ကြမ္း႐ြက္၏ ေဆးစြမ္းထက္မႈမ်ား

၁။ လိ္ပ္ေခါင္းေရာဂါေဝဒနာ ခံစားေနၾကရသူမ်ား အေနျဖင့္ ဒြါရေပါက္၌ ကြမ္းရြက္ကပ္ေပးပါက ခံစားေနရသည့္ ေဝဒနာသက္သာသြားေစပါမည္။

၂။ ေမႊးကြ်တ္နာ (သို႔မဟုတ္) အနာစိမ္းမ်ားအပၚသို႔ အပူေပးျပီး ၾကက္ဆူဆီ သုတ္လိမ္းထားေသာ ကြမ္းရြက္အား မၾကာခဏ အလဲလဲ အလွယ္လွယ္ ကပ္ေပးပါက အနာေပါက္ကာ ျပည္မ်ား စိမ့္ထြက္ျပီး ေဝဒနာ သက္သာေပ်ာက္ကင္းပါမည္။

၃။ ထိခိုက္ရွနာျဖစ္လွ်င္ အနာေပၚသို႔ ကြမ္းရြက္ကပ္ေပးပါက ၂ ရက္အတြင္း သက္သာ ေပ်ာက္ကင္းပါလိမ့္မည္။ ကြမ္းရြက္ကပ္၍ မရႏိုင္ေသာ ေနရာမ်ား၌ ထိခိုက္ရွနာ ျဖစ္ပါက အရည္ညွစ္ကာ မၾကာခဏ သုတ္လိမ္းေပးႏိုင္ပါသည္။

၄။ ခါးနာျခင္း အဆစ္အမ်က္မ်ား နာက်င္ျခင္း ျဖစ္ပါက ကြမ္းရြက္ကို အပူေပး၍ အုန္းဆီဆြတ္ပါ။ ျပီးလွ်င္ ေဝဒနာ ခံစားေနေသာ ေနရာမ်ား၌ ကပ္ထားေပးပါက ေရာင္ရမ္းမႈ နာက်င္မႈကို သက္သာ ေပ်ာက္ကင္းေစသည္။

၅။ ေခါင္းကိုက္ေဝဒနာ ခံစားေနလွ်င္ နားထင္၌ ကြမ္းရြက္ ကပ္ေပးပါ။ ကြမ္းရြက္၏ ေအးျမေသာ သတိၲက ေခါင္းကိုက္ေဝဒနာကို သက္သာ ေလ်ာ့ပါးသြားသည္။

၆။ ကြမ္းရြက္တြင္ ႏွလုံးခုန္းႏႈန္းကို စည္းခ်က္ညီေစေသာ ဂုဏ္သတိၲပါရွိ၏။ သို႔ျဖစ္၍ ႏွလုံးေဝဒနာ ခံစားေနရပါက ကြမ္းရြက္ကို ေရအနည္းငယ္ဆြတ္ျပီး ႏွလုံးေနရာကို ကပ္ေပးပါက ေဝဒနာ သက္သာေလ်ာ့ပါး သြားပါလိမ့္မည္။

၇။ ကြမ္းရြက္ကို မုန္ညင္းဆီဆြတ္ကာ အပူအနည္းငယ္ေပးျပီး ရင္ဘတ္ေပၚတြင္ ကပ္ထားျခင္းျဖင့္ အသက္ရွဴလမ္းေၾကာင္း၌ ျဖစ္ပြားတတ္ေသာ ေရာဂါေဝဒနာ သက္သာပါသည္။

၈။ ကြမ္းရြက္၌ ဆီးသြားေစႏိုင္သည့္ သတိၲရွိ၏။ ႔ဆီးခ်ဳပ္ျခင္း ဆီးနည္းျခင္းတို႔ ျဖစ္ေပၚလွ်င္ ကြမ္းရြက္ရည္ကို ႏြားႏို႕ႏွင့္ေရာျပီး သၾကားစြက္ကာ ေသာက္သုံးေပးပါက ဆီးရႊင္မည္။

