အင္ဂ်င္နီယာလိုင္းကို ရည္မွန္းထားၾကၿပီး ဘယ္လိုင္း ေလွ်ာက္ေလွ်ာက္ အတူတူ ဆက္ေလွ်ာက္ၾကမယ့္ အမႊာသုံးေယာက္

တကၠသိုလ္၀င္တန္း (၁၀)တန္း စာေမးပြဲရလဒ္ေတြဟာ ေက်ာင္းသားလူငယ္ေတြရဲ႔ ဘ၀ေရွ႔ေရးလမ္းေၾကာင္း ေရြးခ်ယ္မႈအေပၚ အဆုံးအျဖတ္ေပးေလ့ရွိပါတယ္။ ထူးခြန္ေပမယ့္ မိန္းကေလးမို႔ အမွတ္မွီရင္လဲ နစ္နာတတ္ျပန္ပါတယ္။ (၁၀)တန္းစားေမးပြဲမွာ ဂုဏ္ထူးေတြပါဖို႔ အမွတ္ေကာင္းရဖို႔ လိုင္းေကာင္းေကာင္းမွီဖို႔ ေက်ာင္းသားအမ်ားစု ခက္ခက္ခဲခဲ ၾကဳိးစားရခ်ိန္မွာ ျမန္မာျပည္ အထက္ပိုင္း ေက်းရြာေလးတရြာကေန (၄)ဘာသာဂုဏ္ထူးရွင္ (၃)ေယာက္ ဒီနွစ္မွာ ေပၚထြက္လာပါတယ္။

သူတို႔ေတြကေတာ့ မႏၱေလးတိုင္းေဒသၾကီး ျမင္းၿခံၿမဳိ႔နယ္ ဖက္ပင္အိုင္ေက်းရြာေလးက မသန္႔ထားထားေဇာ္၊ မသန္႔ထက္ထက္ေဇာ္နဲ႔ မသန္႔ထူးထူးေဇာ္ဆိုတဲ့ အမႊာညီအမ(၃)ေယာက္ပါပဲ။ ထူးထူးျခားျခား (၄)ဘာသာဂုဏ္ထူး ကိုယ္စီ ထြက္ၾကတဲ့ ညီအမ(၃)ေယာက္ မိသားစုနဲ႔ေနထိုင္တဲ့ ဖက္ပင္အိုင္ေက်းရြာေလးဟာဆိုရင္ ျမင္းျခံၿမဳိ႔ကေန (၂)နာရီေလာက္ လမ္းၾကမ္းတဲ့ ကားလမ္းခရီးနဲ႔ သြားရပါတယ္။

သူတို႔အမႊာညီအမ ၃ ​ေယာက္​စလုံးဟာ ဖက္​ပင္​အုိင္​​ေက်းရြာမွာ ၈ တန္​းအထိပညာသင္​ၾကားခဲ့​ၿပီး၊ ျမင္​းျခံ ( အ-ထ-က ၄ ) မွာ ၉တန္​းမွစလို႔ တက္​​ေရာက္​ ပညာသင္​ၾကားခဲ့ပါတယ္။(၁၀)တန္းမွာ ျမင္းျခံ သရ၀ဏ္ စာသင္၀ိုင္းကေန စာၾကဳိးစားခဲ့တဲ့ သူတို႔အမႊာညီအမ(၃)ေယာက္ သန္​႔ထားထား​ေဇာ္​ ( သခ်ၤာ -ဓာတု-႐ူပ-ဇီဝ) ၊သန္​႔ထက္​ထက္​​ေဇာ္​( ျမန္​မာစာ- ဓာတု -႐ူပ- ဇီဝ ) နဲ႔ သန္​႔ထူးထူး​ေဇာ္​ ( သခ်ၤာ-ဓာတု -႐ူပ- ဇီဝ ) တုိ႔နဲ႔ ​ထူးထူးခ်ြန္ခြ်န္ေအာင္ျမင္ခဲ့ပါတယ္။

