သုသာန္ေျမမွ နန္းေမြမ်က္ရည္ (သုိ႔မဟုတ္) ဒီေန႔ ေစ်းပိတ္သည္

နန္းေမြဆိုတာ မီးငယ္ေလး (ဥာဏသီရိ)နဲ႔ ကစားတူ ကစားဖက္ အလြန္ရင္းႏွီးေသာ သူငယ္ခ်င္း ျဖစ္သည္။ နန္းေမြရဲ့ အသက္က (၅) ႏွစ္ပင္ ေကာင္းေကာင္း မျပည့္ေသးဟု ထင္သည္။ မီးငယ္ေလး (ဥာဏသီရိ) အသက္ကေတာ့ (၁၀) ႏွစ္ ျပည့္လို႔ (၁၁) ႏွစ္ထဲ ေရာက္ခဲ့ၿပီ။

နန္းေမြသည္ ဗမာမဟုတ္၊ တိုင္းရင္းသူေလးျဖစ္သလို မီးငယ္ေလး ဥာဏသီရိလည္း ကရင္တိုင္းရင္းသူေလး တစ္ေယာက္ပင္။ နန္းေမြေလးသည္ မိမိႏွင့္ စေတြ႔ခ်ိန္ အခါတုန္းက ဗမာစကားပင္ မေျပာတတ္ေသး။ တျခားသူေျပာေသာ ဗမာစကားကိုလည္း နားမလည္ေသးေသာ အခ်ိန္ ျဖစ္သည္။ နန္းေမြေလးမွာ အေဖအေမစသည္ ရွိမရွိေတာ့ ေကာင္းေကာင္း မသိခဲ့ပါ။

မီးငယ္ေလး ဥာဏသီရိမွာေတာ့ အေမရွိသည္၊ (၁၅) ႏွစ္အရြယ္ အစ္ကို တစ္ေယာက္ႏွင့္ မီးငယ္ေလးေအာက္မွာ ေမာင္ေလး တစ္ေယာက္ေတာ့ ရွိသည္။ မီးငယ္ေလးက ဒုတိယေျမာက္ သမီးရတနာ။ ေျခာက္ႏွစ္သမီးအရြယ္တြင္ မီးငယ္ေလး ဥာဏသီရိသည္ စစ္ကိုင္းကို သူႏွင့္ရြယ္တူ သူငယ္ခ်င္းတစ္ေယာက္ႏွင့္ အတူတူ ေရာက္လာခဲ့သည္။

မီးငယ္ေလး ဥာဏသီရိသည္ အရီးနန္ေခၚ (ဆရာေလး ေဒၚနႏၵမာလာ) ႏွင့္ စစ္ကိုင္းမွာ အတူတူေနသူ ျဖစ္၏။ ခဏခဏ ေနမေကာင္းျဖစ္လာရာကေန မီးငယ္ေလးသည္ ေသြးကင္ဆာေရာဂါ စျဖစ္လာ၏။ ေသြးကင္ဆာ ျဖစ္ေတာ့လည္း မိဘေဆြမ်ိဳး အလွမ္းေဝးေနေသာ မီးငယ္ေလးကုိ အရီးနန္ေခၚ (ဆရာေလး ေဒၚနႏၵမာလာ) ကပဲ တစ္ဇြန္းဆန္နဲ႔ မရွိမဲ့ရွိမဲ့ အဆင္ေျပေအာင္ ေဆးကုသေပးခဲ့ရ၏။ ေဆးဖိုးဝါးခအတြက္ ရုန္းကန္လွဳပ္ရွားခဲ့ရ၏။ မီးငယ္ေလးအတြက္ တိုက္ပြဲဝင္ခဲ့ရ၏။

