အိမ္မွာ အလြယ္တကူ ျပဳလုပ္ႏိုင္တဲ့ ၾကက္ဥေပါင္း လုပ္နည္း

အိမ္မွာ အလြယ္တကူ ျပဳလုပ္ႏိုင္တဲ့ ၾကက္ဥေပါင္း လုပ္နည္း

ၾကက္ဥေလးေတြ ေရေဆး အေပါက္ ေသးေသးေလးေတြ ေဖာက္ၿပီး အထဲက အကာေတြ အႏွစ္ေတြကို စုတ္တံအသစ္နဲ႔ စုတ္ထုတ္ၿပီး ဇလံုႀကီးႀကီးထဲထည့္။

ၿပီးေတာ့ ဆားနဲ႔ င႐ုတ္ေကာင္းမႈန္႔ ထည့္ၿပီး ေရာေမႊ။ (ေရလံုးဝမပါရပါ)

ေနာက္ၿပီး စုတ္တံေလးနဲ႔ ျပန္စုတ္ၿပီး ေစာေစာကအေပါက္ ေဖာက္ထားတဲ့ ၾကက္ဥေလးေတြထဲ တစ္ဝက္စီခန္႔ ျပန္ထည့္ေပး (အျပည့္ထည့္ၿပီး ေပါင္းရင္ ပြတက္လာၿပီး လွ်ံၾကကုန္မွာ စိုးလို႔ပါ)

ၿပီးသြားရင္ေတာ့ ၾကက္ဥေလးေတြကို ေပါင္းလို႔ ရပါၿပီ။ ေပါင္းတဲ့အခါ သိရမွာက အဖံုးကို ဆယ္မိႏွစ္ခန္႔ ပိတ္ၿပီးရင္ ဆယ္မိနစ္ေလာက္ အဖံုး ျပန္ဖြင့္ထားၿပီး ေပါင္းေပးရပါမယ္။

မိနစ္ 30 ေလာက္ ေပါင္းၿပီးရင္ေတာ့ က်က္ပါၿပီ။ ၿပီးရင္ေတာ့ စားခ်င္သလိုေလး လွီးၿပီး ပဲပုတ္အက်က္မႈန္႔နဲ႔ င႐ုတ္သီးမႈန္႔နဲ႔ ေရာၿပီး တို႔စားလို႔ ရပါၿပီ။

Credit : မူရင္းေရးသားသူ

(Unicode Version)

အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ကြက်ဥပေါင်း လုပ်နည်း

ကြက်ဥလေးတွေ ရေဆေး အပေါက် သေးသေးလေးတွေ ဖောက်ပြီး အထဲက အကာတွေ အနှစ်တွေကို စုတ်တံအသစ်နဲ့ စုတ်ထုတ်ပြီး ဇလုံကြီးကြီးထဲထည့်။

ပြီးတော့ ဆားနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး ရောမွှေ။ (ရေလုံးဝမပါရပါ)

နောက်ပြီး စုတ်တံလေးနဲ့ ပြန်စုတ်ပြီး စောစောကအပေါက် ဖောက်ထားတဲ့ ကြက်ဥလေးတွေထဲ တစ်ဝက်စီခန့် ပြန်ထည့်ပေး (အပြည့်ထည့်ပြီး ပေါင်းရင် ပွတက်လာပြီး လျှံကြကုန်မှာ စိုးလို့ပါ)

ပြီးသွားရင်တော့ ကြက်ဥလေးတွေကို ပေါင်းလို့ ရပါပြီ။ ပေါင်းတဲ့အခါ သိရမှာက အဖုံးကို ဆယ်မိနှစ်ခန့် ပိတ်ပြီးရင် ဆယ်မိနစ်လောက် အဖုံး ပြန်ဖွင့်ထားပြီး ပေါင်းပေးရပါမယ်။

မိနစ် 30 လောက် ပေါင်းပြီးရင်တော့ ကျက်ပါပြီ။ ပြီးရင်တော့ စားချင်သလိုလေး လှီးပြီး ပဲပုတ်အကျက်မှုန့်နဲ့ ငရုတ်သီးမှုန့်နဲ့ ရောပြီး တို့စားလို့ ရပါပြီ။

Credit : မူရင်းရေးသားသူ