မိဘကို ေစာ္ကား စိတ္မခ်မ္းမသာ ျဖစ္ေအာင္ မ်က္ရည္ေပါက္ႀကီးငယ္ က်ေအာင္ လုပ္တဲ့သူေတြ ခံရမည့္ ဒဏ္ (၁၀) ပါး

မိဘကုိေစာ္ကား စိတ္မခ်မ္းမသာျဖစ္ေအာင္ မ်က္ရည္ေပါက္ ႀကီးငယ္က်ေအာင္ လုပ္ခဲ့တဲ့ ဘယ္သားသမီးမဆုိ ဘဝမွာ ဘာလုပ္လုပ္ အဆင္မေျပပါဘူး။ အရာရာ ဆုံးရူံးမွဳေတြနဲ႕ ရင္ဆုိင္ရမယ္ဆုိတာ ၅၅၀ နိပါတ္ေတာ္ ထဲက ဇာတ္လမ္းေတြ ထုတ္ျပေနရင္ မယုံသူေတြ ရွိေကာင္း ရွိနုိင္တယ္။

အခုလက္ေတြ႕ ဘဝျဖစ္စဥ္မွာပဲ သက္ေသခံ အျဖစ္အပ်က္ေတြ အမ်ားႀကီးပဲ။ လြယ္လြယ္နဲ႔ ၿပီးရမယ့္၊ ရ ရမယ့္အရာေတာင္ အခက္အခဲေတြ အမ်ားႀကီးနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ မ်က္ေစ့ဖြင့္ နားစြင့္ ေလ့လာၾကည့္ၿပီး သင္ခန္းစာယူၾက အမွားကို ေရွာင္ၾကပါေလ။

မိမိ မွန္သည္ျဖစ္ေစ ၊ မွားသည္ျဖစ္ေစ မိဘေတြမ်ားအား ေဒါသတႀကီး၊ ေအာ္ႀကီး၊ ဟစ္က်ယ္ ျပန္လွန္ ေျပာဆိုခဲ့မိလွ်င္ လက္႐ွိ ပစၥဳန္ပၸန္ဘ၀တြင္ ေဖာ္ျပပါ ဒဏ္ဆယ္ပါးထဲက အနည္းဆံုး တစ္ပါးပါး သင့္တတ္ပါသည္။ အဆိုပါ ဒဏ္ဆယ္ပါးမွာ

၁။ ၾကမ္းၾကဳတ္ေသာ ေ၀ဒနာ ခံစားရျခင္း

၂။ ကိုယ္ခႏၶာ ပ်က္စီးျခင္း

၃။ အနာေရာဂါျဖစ္ျခင္း

၄။ ႐ူးသြပ္ျခင္း

၅။ မင္းျပစ္ မင္းဒဏ္သင့္ျခင္း

၆။ အႀကီးအက်ယ္ စြပ္စြဲခံရျခင္း

၇။ မိဘ သားသမီး ဇနီးမယားမ်ား ေဆြမ်ိဳးမ်ား ပ်က္စီးျခင္း

၈။ စည္းစိမ္ခ်မ္းသာ ပ်က္စီး ဆံုးရွဳံးျခင္း

၉။ ေနအိမ္စသည့္ မီးေလာင္ျခင္း

၁၀။ ငရဲက်ေရာက္ျခင္း တိုု႔ျဖစ္ၾကပါသည္။

ထို႕ေၾကာင့္ မိမိ မွန္ေနတယ္ဆိုရင္ေတာင္မွ မိဘေတြကို ေဒါသတႀကီး ေအာ္ဟစ္ႀကီးက်ယ္ ျပန္လွန္မေျပာဆို သင့္ဘူးေပ။ အက်ိဳးသင့္ အေၾကာင္းသင့္ နား၀င္ေအာင္ ေအးေအးေဆးေဆး သာစြာ ေျပာဆိုၾကရပါမည္။ အက်ိဳးသင့္ အေၾကာင္းသင့္ ျပန္ေျပာလို႔မွ မိဘမ်ား လက္မခံရင္လည္း သူတို႔ေရွ႕ေမွာက္မွ ေ႐ွာင္ထြက္သြားလိုက္ပါ ။ မိဘေတြ စိတ္ဆိုးေျပေလာက္မွ ေျဖးေျဖးျခင္း နား၀င္လာေအာင္ ျပန္လည္႐ွင္းျပပါ ။

