ကုန္က်စရိတ္ သက္သာၿပီး အရသာ႐ွိတဲ့ ဂ်ပန္တို႔ဖူးေကာ္ရည္ ခ်က္နည္း

ေရႊဘဲမွာ စားခဲ့ဖူးတဲ့ အရသာကိုႀကိဳက္လို႔ အိမ္မွာ အဲ့အရသာနဲ႔ အနီးစပ္ဆံုးတူေအာင္ လိုက္ခ်က္ၾကည့္တာပါ။ ခ်က္နည္းေလး အနည္းငယ္ လဲြေကာင္းလဲြႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ္ခ်က္ၿပီး စားၾကည့္ေတာ့ အနံ႔ အရသာ အနီးစပ္ဆံုး တူပါတယ္လို႔။ စိတ္ဝင္စားရင္ လိုက္ခ်က္ၾကည့္ေနာ္။ ဒီဟင္းက လူတိုင္း လိုက္ခ်က္ႏိုင္မယ့္ ဟင္းပါ။ ကုန္​က်စရိတ္​ သက္သာတယ္။ ၿပီးေတာ ပါဝင္ပစၥည္း ေတြကလည္းအလြယ္တကူ ဝယ္လို႔ရပါတယ္။

ပါဝင္ပစၥည္း

– ဂ်ပန္တို႔ဖူး (ၾကက္ဥတို႔ဖူး) သံုးထုပ္

– ခရမ္းခ်ဥ္သီး အနီေရာင္ မွည့္မွည့္ ေလးလံုး

– ၾကက္သြန္နီ ဥလတ္ တစ္လံုး

– ၾကက္သြန္ျဖဴ တစ္မႊာ

– ေျပာင္းေကာ္မူန္ ့ေကာက္ညႇင္းမုန္႔ ထမင္းစားဇြန္းနဲ႔ ႏွစ္ဇြန္းစီ

– ပဲငံျပာရည္အပ်စ္ tea ဇြန္း တစ္ဇြန္း

– ဆားသၾကား အရသာမူန္႔ င႐ုတ္ေကာင္းမုန္႔ အနည္းငယ္ စီ

– ၾကက္သြန္မိတ္ အနည္းငယ္

– ဆီငါးက်ပ္သားခန္႔ တို႔ လိုအပ္ပါတယ္။

ခ်က္နည္း

အရင္ဆံုး ခရမ္းခ်ဥ္သီးေတြကို အေစ့ညႇစ္ထုတ္ပီးအိုးထဲ ေရထည့္ၿပီး အိျပဲေနေအာင္ျပဳတ္ပါ။ ၿပီးလ်ွင္အေအးခံ အခံြႏႊာၿပီး ႀကိတ္စက္႐ွိက ညႇက္ေနေအာင္ႀကိတ္ပါ။ ႀကိတ္စက္မ႐ွိလည္း ဓားျဖင့္ ေတာက္ေတာက္စင္းပါ။ ၿပီးရင္ဒယ္အိုးထဲ ျပန္ထည့္ၿပီး ေရခမ္းၿပီး လွိမ့္ေနေအာင္ ျပန္ခ်က္ထား။ ဆီထည့္စရာမလို အရသာ ထည့္စရာမလို ဒီအတိုင္း သူ႔ခ်ည္းပဲ ေျခာက္ေနေအာင္ လွိမ့္ထားပါ။

ဂ်ပန္တို႔ဖူးကို ပံုမွာျပထားတဲ့အတိုင္း အတံုးေလးေတြ လွီးထားပါ။ ၾကက္သြန္နီကို အစိတ္စိတ္ေလးေတြ လွီးထား။ ၾကက္သြန္ျဖဴ အမႊာကို ဓားျပား႐ုိက္ၿပီး ဓားျဖင့္ ျပန္လွီးထား။ ေကာ္မူန္႔ ထမင္းစားဇြန္း တစ္ဇြန္းကို ေရအနည္းငယ္နဲ႔ ေဖ်ာ္ထား ၾကက္သြန္မိတ္ ပါးပါးလွီးထား။ ပန္းကန္ျပား တစ္ခုထဲမွာ ေကာက္ညင္းမုန္႔နဲ႔ ေျပာင္းမူန္႔ကို သမေအာင္ စပ္ထားေပး။ အားလံုး အဆင္သင့္ျဖစ္ရင္ စေၾကာ္လို႔ရပါၿပီ။