၉။ အစာစားျပီးေနာက္ ကြမ္းရြက္ စားေပးပါက ခံတြင္းေကာင္းျပီး အစာ ေၾကညက္ေစပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ကြမ္းရြက္၌ ပါဝင္ေသာ ဂုဏ္သတိၲ တစ္ခုသည္ အူလမ္းေၾကာင္း လႈပ္ရွားမႈကိုေၚ ေကာင္းမြန္ေစျပီး အစာေခ်ဖ်က္သည့္ အင္ဇိုင္းမ်ားအား ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ရန္ ကူညီေပးႏိုင္ေသာေၾကာင့္ ျဖစ္သည္။

၁၀။ သြားႏွင့္သြားဖုံး က်န္းမာလိုလွ်င္ ကြမ္းရြက္ ၁၀ ရြက္ကို ပါးပါးလွီးျပီး ပြက္ပြက္ဆူသည့္ ေရထည့္ထားေသာ ခြက္အတြင္းထည့္ပါ။ ၁၀ မိနစ္ခန္႔ အုပ္ဆိုင္းျပီး ခပ္ေႏြးေႏြး ကေလးရွိပါမွ ေသာက္သုံးေပးပါ။ ကိုယ္နံ႕မ်ား ေကာင္းမြန္ျပီး သြားႏွင့္သြားဖုံးတို႔ က်န္းမာလာပါမည္။

၁၁။ ကေလးမ်ား ႏွာေစးေနလွ်င္ ကြမ္းရြက္ကို မီးကင္၍ ႏွာေစးေနေသာ ကေလးငယ္၏ ငယ္ထိပ္ေပၚသို႔ အုန္းဆီဆြတ္ကာ ကပ္ထားေပးပါက ႏွာေစးေဝဒနာ သက္သာ ေပ်ာက္ကင္းသြားပါလိမ့္မည္။

၁၂။ အပူလြန္ျပီး ဖ်ားေနလွ်င္ အိုးတစ္လုံးအတြင္းသို႔ ကြမ္းရြက္ ခ်င္း ထန္လ်က္ ဆားတို႔ ေရနွင့္ျပဳတ္ျပီး ေသာက္သုံးေပးပါက အပူလြန္ျပီး ဖ်ားေနေသာ ေဝဒနာ သက္သာပါလိမ့္မည္။

၁၃။ ကြမ္းရြက္ညွစ္ရည္ကို ခ်င္းျပဳတ္ရည္ႏွင့္ေရာျပီး သိေႏၶာဆား အနည္းငယ္ထည့္၍ ေသာက္ေပးပါက ေခ်ာင္းဆိုး ပန္းနာ ရင္ေအာင့္ ရင္ကယ္ သက္သာပါသည္။

၁၄။ မ်က္စိနာျပီး ကိုက္ခဲေနလွ်င္ ကြမ္းရြက္ညွစ္ရည္ႏွင့္ မ်က္စဥ္းခတ္ေပးပါက ေဝဒနာ သက္သာမည္။

၁၅။ ဓမၼတာ မမွန္ပဲ မီးယပ္ေၾကာင့္ စိတ္ေဖာက္ျပန္ေသာ စိတၱဇနာအတြက္ ကြမ္းရြက္ညွစ္ရည္ကို ႏြားႏို႔ႏွင့္ ေသာက္သုံးေပးပါက ေပ်ာက္ကင္းပါသည္။

၁၆။ အစာမေၾက ေလပြ ဝမ္းသြားျပီး ဖ်ားေနလွ်င္ ကြမ္းရြက္ညွစ္ရည္ႏွင့္ ပ်ားရည္တို႔ကို တိုက္ေကြ်းေပးပါက သက္သာ ေပ်ာက္ကင္းသည္။