အကယ္၍ မိဘမ်ားကို လြန္လြန္က်ဴးက်ဴး ျပန္ေျပာမိျပီဆိုရင္ မိဘကို ဖြင့္ေျပာျပီး ဝန္ခ်ကန္ေတာ့ ေတာင္းပန္ပါ။ မိဘမ်ားမရိွေတာ့ပါက ဘုရားေက်ာင္းေဆာင္ေရွ႕သြားျပီး ဝန္ခ်ကန္ေတာ့ ေတာင္းပန္သင့္ေပသည္။

မိဘမ်ားေက်းဇူး သိတတ္သူမ်ားျဖစ္ႏိုင္ၾကပါေစ။

Credit : ဓမၼရတနာ

(Unicode Version)

မိဘကို စော်ကား စိတ်မချမ်းမသာ ဖြစ်အောင် မျက်ရည်ပေါက်ကြီးငယ် ကျအောင် လုပ်တဲ့သူတွေ ခံရမည့် ဒဏ် (၁၀) ပါး

မိဘကိုစော်ကား စိတ်မချမ်းမသာဖြစ်အောင် မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်ခဲ့တဲ့ ဘယ်သားသမီးမဆို ဘဝမှာ ဘာလုပ်လုပ် အဆင်မပြေပါဘူး။ အရာရာ ဆုံးရူံးမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ၅၅၀ နိပါတ်တော် ထဲက ဇာတ်လမ်းတွေ ထုတ်ပြနေရင် မယုံသူတွေ ရှိကောင်း ရှိနိုင်တယ်။

အခုလက်တွေ့ ဘဝဖြစ်စဉ်မှာပဲ သက်သေခံ အဖြစ်အပျက်တွေ အများကြီးပဲ။ လွယ်လွယ်နဲ့ ပြီးရမယ့်၊ ရ ရမယ့်အရာတောင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မျက်စေ့ဖွင့် နားစွင့် လေ့လာကြည့်ပြီး သင်ခန်းစာယူကြ အမှားကို ရှောင်ကြပါလေ။

မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိဘတွေများအား ဒေါသတကြီး၊ အော်ကြီး၊ ဟစ်ကျယ် ပြန်လှန် ပြောဆိုခဲ့မိလျှင် လက်ရှိ ပစ္စုန်ပ္ပန်ဘဝတွင် ဖော်ပြပါ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါး သင့်တတ်ပါသည်။ အဆိုပါ ဒဏ်ဆယ်ပါးမှာ

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း

၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း

၃။ အနာရောဂါဖြစ်ခြင်း

၄။ ရူးသွပ်ခြင်း

၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း

၆။ အကြီးအကျယ် စွပ်စွဲခံရခြင်း

၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း

၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း

၉။ နေအိမ်စသည့် မီးလောင်ခြင်း

၁၀။ ငရဲကျရောက်ခြင်း တိုု့ဖြစ်ကြပါသည်။

ထို့ကြောင့် မိမိ မှန်နေတယ်ဆိုရင်တောင်မှ မိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆို သင့်ဘူးပေ။ အကျိုးသင့် အကြောင်းသင့် နားဝင်အောင် အေးအေးဆေးဆေး သာစွာ ပြောဆိုကြရပါမည်။ အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ မိဘများ လက်မခံရင်လည်း သူတို့ရှေ့မှောက်မှ ရှောင်ထွက်သွားလိုက်ပါ ။ မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း နားဝင်လာအောင် ပြန်လည်ရှင်းပြပါ ။

အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့ တောင်းပန်ပါ။ မိဘများမရှိတော့ပါက ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့ တောင်းပန်သင့်ပေသည်။

မိဘများကျေးဇူး သိတတ်သူများဖြစ်နိုင်ကြပါစေ။

Credit : ဓမ္မရတနာ