မီးငယ္ေလး ဥာဏသီရိက အရီးနန္ကို အေမရင္းထက္ပင္ ပို၍ခ်စ္၏။ ခ်စ္မွန္းသိေတာ့ ကေလးတို႔သဘာဝ အရီးနန္အေပၚ ႏြဲ႔ဆိုး ဆိုး၏။ မဆန္းေပ။ အရီးနန္ကလည္း မီးငယ္ေလး ဥာဏသီရိကို အလိုလိုက္၏။ မီးငယ္ေလး စိတ္ခ်မ္းသာဖို႔ အဓိက၊ က်န္တာေတြ အေရးမႀကီးဟု အရီးနန္က ခံယူထားသူ။ သမီးေလးတစ္ေယာက္လို ခ်စ္ရွာသူ။ ျပဳစုရွာသူ။

မီးငယ္ေလးအေပၚထားသည့္ အရီးနန္၏ သေဘာထား ခံယူခ်က္တို႔သည္ ၾကက္သီးထစရာပင္။ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ မီးငယ္ေလးကို ဘယ္သူမွ မီးငယ္ေလးကို အျပစ္လာမေျပာႏွင့္။ မဆူရ။ မေငါက္ရ။ မီးငယ္ေလးက ကေလး။ အျပစ္ေျပာခ်င္လွ်င္ သူ႔ကို ေျပာ။ ခံႏိုင္သည္။ နားလည္ေပးႏိုင္သည္ဆိုတဲ့ အရီးနန္။ အရီးနန္သည္ ဝမ္းမနာေပမယ့္ မီးငယ္ေလးကို ၾကည့္ၿပီး အၿမဲဝမ္းသာေနသူ။ ဒါသည္ပင္လွ်င္ ေရွးေရစက္လို႔ လက္ခံထားသူေပါ့

မိမိသည္ စစ္ကိုင္း/ ဧၿမိ့ဳေခ်ာင္ မီးငယ္ေလး (ဥာဏသီရိ) ဆီကို သြားတိုင္း မီးငယ္ေလး ဥာဏသီရိနဲ႔အတူ နန္းေမြေလးကိုပါ ပူးတြဲ ေတြ႔ရတတ္သည္။ တခါတခါ သူတို႔ႏွစ္ေယာက္ အတူတူ ေဆာ့ကစားေနၾကသည္။

တစ္ခ်ိဳ႔ရက္မ်ားတြင္ မီးငယ္ေလး ဥာဏသီရိနဲ႔ နန္းေမြတို႔သည္ အိုးပုတ္ေလးေတြနဲ႔အတူ ေက်ာင္းေရွ႔မွာ ေစ်းသည္ ေစ်းဝယ္အျဖစ္ တခါတခါ ေဆာ့ကစားေနက်။ ေစ်းေရာင္းတန္း မေဆာ့ျဖစ္ေသာ ေန႔မ်ားတြင္မူ ယခုလို စားတန္းေလး ေရးဆြဲထားခဲ့ၾကသည္။

‘ဒီေန႔ ေစ်းပိတ္သည္’ မီးငယ္ေလး (ဥာဏသီရိ) ဆုံးတဲ့ေန႔က မိမိသည္ စစ္ကိုင္း ဧၿမိ့ဳေခ်ာင္ ေမာ္လၿမိဳင္သီလရွင္စာသင္တိုက္ကို သြားေတာ့ နန္းေမြေလးနဲ႔ ေတြ႔ခဲ့ရျပန္သည္။

နန္းေမြေလး လာ၊ မမ ဥာဏသီရိဆီကို သြားရေအာင္’

မိမိတို႔သည္ နန္းေမြေလးနဲ႔အတူ မီးငယ္ေလး ဥာဏသီရိရွိရာ လမ္းမႀကီးေပၚသုိ႔ ထြက္လာခဲ့ၾကသည္။ မီးငယ္ေလး ဥာဏသီရိသည္ မႏၲေလး ေဆးရံုႀကီးမွာ ဆုံးပါးသြားေသာေၾကာင့္ မီးငယ္ေလးကို အနီးကပ္ျပဳစုေစာင့္ေရွာက္သူ အရီးနန္က စစ္ကိုင္းကို ျပန္ေခၚလာခဲ့သည္။ သုိ႔ေသာ္ မီးငယ္ေလးသည္ ေက်ာင္းတိုက္ထဲကို ဝင္ခြင့္မရခဲ့။ အျပင္မွာ ဆုံးပါးသည္ဆိုေသာေၾကာင့္ ေက်ာင္းထဲ သယ္ေဆာင္ခြင့္မျပဳေသာေၾကာင့္ လူသြားလူလာ ကားလမ္းမေပၚရွိ အလြန္က်ဥ္းေျမာင္းေသာ ဇရပ္ေလးထဲတြင္ မီးငယ္ေလးရဲ့ ရုပ္အေလာင္းကို အထီးက်န္စြာ အဆင္ေျပသလို ထားထားၾကရသည္။