၁၇။ ကေလးမ်ား ေက်ာပူ ေခါက္းပူထလွ်င္ ကြမ္းရြက္သတၱဳရည္ႏွင့္ ၾကက္ဟင္းခါးရြက္ သတၱဳရည္ကို ေရာ၍ ကေလးငယ္၏ ဝမ္းျပင္ ေက်ာျပင္တို႔အား အထက္မွေအာက္သို႔ လိမ္းေပးပါက ေက်ာပူ ေခါင္းပူ ေဝဒနာ ေပ်ာက္ကင္းပါသည္။

Credit : ေဆးဝိဇၨာ

(Unicode Version)

ကွမ်းရွက်၏ ဆေးစွမ်းထက်မှုများ

၁။ လိ်ပ်ခေါင်းရောဂါဝေဒနာ ခံစားနေကြရသူများ အနေဖြင့် ဒွါရပေါက်၌ ကွမ်းရွက်ကပ်ပေးပါက ခံစားနေရသည့် ဝေဒနာသက်သာသွားစေပါမည်။

၂။ မွှေးကျွတ်နာ (သို့မဟုတ်) အနာစိမ်းများအပါ်သို့ အပူပေးပြီး ကြက်ဆူဆီ သုတ်လိမ်းထားသော ကွမ်းရွက်အား မကြာခဏ အလဲလဲ အလှယ်လှယ် ကပ်ပေးပါက အနာပေါက်ကာ ပြည်များ စိမ့်ထွက်ပြီး ဝေဒနာ သက်သာပျောက်ကင်းပါမည်။

၃။ ထိခိုက်ရှနာဖြစ်လျှင် အနာပေါ်သို့ ကွမ်းရွက်ကပ်ပေးပါက ၂ ရက်အတွင်း သက်သာ ပျောက်ကင်းပါလိမ့်မည်။ ကွမ်းရွက်ကပ်၍ မရနိုင်သော နေရာများ၌ ထိခိုက်ရှနာ ဖြစ်ပါက အရည်ညှစ်ကာ မကြာခဏ သုတ်လိမ်းပေးနိုင်ပါသည်။

၄။ ခါးနာခြင်း အဆစ်အမျက်များ နာကျင်ခြင်း ဖြစ်ပါက ကွမ်းရွက်ကို အပူပေး၍ အုန်းဆီဆွတ်ပါ။ ပြီးလျှင် ဝေဒနာ ခံစားနေသော နေရာများ၌ ကပ်ထားပေးပါက ရောင်ရမ်းမှု နာကျင်မှုကို သက်သာ ပျောက်ကင်းစေသည်။

၅။ ခေါင်းကိုက်ဝေဒနာ ခံစားနေလျှင် နားထင်၌ ကွမ်းရွက် ကပ်ပေးပါ။ ကွမ်းရွက်၏ အေးမြသော သတ္တိက ခေါင်းကိုက်ဝေဒနာကို သက်သာ လျော့ပါးသွားသည်။

၆။ ကွမ်းရွက်တွင် နှလုံးခုန်းနှုန်းကို စည်းချက်ညီစေသော ဂုဏ်သတ္တိပါရှိ၏။ သို့ဖြစ်၍ နှလုံးဝေဒနာ ခံစားနေရပါက ကွမ်းရွက်ကို ရေအနည်းငယ်ဆွတ်ပြီး နှလုံးနေရာကို ကပ်ပေးပါက ဝေဒနာ သက်သာလျော့ပါး သွားပါလိမ့်မည်။

၇။ ကွမ်းရွက်ကို မုန်ညင်းဆီဆွတ်ကာ အပူအနည်းငယ်ပေးပြီး ရင်ဘတ်ပေါ်တွင် ကပ်ထားခြင်းဖြင့် အသက်ရှူလမ်းကြောင်း၌ ဖြစ်ပွားတတ်သော ရောဂါဝေဒနာ သက်သာပါသည်။

၈။ ကွမ်းရွက်၌ ဆီးသွားစေနိုင်သည့် သတ္တိရှိ၏။ ့ဆီးချုပ်ခြင်း ဆီးနည်းခြင်းတို့ ဖြစ်ပေါ်လျှင် ကွမ်းရွက်ရည်ကို နွားနို့နှင့်ရောပြီး သကြားစွက်ကာ သောက်သုံးပေးပါက ဆီးရွှင်မည်။