ဒယ္အိုးထဲ ဆီပူရင္ တို႔ဖူးတံုးေတြကို အသင့္ျပင္ထားတဲ့ မုန္႔ႏွစ္မွာကပ္ၿပီး အနည္းငယ္ ႂကြပ္သေယာင္ ျဖစ္သည္အထိ ေၾကာ္ေပး။ ၿပီးရင္ ျပန္ဆယ္ထားပါ။ ပိုတဲ့ဆီနဲ႔ ၾကက္နီျဖဴဆီသတ္ ေမႊးရင္ ခရမ္းခ်ဥ္သီးအႏွစ္ေတြထည့္ အနည္းငယ္ေမႊေပး ေရေႏႊးအနည္းငယ္ထည့္ပါ အရသာထည့္ပါ ဆားသၾကားအရသာမူန္႔ ကို ထိန္းထည့္ပါ။

ဒီဟင္းက အငန္ႀကီးလည္းမဟုတ္ အခ်ိဳအရသာ ခပ္ေပါ့ေပါ့ဖက္ကို သြားတဲ့အရသာမ်ိဳး ျဖစ္ပါတယ္။ ပဲငံျပာရည္​ အပ်စ္ထည့္ပါ အနည္းငယ ္ပြက္ပါေစ။ အားလံုး အရသာ အေတာ္ပဲဆိုရင္ ေၾကာ္ထားတဲ့တို႔ဖူးေတြထည့္ပါ။ အရသာဝင္ေအာင္ ခဏေလာက္ ဆက္တည္ေပးပါ။ ေနာက္ဆံုးမွ င႐ုတ္ေကာင္းမူန္႔ အနညး္ငယ္ျဖဴးေပး ေကာ္ရည္ထည့္ပါ ၾကက္သြန္မိတ္ျဖဴးပါ။ စားရန္အသင့္ ျဖစ္ပါပီ။

ဒီဟင္းက ဒီအတိုင္းၾကည့္ရင္ ခ်က္ေနၾက ခရမ္းခ်ဥ္သီးခ်က္ထဲ တို႔ဖူးထည့္ခ်က ္ထားသလိုပါပဲ။ အမွန္ေတာ့ အဲ့လိုခ်က္ရင္ ခရမ္းခ်ဥ္သီးအနံ႔ သိသာစြာ ထြက္သြားမယ္။ စားခဲ့ရတဲ့ အရသာမွာ ခရမ္းခ်ဥ္သီးနဲ႔ခ်က္တာ မွန္ေသ္ာလည္း သူ႔အနံ႔ လံုးဝမရတာရယ္ ေနာက္ၿပီး အေစ့ေတြ လံုးဝမပါပါဘူး။ လံုးဝခရမ္းခ်ဥ္သီးကုိ အနံေဖ်ာက္ အႏွစ္တိုက္ၿပီး ခ်က္မွ ဒီအရသာ ရမွာျဖစ္တယ္။

ေနာက္တုိ႔ဖူးတံုးကို ေကာ္စားလုိက္ရင္ ကပ္ေၾကာ္ထားတဲ့ မုန္႔ႏွစ္က စီးစီးေလးပါ။ ေကာ္မူန္႔ တစ္မ်ိဳးထဲ ကပ္ေၾကာ္ရင္ ဒီအရသာ မရလုိ႔ ေကာက္ညႇင္းမူန္႔နဲ႔ စပ္ထားၾကည့္တာပါ။ ကိုယ္လည္း တတ္သေလာက္ေလးေပါ့။ စားခဲ့ဖူးတဲ့ အရသာကိုႀကိဳက္လိို႔ စမ္းေၾကာ္ ၾကည့္တာပါေနာ္။ အမွားပါရင္ ခြင့္လြတ္ပါ
လို႔။