မိုးသည္ တဖြဲဖြဲ ရြာသြန္းၿဖိဳးေနခဲ့သည္။ ဟိုေရာက္ေတာ့ မီးငယ္ေလး (ဥာဏသီရိ)ကို ထည့္ေလွာင္ထားရာ မွန္ေခါင္းတလားသည္ ေရခဲစိမ္ထားေသာေၾကာင့္ အေငြ႔ျပန္ေနတာကို ေတြ႔ရ၏။

‘နန္းေမြေလး ေရာ့ ေရာ့၊ ဒီ တစ္ရွဴးေလးနဲ႔ မမကို သုတ္ေပးလိုက္ေနာ္’

နန္းေမြေလးသည္ အျပစ္ကင္းစင္လွ၏။ ငယ္ရြယ္သူတစ္ေယာက္ျဖစ္ေသာေၾကာင့္သူ႔အေနနဲ႔ ဘာမွ မသိရွာ။ မိမိတို႔ ခိုင္းသလို မီးငယ္ေလး ဥာဏသီရိကို ထည့္ထားရာ ေခါင္းတလားမွန္ေလးကို စကားတစ္ခြန္းမွ မေျပာဘဲ ယုယုယယညင္သာတိတ္ဆိတ္စြာ သုတ္သင္ေပးေနရွာ၏။

ကစားတူ ကစားဖက္၊ စားတူစားဖက္ သူ႔သူငယ္ခ်င္း ဘဝတစ္ပါးသုိ႔ ကူးေျပာင္းသြားၿပီဆိုတာကို နန္းေမြေလး မသိရွာ။

‘သမီး သူငယ္ခ်င္းက ဘာျဖစ္လို႔တုန္း ဘုန္းဘုန္း၊ အိပ္ေနတာလား’ တဲ့

ျဖဴစင္ရိုးသားတဲ့ အသက္ (၅) ႏွစ္ပင္ မျပည့္တတ္ေသးတဲ့ နန္းေမြေလးရဲ့ စကားသံကို ၾကားေတာ့ မိမိရင္ထဲ စုိ႔နင့္သြားသည္။ မခံစားႏိုင္။ မ်က္ရည္တို႔သည္ မ်က္လုံးအိမ္၌ ရစ္ဝဲ၍ လာ၏။

ေၾသာ္ နန္းေမြေလးရယ္. . .။

နန္းေမြေလးသည္ သူ႔သူငယ္ခ်င္း မီးငယ္ေလး ဥာဏသီရိတစ္ေယာက္ သူ႔ကို ထားသြားၿပီဆိုတာ အမွန္ပင္ မသိရွာခဲ့။ မိမိသည္ ဆုံးပါးသြားတဲ့ မီးငယ္ေလးနဲ႔အတူ ဘာမွ မသိရွာသူ အျဖဴထည္ နန္းေမြေလးကိုၾကည့္ၿပီးလည္း သနားေနမိသည္။ မိမိကုိယ္တိုင္လည္း အခ်စ္ရဆုံးသူငယ္ခ်င္းေတြနဲ႔ ေသကြဲရွင္ကြဲ ကြဲဖူးေသာေၾကာင့္ နန္းေမြေလးကိုလည္း ကုိယ္ခ်င္းစာမိသည္။ စာနာ နားလည္မိသည္။

သုသာန္ကအျပန္ နန္းေမြေလးခမ်ာ အရင္လို မရႊင္လန္းေတာ့။ နန္းေမြေလးရဲ့ ပါးျပင္ေပၚမွာလည္း မ်က္ရည္တို႔သည္ စီးက်ေနခဲ့၏။