အမႊာ(၃)ေယာက္စလုံးဟာ မူလက ဆရာ၀န္မၾကီးေတြ ျဖစ္ခ်င္ၾကတဲ့ ရည္ရြယ္ခ်က္ထားရွိခဲ့ေပမယ့္ အမွတ္စာရင္းမွာ အၾကီးမေလး(၂)ေယာက္က အမွတ္ေပါင္း(၄၇၀)ေက်ာ္၊ အငယ္မေလးက (၄၅၀)ေက်ာ္ရရွိၾကလို႔ ေဆးလိုင္းေတာ့ မေလွွ်ာက္ျဖစ္ေတာ့ပါဘူး။ သူတို႔အေနနဲ႔ အခုခ်ိန္မွာ အင္ဂ်င္နီယာလိုင္းကို ရည္မွန္းထားၾကၿပီး ဘယ္လိုင္းကိုေလွ်ာက္ေလွ်ာက္ ဂုဏ္ထူး(၄)ခုကိုယ္စီ ရထားတဲ့ သူတို႔ညီအမ(၃)ေယာက္လုံး မခြဲမခြာအတူတူေလွ်ာက္လွမ္းႏိုင္မယ့္ လမ္းေၾကာင္းကိုပဲ ေရြးျဖစ္လိမ့္မယ္လို႔ လူငယ့္အသံကို ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူတို႔အမႊာညီအမေတြဟာ ရြာမွာရွိတဲ့ ကေလးေတြ၊ ဆယ္တန္းေျဖဆိုမယ့္ ေက်ာင္းသားေတြကို စာျပန္သင္ေပးေနပါတယ္။ အခုလို အထက္ပိုင္း ေက်းရြာေလးက အမ႔ႊာညီအမ (၃)ေယာက္တို႔ရဲ႔ ဂုဏ္ထူး(၄)ဘာသာနဲ႔ ထူးခြ်န္ေအာင္ျမင္မႈဟာ သူတို႔ေဒသက တျခားေက်ာင္းသားလူငယ္ေတြကိုပါ စိတ္အားတက္ေစၿပီး စာေမးပြဲက်တဲ့လူငယ္ေတြေတာင္ ျပန္လည္ေျဖဆိုဖို႔ စိတ္ဓာတ္ခြန္အားေတြ ျဖစ္လာေစပါတယ္။

သူတို႔အမႊာညီအမ(၃)ေယာက္ရဲ႔ ဘ၀ပုံရိပ္တခ်ဳိ႔ကို DVB Youth Voice လူငယ့္အသံ အစီအစဥ္မွာ မၾကာခင္တင္ဆက္ေပးသြားမွာမို႔ ေစာင့္ေမွ်ာ္ၾကည့္ရွဳလိုက္ပါဦး။

ဓာတ္ပုံ – က်ဳးလစ္

Source : DVB

(Unicode Version)

အင်ဂျင်နီယာလိုင်းကို ရည်မှန်းထားကြပြီး ဘယ်လိုင်း လျှောက်လျှောက် အတူတူ ဆက်လျှောက်ကြမယ့် အမွှာသုံးယောက်

တက္ကသိုလ်ဝင်တန်း (၁၀)တန်း စာမေးပွဲရလဒ်တွေဟာ ကျောင်းသားလူငယ်တွေရဲ့ ဘဝရှေ့ရေးလမ်းကြောင်း ရွေးချယ်မှုအပေါ် အဆုံးအဖြတ်ပေးလေ့ရှိပါတယ်။ ထူးခွန်ပေမယ့် မိန်းကလေးမို့ အမှတ်မှီရင်လဲ နစ်နာတတ်ပြန်ပါတယ်။ (၁၀)တန်းစားမေးပွဲမှာ ဂုဏ်ထူးတွေပါဖို့ အမှတ်ကောင်းရဖို့ လိုင်းကောင်းကောင်းမှီဖို့ ကျောင်းသားအများစု ခက်ခက်ခဲခဲ ကြိုးစားရချိန်မှာ မြန်မာပြည် အထက်ပိုင်း ကျေးရွာလေးတရွာကနေ (၄)ဘာသာဂုဏ်ထူးရှင် (၃)ယောက် ဒီနှစ်မှာ ပေါ်ထွက်လာပါတယ်။