အားလံုး အဆင္ေျပၾကပါေစ႐ွင္။

Credit : လိူင္လိူင္

(Unicode Version)

ကုန်ကျစရိတ် သက်သာပြီး အရသာရှိတဲ့ ဂျပန်တို့ဖူးကော်ရည် ချက်နည်း

ရွှေဘဲမှာ စားခဲ့ဖူးတဲ့ အရသာကိုကြိုက်လို့ အိမ်မှာ အဲ့အရသာနဲ့ အနီးစပ်ဆုံးတူအောင် လိုက်ချက်ကြည့်တာပါ။ ချက်နည်းလေး အနည်းငယ် လွဲကောင်းလွဲနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ချက်ပြီး စားကြည့်တော့ အနံ့ အရသာ အနီးစပ်ဆုံး တူပါတယ်လို့။ စိတ်ဝင်စားရင် လိုက်ချက်ကြည့်နော်။ ဒီဟင်းက လူတိုင်း လိုက်ချက်နိုင်မယ့် ဟင်းပါ။ ကုန်​ကျစရိတ်​ သက်သာတယ်။ ပြီးတော ပါဝင်ပစ္စည်း တွေကလည်းအလွယ်တကူ ဝယ်လို့ရပါတယ်။

ပါဝင်ပစ္စည်း

– ဂျပန်တို့ဖူး (ကြက်ဥတို့ဖူး) သုံးထုပ်

– ခရမ်းချဉ်သီး အနီရောင် မှည့်မှည့် လေးလုံး

– ကြက်သွန်နီ ဥလတ် တစ်လုံး

– ကြက်သွန်ဖြူ တစ်မွှာ

– ပြောင်းကော်မူန် ့ကောက်ညှင်းမုန့် ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းစီ

– ပဲငံပြာရည်အပျစ် tea ဇွန်း တစ်ဇွန်း

– ဆားသကြား အရသာမူန့် ငရုတ်ကောင်းမုန့် အနည်းငယ် စီ

– ကြက်သွန်မိတ် အနည်းငယ်

– ဆီငါးကျပ်သားခန့် တို့ လိုအပ်ပါတယ်။

ချက်နည်း

အရင်ဆုံး ခရမ်းချဉ်သီးတွေကို အစေ့ညှစ်ထုတ်ပီးအိုးထဲ ရေထည့်ပြီး အိပြဲနေအောင်ပြုတ်ပါ။ ပြီးလျှင်အအေးခံ အခွံနွှာပြီး ကြိတ်စက်ရှိက ညှက်နေအောင်ကြိတ်ပါ။ ကြိတ်စက်မရှိလည်း ဓားဖြင့် တောက်တောက်စင်းပါ။ ပြီးရင်ဒယ်အိုးထဲ ပြန်ထည့်ပြီး ရေခမ်းပြီး လှိမ့်နေအောင် ပြန်ချက်ထား။ ဆီထည့်စရာမလို အရသာ ထည့်စရာမလို ဒီအတိုင်း သူ့ချည်းပဲ ခြောက်နေအောင် လှိမ့်ထားပါ။