၉။ အစာစားပြီးနောက် ကွမ်းရွက် စားပေးပါက ခံတွင်းကောင်းပြီး အစာ ကြေညက်စေပါသည်။ အဘယ်ကြောင့်ဆိုသော် ကွမ်းရွက်၌ ပါဝင်သော ဂုဏ်သတ္တိ တစ်ခုသည် အူလမ်းကြောင်း လှုပ်ရှားမှုကိုေါ် ကောင်းမွန်စေပြီး အစာချေဖျက်သည့် အင်ဇိုင်းများအား ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနိုင်သောကြောင့် ဖြစ်သည်။

၁၀။ သွားနှင့်သွားဖုံး ကျန်းမာလိုလျှင် ကွမ်းရွက် ၁၀ ရွက်ကို ပါးပါးလှီးပြီး ပွက်ပွက်ဆူသည့် ရေထည့်ထားသော ခွက်အတွင်းထည့်ပါ။ ၁၀ မိနစ်ခန့် အုပ်ဆိုင်းပြီး ခပ်နွေးနွေး ကလေးရှိပါမှ သောက်သုံးပေးပါ။ ကိုယ်နံ့များ ကောင်းမွန်ပြီး သွားနှင့်သွားဖုံးတို့ ကျန်းမာလာပါမည်။

၁၁။ ကလေးများ နှာစေးနေလျှင် ကွမ်းရွက်ကို မီးကင်၍ နှာစေးနေသော ကလေးငယ်၏ ငယ်ထိပ်ပေါ်သို့ အုန်းဆီဆွတ်ကာ ကပ်ထားပေးပါက နှာစေးဝေဒနာ သက်သာ ပျောက်ကင်းသွားပါလိမ့်မည်။

၁၂။ အပူလွန်ပြီး ဖျားနေလျှင် အိုးတစ်လုံးအတွင်းသို့ ကွမ်းရွက် ချင်း ထန်လျက် ဆားတို့ ရေနှင့်ပြုတ်ပြီး သောက်သုံးပေးပါက အပူလွန်ပြီး ဖျားနေသော ဝေဒနာ သက်သာပါလိမ့်မည်။

၁၃။ ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နှင့်ရောပြီး သိန္ဓောဆား အနည်းငယ်ထည့်၍ သောက်ပေးပါက ချောင်းဆိုး ပန်းနာ ရင်အောင့် ရင်ကယ် သက်သာပါသည်။

၁၄။ မျက်စိနာပြီး ကိုက်ခဲနေလျှင် ကွမ်းရွက်ညှစ်ရည်နှင့် မျက်စဉ်းခတ်ပေးပါက ဝေဒနာ သက်သာမည်။

၁၅။ ဓမ္မတာ မမှန်ပဲ မီးယပ်ကြောင့် စိတ်ဖောက်ပြန်သော စိတ္တဇနာအတွက် ကွမ်းရွက်ညှစ်ရည်ကို နွားနို့နှင့် သောက်သုံးပေးပါက ပျောက်ကင်းပါသည်။

၁၆။ အစာမကြေ လေပွ ဝမ်းသွားပြီး ဖျားနေလျှင် ကွမ်းရွက်ညှစ်ရည်နှင့် ပျားရည်တို့ကို တိုက်ကျွေးပေးပါက သက်သာ ပျောက်ကင်းသည်။

၁၇။ ကလေးများ ကျောပူ ခေါက်းပူထလျှင် ကွမ်းရွက်သတ္တုရည်နှင့် ကြက်ဟင်းခါးရွက် သတ္တုရည်ကို ရော၍ ကလေးငယ်၏ ဝမ်းပြင် ကျောပြင်တို့အား အထက်မှအောက်သို့ လိမ်းပေးပါက ကျောပူ ခေါင်းပူ ဝေဒနာ ပျောက်ကင်းပါသည်။

Credit : ဆေးဝိဇ္ဇာ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္