ဒီေန႔ ေစ်းပိတ္သည္’ ‘ဘယ္ေတာ့ ေစ်းျပန္ဖြင့္မွာလဲ သူငယ္ခ်င္း’

နန္းေမြေလးရဲ့ ရင္ထဲမွာေတာ့ အတိတ္က အရိပ္တို႔သည္ မြန္းက်ပ္စြာ ပဲ့တင္ထပ္ေနေပလိမ့္မည္တကား. . .။

Credit : သားေတာ္ပုလဲ

(သန္လ်င္၊ သီတဂူဗုဒၶတကၠသိုလ္)

(Unicode Version)

သုသာန်မြေမှ နန်းမွေမျက်ရည် (သို့မဟုတ်) ဒီနေ့ စျေးပိတ်သည်

နန်းမွေဆိုတာ မီးငယ်လေး (ဉာဏသီရိ)နဲ့ ကစားတူ ကစားဖက် အလွန်ရင်းနှီးသော သူငယ်ချင်း ဖြစ်သည်။ နန်းမွေရဲ့ အသက်က (၅) နှစ်ပင် ကောင်းကောင်း မပြည့်သေးဟု ထင်သည်။ မီးငယ်လေး (ဉာဏသီရိ) အသက်ကတော့ (၁၀) နှစ် ပြည့်လို့ (၁၁) နှစ်ထဲ ရောက်ခဲ့ပြီ။

နန်းမွေသည် ဗမာမဟုတ်၊ တိုင်းရင်းသူလေးဖြစ်သလို မီးငယ်လေး ဉာဏသီရိလည်း ကရင်တိုင်းရင်းသူလေး တစ်ယောက်ပင်။ နန်းမွေလေးသည် မိမိနှင့် စတွေ့ချိန် အခါတုန်းက ဗမာစကားပင် မပြောတတ်သေး။ တခြားသူပြောသော ဗမာစကားကိုလည်း နားမလည်သေးသော အချိန် ဖြစ်သည်။ နန်းမွေလေးမှာ အဖေအမေစသည် ရှိမရှိတော့ ကောင်းကောင်း မသိခဲ့ပါ။

မီးငယ်လေး ဉာဏသီရိမှာတော့ အမေရှိသည်၊ (၁၅) နှစ်အရွယ် အစ်ကို တစ်ယောက်နှင့် မီးငယ်လေးအောက်မှာ မောင်လေး တစ်ယောက်တော့ ရှိသည်။ မီးငယ်လေးက ဒုတိယမြောက် သမီးရတနာ။ ခြောက်နှစ်သမီးအရွယ်တွင် မီးငယ်လေး ဉာဏသီရိသည် စစ်ကိုင်းကို သူနှင့်ရွယ်တူ သူငယ်ချင်းတစ်ယောက်နှင့် အတူတူ ရောက်လာခဲ့သည်။

မီးငယ်လေး ဉာဏသီရိသည် အရီးနန်ခေါ် (ဆရာလေး ဒေါ်နန္ဒမာလာ) နှင့် စစ်ကိုင်းမှာ အတူတူနေသူ ဖြစ်၏။ ခဏခဏ နေမကောင်းဖြစ်လာရာကနေ မီးငယ်လေးသည် သွေးကင်ဆာရောဂါ စဖြစ်လာ၏။ သွေးကင်ဆာ ဖြစ်တော့လည်း မိဘဆွေမျိုး အလှမ်းဝေးနေသော မီးငယ်လေးကို အရီးနန်ခေါ် (ဆရာလေး ဒေါ်နန္ဒမာလာ) ကပဲ တစ်ဇွန်းဆန်နဲ့ မရှိမဲ့ရှိမဲ့ အဆင်ပြေအောင် ဆေးကုသပေးခဲ့ရ၏။ ဆေးဖိုးဝါးခအတွက် ရုန်းကန်လှုပ်ရှားခဲ့ရ၏။ မီးငယ်လေးအတွက် တိုက်ပွဲဝင်ခဲ့ရ၏။