ဂျပန်တို့ဖူးကို ပုံမှာပြထားတဲ့အတိုင်း အတုံးလေးတွေ လှီးထားပါ။ ကြက်သွန်နီကို အစိတ်စိတ်လေးတွေ လှီးထား။ ကြက်သွန်ဖြူ အမွှာကို ဓားပြားရိုက်ပြီး ဓားဖြင့် ပြန်လှီးထား။ ကော်မူန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ဖျော်ထား ကြက်သွန်မိတ် ပါးပါးလှီးထား။ ပန်းကန်ပြား တစ်ခုထဲမှာ ကောက်ညင်းမုန့်နဲ့ ပြောင်းမူန့်ကို သမအောင် စပ်ထားပေး။ အားလုံး အဆင်သင့်ဖြစ်ရင် စကြော်လို့ရပါပြီ။

ဒယ်အိုးထဲ ဆီပူရင် တို့ဖူးတုံးတွေကို အသင့်ပြင်ထားတဲ့ မုန့်နှစ်မှာကပ်ပြီး အနည်းငယ် ကြွပ်သယောင် ဖြစ်သည်အထိ ကြော်ပေး။ ပြီးရင် ပြန်ဆယ်ထားပါ။ ပိုတဲ့ဆီနဲ့ ကြက်နီဖြူဆီသတ် မွှေးရင် ခရမ်းချဉ်သီးအနှစ်တွေထည့် အနည်းငယ်မွှေပေး ရေနွှေးအနည်းငယ်ထည့်ပါ အရသာထည့်ပါ ဆားသကြားအရသာမူန့် ကို ထိန်းထည့်ပါ။

ဒီဟင်းက အငန်ကြီးလည်းမဟုတ် အချိုအရသာ ခပ်ပေါ့ပေါ့ဖက်ကို သွားတဲ့အရသာမျိုး ဖြစ်ပါတယ်။ ပဲငံပြာရည်​ အပျစ်ထည့်ပါ အနည်းငယ ်ပွက်ပါစေ။ အားလုံး အရသာ အတော်ပဲဆိုရင် ကြော်ထားတဲ့တို့ဖူးတွေထည့်ပါ။ အရသာဝင်အောင် ခဏလောက် ဆက်တည်ပေးပါ။ နောက်ဆုံးမှ ငရုတ်ကောင်းမူန့် အနညး်ငယ်ဖြူးပေး ကော်ရည်ထည့်ပါ ကြက်သွန်မိတ်ဖြူးပါ။ စားရန်အသင့် ဖြစ်ပါပီ။

ဒီဟင်းက ဒီအတိုင်းကြည့်ရင် ချက်နေကြ ခရမ်းချဉ်သီးချက်ထဲ တို့ဖူးထည့်ချက ်ထားသလိုပါပဲ။ အမှန်တော့ အဲ့လိုချက်ရင် ခရမ်းချဉ်သီးအနံ့ သိသာစွာ ထွက်သွားမယ်။ စားခဲ့ရတဲ့ အရသာမှာ ခရမ်းချဉ်သီးနဲ့ချက်တာ မှန်သေ်ာလည်း သူ့အနံ့ လုံးဝမရတာရယ် နောက်ပြီး အစေ့တွေ လုံးဝမပါပါဘူး။ လုံးဝခရမ်းချဉ်သီးကို အနံဖျောက် အနှစ်တိုက်ပြီး ချက်မှ ဒီအရသာ ရမှာဖြစ်တယ်။

နောက်တို့ဖူးတုံးကို ကော်စားလိုက်ရင် ကပ်ကြော်ထားတဲ့ မုန့်နှစ်က စီးစီးလေးပါ။ ကော်မူန့် တစ်မျိုးထဲ ကပ်ကြော်ရင် ဒီအရသာ မရလို့ ကောက်ညှင်းမူန့်နဲ့ စပ်ထားကြည့်တာပါ။ ကိုယ်လည်း တတ်သလောက်လေးပေါ့။ စားခဲ့ဖူးတဲ့ အရသာကိုကြိုက်လိို့ စမ်းကြော် ကြည့်တာပါနော်။ အမှားပါရင် ခွင့်လွတ်ပါ
လို့။

အားလုံး အဆင်ပြေကြပါစေရှင်။

Credit : လိူင်လိူင်