သူတို့တွေကတော့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာလေးက မသန့်ထားထားဇော်၊ မသန့်ထက်ထက်ဇော်နဲ့ မသန့်ထူးထူးဇော်ဆိုတဲ့ အမွှာညီအမ(၃)ယောက်ပါပဲ။ ထူးထူးခြားခြား (၄)ဘာသာဂုဏ်ထူး ကိုယ်စီ ထွက်ကြတဲ့ ညီအမ(၃)ယောက် မိသားစုနဲ့နေထိုင်တဲ့ ဖက်ပင်အိုင်ကျေးရွာလေးဟာဆိုရင် မြင်းခြံမြို့ကနေ (၂)နာရီလောက် လမ်းကြမ်းတဲ့ ကားလမ်းခရီးနဲ့ သွားရပါတယ်။

သူတို့အမွှာညီအမ ၃ ​ယောက်​စလုံးဟာ ဖက်​ပင်​အိုင်​​ကျေးရွာမှာ ၈ တန်​းအထိပညာသင်​ကြားခဲ့​ပြီး၊ မြင်​းခြံ ( အ-ထ-က ၄ ) မှာ ၉တန်​းမှစလို့ တက်​​ရောက်​ ပညာသင်​ကြားခဲ့ပါတယ်။(၁၀)တန်းမှာ မြင်းခြံ သရဝဏ် စာသင်ဝိုင်းကနေ စာကြိုးစားခဲ့တဲ့ သူတို့အမွှာညီအမ(၃)ယောက် သန်​့ထားထား​ဇော်​ ( သချင်္ာ -ဓာတု-ရူပ-ဇီဝ) ၊သန်​့ထက်​ထက်​​ဇော်​( မြန်​မာစာ- ဓာတု -ရူပ- ဇီဝ ) နဲ့ သန်​့ထူးထူး​ဇော်​ ( သချင်္ာ-ဓာတု -ရူပ- ဇီဝ ) တို့နဲ့ ​ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။

အမွှာ(၃)ယောက်စလုံးဟာ မူလက ဆရာဝန်မကြီးတွေ ဖြစ်ချင်ကြတဲ့ ရည်ရွယ်ချက်ထားရှိခဲ့ပေမယ့် အမှတ်စာရင်းမှာ အကြီးမလေး(၂)ယောက်က အမှတ်ပေါင်း(၄၇၀)ကျော်၊ အငယ်မလေးက (၄၅၀)ကျော်ရရှိကြလို့ ဆေးလိုင်းတော့ မလျှှောက်ဖြစ်တော့ပါဘူး။ သူတို့အနေနဲ့ အခုချိန်မှာ အင်ဂျင်နီယာလိုင်းကို ရည်မှန်းထားကြပြီး ဘယ်လိုင်းကိုလျှောက်လျှောက် ဂုဏ်ထူး(၄)ခုကိုယ်စီ ရထားတဲ့ သူတို့ညီအမ(၃)ယောက်လုံး မခွဲမခွာအတူတူလျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းကိုပဲ ရွေးဖြစ်လိမ့်မယ်လို့ လူငယ့်အသံကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့အမွှာညီအမတွေဟာ ရွာမှာရှိတဲ့ ကလေးတွေ၊ ဆယ်တန်းဖြေဆိုမယ့် ကျောင်းသားတွေကို စာပြန်သင်ပေးနေပါတယ်။ အခုလို အထက်ပိုင်း ကျေးရွာလေးက အမွှ့ာညီအမ (၃)ယောက်တို့ရဲ့ ဂုဏ်ထူး(၄)ဘာသာနဲ့ ထူးချွန်အောင်မြင်မှုဟာ သူတို့ဒေသက တခြားကျောင်းသားလူငယ်တွေကိုပါ စိတ်အားတက်စေပြီး စာမေးပွဲကျတဲ့လူငယ်တွေတောင် ပြန်လည်ဖြေဆိုဖို့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်လာစေပါတယ်။

သူတို့အမွှာညီအမ(၃)ယောက်ရဲ့ ဘဝပုံရိပ်တချို့ကို DVB Youth Voice လူငယ့်အသံ အစီအစဉ်မှာ မကြာခင်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။

ဓာတ်ပုံ – ကျုးလစ်

Source : DVB