မီးငယ်လေး ဉာဏသီရိက အရီးနန်ကို အမေရင်းထက်ပင် ပို၍ချစ်၏။ ချစ်မှန်းသိတော့ ကလေးတို့သဘာဝ အရီးနန်အပေါ် နွဲ့ဆိုး ဆိုး၏။ မဆန်းပေ။ အရီးနန်ကလည်း မီးငယ်လေး ဉာဏသီရိကို အလိုလိုက်၏။ မီးငယ်လေး စိတ်ချမ်းသာဖို့ အဓိက၊ ကျန်တာတွေ အရေးမကြီးဟု အရီးနန်က ခံယူထားသူ။ သမီးလေးတစ်ယောက်လို ချစ်ရှာသူ။ ပြုစုရှာသူ။

မီးငယ်လေးအပေါ်ထားသည့် အရီးနန်၏ သဘောထား ခံယူချက်တို့သည် ကြက်သီးထစရာပင်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မီးငယ်လေးကို ဘယ်သူမှ မီးငယ်လေးကို အပြစ်လာမပြောနှင့်။ မဆူရ။ မငေါက်ရ။ မီးငယ်လေးက ကလေး။ အပြစ်ပြောချင်လျှင် သူ့ကို ပြော။ ခံနိုင်သည်။ နားလည်ပေးနိုင်သည်ဆိုတဲ့ အရီးနန်။ အရီးနန်သည် ဝမ်းမနာပေမယ့် မီးငယ်လေးကို ကြည့်ပြီး အမြဲဝမ်းသာနေသူ။ ဒါသည်ပင်လျှင် ရှေးရေစက်လို့ လက်ခံထားသူပေါ့

မိမိသည် စစ်ကိုင်း/ ဧမြိ့ုချောင် မီးငယ်လေး (ဉာဏသီရိ) ဆီကို သွားတိုင်း မီးငယ်လေး ဉာဏသီရိနဲ့အတူ နန်းမွေလေးကိုပါ ပူးတွဲ တွေ့ရတတ်သည်။ တခါတခါ သူတို့နှစ်ယောက် အတူတူ ဆော့ကစားနေကြသည်။

တစ်ချို့ရက်များတွင် မီးငယ်လေး ဉာဏသီရိနဲ့ နန်းမွေတို့သည် အိုးပုတ်လေးတွေနဲ့အတူ ကျောင်းရှေ့မှာ စျေးသည် စျေးဝယ်အဖြစ် တခါတခါ ဆော့ကစားနေကျ။ စျေးရောင်းတန်း မဆော့ဖြစ်သော နေ့များတွင်မူ ယခုလို စားတန်းလေး ရေးဆွဲထားခဲ့ကြသည်။

‘ဒီနေ့ စျေးပိတ်သည်’ မီးငယ်လေး (ဉာဏသီရိ) ဆုံးတဲ့နေ့က မိမိသည် စစ်ကိုင်း ဧမြိ့ုချောင် မော်လမြိုင်သီလရှင်စာသင်တိုက်ကို သွားတော့ နန်းမွေလေးနဲ့ တွေ့ခဲ့ရပြန်သည်။

နန်းမွေလေး လာ၊ မမ ဉာဏသီရိဆီကို သွားရအောင်’

မိမိတို့သည် နန်းမွေလေးနဲ့အတူ မီးငယ်လေး ဉာဏသီရိရှိရာ လမ်းမကြီးပေါ်သို့ ထွက်လာခဲ့ကြသည်။ မီးငယ်လေး ဉာဏသီရိသည် မန္တလေး ဆေးရုံကြီးမှာ ဆုံးပါးသွားသောကြောင့် မီးငယ်လေးကို အနီးကပ်ပြုစုစောင့်ရှောက်သူ အရီးနန်က စစ်ကိုင်းကို ပြန်ခေါ်လာခဲ့သည်။ သို့သော် မီးငယ်လေးသည် ကျောင်းတိုက်ထဲကို ဝင်ခွင့်မရခဲ့။ အပြင်မှာ ဆုံးပါးသည်ဆိုသောကြောင့် ကျောင်းထဲ သယ်ဆောင်ခွင့်မပြုသောကြောင့် လူသွားလူလာ ကားလမ်းမပေါ်ရှိ အလွန်ကျဉ်းမြောင်းသော ဇရပ်လေးထဲတွင် မီးငယ်လေးရဲ့ ရုပ်အလောင်းကို အထီးကျန်စွာ အဆင်ပြေသလို ထားထားကြရသည်။

