ဓာတ္တိုင္ေပၚက ျပန္မဆင္းတတ္တဲ့ ေၾကာင္ကေလးေၾကာင့္ လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ရ

ေပ ၃၀ ျမင့္တဲ့ ဓာတ္တိုင္ေပၚ ေရာက္သြားတဲ့ ေၾကာင္ကေလးကို ကယ္တင္ဖို႔အတြက္ ကယ္ဆယ္ေရးဝန္ထမ္းေတြ၊ လွ်ပ္စစ္လုပ္သားေတြအားလံုး အလုပ္႐ႈပ္သြားခဲ့ရပါတယ္။

အခ်ိန္အတန္ၾကာခဲ့ၿပီးေနာက္ ဓာတ္တိုင္ထိပ္မွာ တုန္လႈပ္ေနတဲ့ ေၾကာင္ကေလးကို ကယ္တယ္ႏိုင္ခဲ့ေပမယ့္ အဆိုပါ ဓာတ္တိုင္ရွိရာလမ္းတစ္လမ္းလံုးကေတာ့ တစ္ရက္ေလာက္ လွ်ပ္စစ္မီးျပတ္ေတာက္သြားခဲ့ရပါတယ္။ ေၾကာင္ကေလးကို ကယ္တင္ဖို႔အတြက္ မီးသတ္သမားေတြ ဓာတ္တိုင္ေပၚတက္ရာမွာ လွ်ပ္စစ္မီးျဖတ္ေတာက္ထားခဲ့လို႔ ျဖစ္ပါတယ္။ အနက္ေရာင္နဲ႔ အျဖဴေရာင္ေပါင္းစပ္ထားတဲ့ ေၾကာင္ကေလးဟာ ဘယ္လိုလုပ္ အဲဒီဓာတ္တိုင္ေပၚ ေရာက္သြားခဲ့မွန္း မသိခဲ့ရေပမယ့္ ျပန္ဆင္းဖို႔ေတာ့ မတက္ႏုိင္ခဲ့ပါဘူး။

အဆိုပါေၾကာင္ကေလးဟာ ဓာတ္တိုင္ေပၚမွာ ၂၄ နာရီေလာက္ၾကာေအာင္ ျပန္မဆင္းရဲျဖစ္ေနခဲ့တာျဖစ္ၿပီး ဓာတ္တိုင္အနားမွာ ရွိတဲ့အိမ္ရွင္ေတြက ေၾကာင္ေအာ္သံအဆက္မျပတ္ၾကားရတဲ့အခါမွသာ သိခဲ့ၾကရတာျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံ ဂလူးကပ္စ္႐ိႈင္းယားေဒသက ခမ္ ဆိုတဲ့႐ြာကေလးမွာ အဆိုပါျဖစ္ရပ္ျဖစ္ပြားခဲ့တာပါ။

ေၾကာင္ကေလးကို ကယ္တင္ရာမွာ မီးသတ္သမားေတြအႏၱရာယ္ကင္းေစဖို႔ တစ္လမ္းလံုးကို လွ်ပ္စစ္ဓာတ္အားျဖတ္ေတာက္ခဲ့တဲ့ အျပင္ မေတာ္လို႔ ျပဳတ္က်ခဲ့ရင္လည္း ေၾကာင္ကေလးအသက္ရွင္ေအာင္ ေအာက္မွာပိုက္ကြန္ခံထားခဲ့ၾကတယ္လို႔ သိရပါတယ္။ ေၾကာင္ကေလးက ဓာတ္တိုင္ေပၚ ရွိေနတဲ့အခ်ိန္မွာ ဓာတ္ႀကိဳးႏွစ္ခုကုိ  မေတာ္တဆထိမိၿပီၚ ပူးကပ္ခဲ့မိရင္ ဓာတ္လိုက္သြားႏိုင္တာေၾကာင့္ မီးျဖတ္ပစ္လုိက္တာလည္းျဖစ္ပါတယ္။ ေနာက္ဆံုးမွာေတာ့ ေၾကာင္ကေလးကို ေဘးမသီေအာင္ မီးသတ္သမားေတြ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

Source : Duwun

(Unicode Version)

ဓာတ်တိုင်ပေါ်က ပြန်မဆင်းတတ်တဲ့ ကြောင်ကလေးကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရ

ပေ ၃၀ မြင့်တဲ့ ဓာတ်တိုင်ပေါ် ရောက်သွားတဲ့ ကြောင်ကလေးကို ကယ်တင်ဖို့အတွက် ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ လျှပ်စစ်လုပ်သားတွေအားလုံး အလုပ်ရှုပ်သွားခဲ့ရပါတယ်။

အချိန်အတန်ကြာခဲ့ပြီးနောက် ဓာတ်တိုင်ထိပ်မှာ တုန်လှုပ်နေတဲ့ ကြောင်ကလေးကို ကယ်တယ်နိုင်ခဲ့ပေမယ့် အဆိုပါ ဓာတ်တိုင်ရှိရာလမ်းတစ်လမ်းလုံးကတော့ တစ်ရက်လောက် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ရပါတယ်။ ကြောင်ကလေးကို ကယ်တင်ဖို့အတွက် မီးသတ်သမားတွေ ဓာတ်တိုင်ပေါ်တက်ရာမှာ လျှပ်စစ်မီးဖြတ်တောက်ထားခဲ့လို့ ဖြစ်ပါတယ်။ အနက်ရောင်နဲ့ အဖြူရောင်ပေါင်းစပ်ထားတဲ့ ကြောင်ကလေးဟာ ဘယ်လိုလုပ် အဲဒီဓာတ်တိုင်ပေါ် ရောက်သွားခဲ့မှန်း မသိခဲ့ရပေမယ့် ပြန်ဆင်းဖို့တော့ မတက်နိုင်ခဲ့ပါဘူး။

အဆိုပါကြောင်ကလေးဟာ ဓာတ်တိုင်ပေါ်မှာ ၂၄ နာရီလောက်ကြာအောင် ပြန်မဆင်းရဲဖြစ်နေခဲ့တာဖြစ်ပြီး ဓာတ်တိုင်အနားမှာ ရှိတဲ့အိမ်ရှင်တွေက ကြောင်အော်သံအဆက်မပြတ်ကြားရတဲ့အခါမှသာ သိခဲ့ကြရတာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ဂလူးကပ်စ်ရှိုင်းယားဒေသက ခမ် ဆိုတဲ့ရွာကလေးမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

ကြောင်ကလေးကို ကယ်တင်ရာမှာ မီးသတ်သမားတွေအန္တရာယ်ကင်းစေဖို့ တစ်လမ်းလုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့တဲ့ အပြင် မတော်လို့ ပြုတ်ကျခဲ့ရင်လည်း ကြောင်ကလေးအသက်ရှင်အောင် အောက်မှာပိုက်ကွန်ခံထားခဲ့ကြတယ်လို့ သိရပါတယ်။ ကြောင်ကလေးက ဓာတ်တိုင်ပေါ် ရှိနေတဲ့အချိန်မှာ ဓာတ်ကြိုးနှစ်ခုကို  မတော်တဆထိမိပြီါ် ပူးကပ်ခဲ့မိရင် ဓာတ်လိုက်သွားနိုင်တာကြောင့် မီးဖြတ်ပစ်လိုက်တာလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကြောင်ကလေးကို ဘေးမသီအောင် မီးသတ်သမားတွေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Source : Duwun

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္