တတိယတန္း ေက်ာင္းသားတစ္ဦး ေက်ာင္းေဆာင္ မ်က္ႏွာက်က္ အေပၚတက္ၿပီး ခုိဖမ္းရာကေန ျပဳတ္က်ေသဆုံး

ပဲခူးတုိင္းေဒသႀကီး ေတာင္ငူခရုိင္ ေက်ာက္ႀကီးၿမဳိ႕ ေမတၱာရပ္ကြက္ အလက(ခြဲ)ေက်ာင္းမွာ ေက်ာင္းသားတစ္ဦး ေက်ာင္းေဆာင္ေပၚတတ္ၿပီး ခုိဖမ္းရာကေန ျပဳတ္က်ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႕သိရပါတယ္။ ဇြန္လ (၁၃) ရက္ ေက်ာင္းဆင္းၿပီးခ်ိန္မွာ ျပဳတ္က်ေသဆုံးမႈ ျဖစ္ပြားခဲ့တာပါ။

ေသဆုံးသူဟာ အသက္ (၁၀) ႏွစ္အရြယ္ တတိယတန္း တက္ေရာက္ေနတဲ့ ေက်ာင္းသားတစ္ဦး ျဖစ္ပါတယ္။ အတန္းေဖာ္ (၂) ဦးနဲ႔အတူ ႏွစ္ထပ္ ေက်ာင္းေဆာင္ရဲ႕ အေပၚထပ္ မ်က္ႏွာက်က္ အေပါက္ ထပ္ခုိးအတြင္းကုိ စာသင္ခုံ ငါးခုံဆင့္ကာ ၀င္ေရာက္ၿပီး ခုိဖမ္းစဥ္ မ်က္ႏွာက်က္ေပါက္ၿပီး ျပဳတ္က်ခဲ့တာ ျဖစ္ပါတယ္။

ျပဳတ္က်တဲ့အျမင့္ ဟာ (၂၄) ေပေလာက္ရွိၿပီး ေလွကားရင္း အုတ္ခုံေပၚကုိ ျပဳတ္က်ကာ ညာဘက္ ဦးေခါင္းကြဲေၾက ဒဏ္ရာ၊ ပါးစပ္က ေသြးထြက္ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ နဲ႔ပတ္သတ္လုိ႕ ေက်ာက္ႀကီးၿမဳိ႕မ ရဲစခန္းက အမႈဖြင့္ စစ္ေဆးေနပါတယ္။

သတင္း၊ ဓာတ္ပုံ-ၿဖိဳးကုိလင္း (ေညာင္၀ုိင္း)

Source : 5 PLUS NEWS

(Unicode Version)

တတိယတန်း ကျောင်းသားတစ်ဦး ကျောင်းဆောင် မျက်နှာကျက် အပေါ်တက်ပြီး ခိုဖမ်းရာကနေ ပြုတ်ကျသေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ မေတ္တာရပ်ကွက် အလက(ခွဲ)ကျောင်းမှာ ကျောင်းသားတစ်ဦး ကျောင်းဆောင်ပေါ်တတ်ပြီး ခိုဖမ်းရာကနေ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဇွန်လ (၁၃) ရက် ကျောင်းဆင်းပြီးချိန်မှာ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူဟာ အသက် (၁၀) နှစ်အရွယ် တတိယတန်း တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ အတန်းဖော် (၂) ဦးနဲ့အတူ နှစ်ထပ် ကျောင်းဆောင်ရဲ့ အပေါ်ထပ် မျက်နှာကျက် အပေါက် ထပ်ခိုးအတွင်းကို စာသင်ခုံ ငါးခုံဆင့်ကာ ဝင်ရောက်ပြီး ခိုဖမ်းစဉ် မျက်နှာကျက်ပေါက်ပြီး ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

ပြုတ်ကျတဲ့အမြင့် ဟာ (၂၄) ပေလောက်ရှိပြီး လှေကားရင်း အုတ်ခုံပေါ်ကို ပြုတ်ကျကာ ညာဘက် ဦးခေါင်းကွဲကြေ ဒဏ်ရာ၊ ပါးစပ်က သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် နဲ့ပတ်သတ်လို့ ကျောက်ကြီးမြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

သတင်း၊ ဓာတ်ပုံ-ဖြိုးကိုလင်း (ညောင်ဝိုင်း)

Source : 5 PLUS NEWS