K.K.A / MG Bo (TTG)
(Unicode Version)
၂၀၁၈ ခုနှစ်​ အစိုးရ ပထမလတ်​တန်​းမှာ တစ်​နိုင်​ငံလုံး ပထမရသွား​သော ဦးဇင်​းငယ်​​လေး
​တောင်​တွင်​းမှာ သာတဲ့လ လင်​းလွန်​းထိန်​လွန်​းလှ
၂၀၁၈ ခု ယခုနှစ်​ အရှင်​ဂုဏ​တေဇာလင်္ကာရက အစိုးရ ပထမလတ်​တန်​းမှာ တစ်နိုင်​ငံလုံးပထမရသွားပြန်​ပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်​က ၅ ဘွဲ့နဲ့သာမ​ဏေ​ကျော်​်​ဘွဲ့ ယူခဲ့တာပါ။ အဲဒီတုန်​းက သာမ​ဏေဘဝမှာပါ။ ပြီးခဲ့တဲ့နှစ်​က အစိုးရ ပထမငယ်​တန်​းမှာလည်​း တစ်နိုင်​ငံလုံး ပထမစွဲခဲ့တာပါပဲ။
ဤမျှ ထူးချွန်​​နေတဲ့ အရှင်​ဂုဏ​တေဇာလင်္ကာရက ဘယ်​ကလဲ။ တောင်​တွင်​းကြီးမြို့နယ်​ ပန်​း​တောငယ်​အုပ်​စု ​ကြီးအင်​းကုန်​းရွာ​ နေ​ကျော်​​ကျောင်​းကပါ။ ​နေ​ကျော်​ဆိုတာ ကမ္ဘာ့ဗုဒ္ဓသာသာပြု ချမ်​း​မြေ့ဆရာ​တော်​ဘုရားကြီး ​ကျောင်​းပါ။ လက်​ရှိဆရာ​တော်​ ဦး​တေဇိန္ဒ၏တပည်​့။ ဘုံ​ကျော်​ဆရာ​တော်​အရှင်​ဓမ္မဝိလာသနှင့်​့ စာချဆရာ​တော် အရှင်သုမနသာရာလင်္ကာရတို့၏ တပည်​့။
ယခုစစ်​ကိုင်​းမြစကြာ ဆရာ​တော်​အရှင်​ဣန္ဒကာဘိဝံသ ၏တပည်​့အဖြစ်​မြင်​့ မြတ်​ဗုဒ္ဓ၏အဆင်​့မြင်​့ပညာရပ်​များကိုဆက်​လက်​ဆည်​းပူးလျက်​ရှိ​နေပါတယ်​။ သက်​​တော်​အားဖြင်​့ ၂၀ ပဲရှိပါ​သေးတယ်​။
ခမည်​း​တော်​ မယ်​​တော်​များက ​တောင်​တွင်​းကြီးမြို့နယ်​ ကြီးအင်​းကုန်​းရွာမှ ဦး​အောင်​ရှိန်​နှင့် ဒေါ်အုန်​းမြ တို့ဖြစ်​ကြပါတယ်​။
​တောင်​တွင်​းကြီး၏ သာသနာ​တော်​အတွက်​ မြတ်​စွာဘုရား၏ တပည်​့သာဝကများက ထူးချွျန်​စွာ ဂုဏ်​​ဆောင်​​နေကြပါပြီ။ ​တောင်​တွင်​းကြီးသူ​ တောင်​တွင်​းကြီးသားများကလည်​း သာသနဒါယကာ ဒါယကာမ များအဖြစ့် ခံယူကာ ​တောင်​တွင်​းသာသနာ​တော်​ကြီး စည်​ပင်​​အောင်​ ကြိုးစားရွက်​​ဆောင်​သွားကြပါစို့။
ဝမ်​း​မြောက်​ဝမ်​းသာဖြင်​့ ဂုဏ်​ပြု ပူ​ဇော်​အပ်​ပါသည်​။
K.K.A / MG Bo (TTG)