မိုးသည် တဖွဲဖွဲ ရွာသွန်းဖြိုးနေခဲ့သည်။ ဟိုရောက်တော့ မီးငယ်လေး (ဉာဏသီရိ)ကို ထည့်လှောင်ထားရာ မှန်ခေါင်းတလားသည် ရေခဲစိမ်ထားသောကြောင့် အငွေ့ပြန်နေတာကို တွေ့ရ၏။

‘နန်းမွေလေး ရော့ ရော့၊ ဒီ တစ်ရှူးလေးနဲ့ မမကို သုတ်ပေးလိုက်နော်’

နန်းမွေလေးသည် အပြစ်ကင်းစင်လှ၏။ ငယ်ရွယ်သူတစ်ယောက်ဖြစ်သောကြောင့်သူ့အနေနဲ့ ဘာမှ မသိရှာ။ မိမိတို့ ခိုင်းသလို မီးငယ်လေး ဉာဏသီရိကို ထည့်ထားရာ ခေါင်းတလားမှန်လေးကို စကားတစ်ခွန်းမှ မပြောဘဲ ယုယုယယညင်သာတိတ်ဆိတ်စွာ သုတ်သင်ပေးနေရှာ၏။

ကစားတူ ကစားဖက်၊ စားတူစားဖက် သူ့သူငယ်ချင်း ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဆိုတာကို နန်းမွေလေး မသိရှာ။

‘သမီး သူငယ်ချင်းက ဘာဖြစ်လို့တုန်း ဘုန်းဘုန်း၊ အိပ်နေတာလား’ တဲ့

ဖြူစင်ရိုးသားတဲ့ အသက် (၅) နှစ်ပင် မပြည့်တတ်သေးတဲ့ နန်းမွေလေးရဲ့ စကားသံကို ကြားတော့ မိမိရင်ထဲ စို့နင့်သွားသည်။ မခံစားနိုင်။ မျက်ရည်တို့သည် မျက်လုံးအိမ်၌ ရစ်ဝဲ၍ လာ၏။

သြော် နန်းမွေလေးရယ်. . .။

နန်းမွေလေးသည် သူ့သူငယ်ချင်း မီးငယ်လေး ဉာဏသီရိတစ်ယောက် သူ့ကို ထားသွားပြီဆိုတာ အမှန်ပင် မသိရှာခဲ့။ မိမိသည် ဆုံးပါးသွားတဲ့ မီးငယ်လေးနဲ့အတူ ဘာမှ မသိရှာသူ အဖြူထည် နန်းမွေလေးကိုကြည့်ပြီးလည်း သနားနေမိသည်။ မိမိကိုယ်တိုင်လည်း အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ သေကွဲရှင်ကွဲ ကွဲဖူးသောကြောင့် နန်းမွေလေးကိုလည်း ကိုယ်ချင်းစာမိသည်။ စာနာ နားလည်မိသည်။

သုသာန်ကအပြန် နန်းမွေလေးခမျာ အရင်လို မရွှင်လန်းတော့။ နန်းမွေလေးရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တို့သည် စီးကျနေခဲ့၏။

ဒီနေ့ စျေးပိတ်သည်’ ‘ဘယ်တော့ စျေးပြန်ဖွင့်မှာလဲ သူငယ်ချင်း’

နန်းမွေလေးရဲ့ ရင်ထဲမှာတော့ အတိတ်က အရိပ်တို့သည် မွန်းကျပ်စွာ ပဲ့တင်ထပ်နေပေလိမ့်မည်တကား. . .။

Credit : သားတော်ပုလဲ

(သန်လျင်၊ သီတဂူဗုဒ္ဓတက္ကသိုလ်)