဒေသကြီး)ဦးစီးမှူးက ဆက်လက်ပြောကြားခဲ့သည်။

”ယာဉ်မောင်းလိုင်စင်အတုတွေ ပြုလုပ်တာဟာ နိုင်ငံတော်အတွက်လည်း အများကြီးဆုံးရှုံးတယ်။ အခွန်မရဘူး။ ဌာနရဲ့ဂုဏ်သိက္ခာလည်း ကျဆင်းပါတယ်။ ဌာနက ဝန်ထမ်းတွေကပဲလုပ်သလိုလို ဖြစ်နေတယ်။ အရင်က တည်းကလည်း အခုလိုမျိုး စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်သူတွေအနေနဲ့ လည်း ကိုယ်တိုင်က လာဖြေခြင်းမရှိဘဲ ကိုင်ဆောင်နေတာမို့ လာရောက်အပ်နှံပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီလိုမှမဟုတ်ဘဲ စစ်ဆေးမှုတွေလုပ်တဲ့အခါ လိုင်စင်အတုကိုင်ဆောင်မှုနဲ့ အရေးယူခံရနိုင်ပါတယ်။ လိုင်စင် မဖြေဘဲ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်နေသူတွေဟာ အတုကိုင်ဆောင်တာပဲဖြစ်ပါတယ်”ဟု တိုင်းဦးစီးမှူးက ထည့်သွင်းပြောကြားသွားခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်နေသူ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားခံပြေး ၁ ဦးရှိနေကြောင်း  ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Source : News Watch