iPhone X ခိုးယူသြားသူ ျပန္လာမေပးပါက တရားစြဲဆိုသြားမည္ျဖစ္ၿပီး လူမူကြန္ယက္တြင္လည္း သိသာ ထင္ရွားေသာ ပုံမ်ား ျဖန႔္ေဝသြားမည္

Win Mobile World (Branch II) Myanmar Plaza Branch တြင္ ဇြန္လ ၁၇ ရက္ ညေန 6:19 နာရီအခ်ိန္တြင္ ေက်ာပိုးအိတ္လြယ္လ်က္ အထုပ္တစ္ထုပ္ လက္တြင္ ကိုင္ထားေသာ အမ်ိဳးသားတစ္ဦးႏွင့္ ၎ႏွင့္အတူ ပါလာေသာ အ႐ုပ္တစ္႐ုပ္ ကိုင္လ်က္ရွိေသာ အမ်ိဳးသမီးမွ Live Demo ခင္းက်င္းျပသထားေသာ Display Devices မ်ားကို ၾကည့္ရႈခ်င္ေယာင္ေဆာင္ကာ ေယာက္်ားေလးမွ အေရာင္းဝန္ထမ္းအား အာရံုလႊဲေျပာင္း၍ မိန္းကေလးမွ iPhone X အား ျဖဳတ္ယူခိုးသြားခဲ့ပါသည္။

လက္ရွိအခ်ိန္တြင္ CCTV Record မ်ားအရေရာ မ်က္ႏွာပံုစံ အေနအထားမွာ ၎တို႕ (၂) ေယာက္အား ျပတ္သားထင္ရွားစြာ Record မ်ား ရရွိထားပါသည္။ ခိုးယူသည့္သူသည္ အမ်ိဳးသမီးတစ္ဦး ျဖစ္ေသာေၾကာင့္ လက္ရွိအခ်ိန္တြင္ ဂုဏ္သိကၡာအား ငဲ့ညာေသာအားျဖင့္ မ်က္ႏွာဖ်က္ေပးထားၿပီး သက္ဆိုင္ရာ ရဲစခန္းတြင္ အမႈဖြင့္ထားျခင္း မရွိေသးပါ။

ခိုးယူသြားေသာ စံုတြဲအေနျဖင့္ မိမိတို႕ Myanmar Plaza Branch သို႕ (၃) ရက္တြင္း ပစၥည္း ျပန္လည္လာေရာက္ ေပးအပ္ရန္ႏွင့္ မေပးအပ္ပါက သက္ဆိုင္ရာ ရဲစခန္းမ်ားတြင္ အမႈဖြင့္ၿပီး တည္ဆဲဥပေဒမ်ားအရ တရားစြဲဆိုသြားမည္ျဖစ္ၿပီး Social Media မ်ားတြင္လည္း ထင္ရွားျပတ္သားေသာ ပံုပန္းသြင္ျပင္ကို ေဖာ္ျပသြားမည္ျဖစ္ပါသည္။

ခိုးယူသြားေသာ iPhone X မွာလည္း iCloud Lost Mode ျပဳလုပ္ၿပီး ျဖစ္ပါသည္။

Model – iPhone X (64GB | Silver)

IMEI – 359406081140705

ဆက္သြယ္ရန္ – 09 45 222 888 5

ေက်းဇူးျပဳ၍ လက္ဆင့္ကမ္း မွ်ေ၀ေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။ ပံုတြင္ ခိုးယူသူ စံုတြဲအား အနီေရာင္ စက္ဝိုင္းျဖင့္ ျပထားပါသည္။

Source : Win Mobile World

(Unicode Version)

iPhone X ခိုးယူသွားသူ ပြန်လာမပေးပါက တရားစွဲဆိုသွားမည်ဖြစ်ပြီး လူမူကွန်ယက်တွင်လည်း သိသာထင်ရှားသောပုံများ ဖြန့်ဝေသွားမည်

Win Mobile World (Branch II) Myanmar Plaza Branch တွင် ဇွန်လ ၁၇ ရက် ညနေ 6:19 နာရီအချိန်တွင် ကျောပိုးအိတ်လွယ်လျက် အထုပ်တစ်ထုပ် လက်တွင် ကိုင်ထားသော အမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူ ပါလာသော အရုပ်တစ်ရုပ် ကိုင်လျက်ရှိသော အမျိုးသမီးမှ Live Demo ခင်းကျင်းပြသထားသော Display Devices များကို ကြည့်ရှုချင်ယောင်ဆောင်ကာ ယောက်ျားလေးမှ အရောင်းဝန်ထမ်းအား အာရုံလွှဲပြောင်း၍ မိန်းကလေးမှ iPhone X အား ဖြုတ်ယူခိုးသွားခဲ့ပါသည်။

လက်ရှိအချိန်တွင် CCTV Record များအရရော မျက်နှာပုံစံ အနေအထားမှာ ၎င်းတို့ (၂) ယောက်အား ပြတ်သားထင်ရှားစွာ Record များ ရရှိထားပါသည်။ ခိုးယူသည့်သူသည် အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ဂုဏ်သိက္ခာအား ငဲ့ညာသောအားဖြင့် မျက်နှာဖျက်ပေးထားပြီး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိသေးပါ။

ခိုးယူသွားသော စုံတွဲအနေဖြင့် မိမိတို့ Myanmar Plaza Branch သို့ (၃) ရက်တွင်း ပစ္စည်း ပြန်လည်လာရောက် ပေးအပ်ရန်နှင့် မပေးအပ်ပါက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ပြီး တည်ဆဲဥပဒေများအရ တရားစွဲဆိုသွားမည်ဖြစ်ပြီး Social Media များတွင်လည်း ထင်ရှားပြတ်သားသော ပုံပန်းသွင်ပြင်ကို ဖော်ပြသွားမည်ဖြစ်ပါသည်။

ခိုးယူသွားသော iPhone X မှာလည်း iCloud Lost Mode ပြုလုပ်ပြီး ဖြစ်ပါသည်။

Model – iPhone X (64GB | Silver)

IMEI – 359406081140705

ဆက်သွယ်ရန် – 09 45 222 888 5

ကျေးဇူးပြု၍ လက်ဆင့်ကမ်း မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပုံတွင် ခိုးယူသူ စုံတွဲအား အနီရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။

Source : Win Mobile World