လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ေဖာ္ထုတ္ဖမ္းဆီး အေရးယူမယ္ဆုိတဲ့ ေၾကညာခ်က္ေၾကာင့္ လူမႈကူညီေရးအသင္းေတြ ကူညီမႈေတြ ရပ္ဆုိင္းထား

လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို နည္းမ်ိဳးစံုနဲ႔ ေဖာ္ထုတ္ဖမ္းဆီး အေရးယူမယ္ဆုိတဲ့ ေၾကညာခ်က္ေၾကာင့္ လူမႈကူညီေရးအသင္းေတြ အခက္ေတြ႔ေနၿပီး ကူညီမႈေတြကို ရပ္္ဆုိင္းထားတယ္လို႔ မႏၱေလးတုိင္း၊ စစ္ကိုင္းတုိင္းနဲ႔ မေကြးတုိင္းအတြင္းက လူမႈေရးအသင္း ဦးေဆာင္သူေတြက ဒီေန႔ ေျပာပါတယ္။

တရားမ၀င္ကားေတြကို သိမ္းမယ္ဆိုရင္ ေက်းလက္ေနျပည္သူေတြကို ထိခိုက္ႏိုင္တယ္လို႔ မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္က သဂၤဟ လူမႈကူညီေရးအသင္း ဥကၠ႒ ဦးၾကည္ေမာင္ က ေျပာပါတယ္။

လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို နည္းမ်ိဳးစံုနဲ႔ ေဖာ္ထုတ္ဖမ္းဆီးအေရးယူမယ္ဆုိတဲ့ ေၾကညာခ်က္ေတြကို တိုင္းေဒသႀကီးအခ်ိဳ႕မွာ ထုတ္ျပန္တာေတြ ရိွေနပါတယ္။ လာမယ့္ ဇူလိုင္လ ၁၁ ရက္ေန႔ ေနာက္ပိုင္းမွာ ေတြ႔ရိွခဲ့မယ္ ဆိုရင္ အေရးယူသြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရိွေပမယ့္ ဘယ္လိုပံုစံမ်ိဳးနဲ႔ အေရးယူမလဲဆိုတာေတာ့ မပါရိွေသးဘူးလို႔ ဆိုပါတယ္။

အဲဒီလိုထုတ္ျပန္ခ်က္ေတြေၾကာင္႔ မႏၱေလးၿမိဳ႕က လူမႈကူညီေရးအသင္းအဖြဲ႔အခ်ိဳ႕က ကူညီေပးမႈေတြ ရပ္ဆိုင္း ထားသလို စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာလည္း အကူအညီေတြ ရပ္ဆိုင္ထားတယ္လို႔ သိရပါတယ္။

ဆိပ္ျဖဴၿမိဳ႕နယ္မွာေတာ႔ လူမႈကူညီေရးအသင္းအဖြဲ႔ေတြမွာ ကားအေရအတြက္ စုစုေပါင္း ၄၄ စီးခန္႔ရိွေပမယ့္ ၆ စီးသာ လိုင္စင္ရိွၿပီး အဲဒီ လိုင္စင္ရိွတဲ့ ယာဥ္ ၆ စီးဟာ နိဗၺာန္ယာဥ္လိုင္စင္ေတြသာ ျဖစ္တယ္လို႔ သိရပါတယ္။

လူမႈကူညီေရးအသင္းအဖဲြ႔ေတြ အသံုးျပဳေနတဲ့ ေမာ္ေတာ္ယာဥ္အမ်ားစုဟာ လိုင္စင္မဲ့ေတြ ျဖစ္ပါတယ္။

Source : RFA Burmese

(Unicode Version)

လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖော်ထုတ်ဖမ်းဆီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူမှုကူညီရေးအသင်းတွေ ကူညီမှုတွေ ရပ်ဆိုင်းထား

လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်ဖမ်းဆီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူမှုကူညီရေးအသင်းတွေ အခက်တွေ့နေပြီး ကူညီမှုတွေကို ရပ််ဆိုင်းထားတယ်လို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လူမှုရေးအသင်း ဦးဆောင်သူတွေက ဒီနေ့ ပြောပါတယ်။

တရားမဝင်ကားတွေကို သိမ်းမယ်ဆိုရင် ကျေးလက်နေပြည်သူတွေကို ထိခိုက်နိုင်တယ်လို့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကြည်မောင် က ပြောပါတယ်။

လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ကြေညာချက်တွေကို တိုင်းဒေသကြီးအချို့မှာ ထုတ်ပြန်တာတွေ ရှိနေပါတယ်။ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ နောက်ပိုင်းမှာ တွေ့ရှိခဲ့မယ် ဆိုရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမလဲဆိုတာတော့ မပါရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီလိုထုတ်ပြန်ချက်တွေကြောင့် မန္တလေးမြို့က လူမှုကူညီရေးအသင်းအဖွဲ့အချို့က ကူညီပေးမှုတွေ ရပ်ဆိုင်း ထားသလို စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ချို့မှာလည်း အကူအညီတွေ ရပ်ဆိုင်ထားတယ်လို့ သိရပါတယ်။

ဆိပ်ဖြူမြို့နယ်မှာတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေမှာ ကားအရေအတွက် စုစုပေါင်း ၄၄ စီးခန့်ရှိပေမယ့် ၆ စီးသာ လိုင်စင်ရှိပြီး အဲဒီ လိုင်စင်ရှိတဲ့ ယာဉ် ၆ စီးဟာ နိဗ္ဗာန်ယာဉ်လိုင်စင်တွေသာ ဖြစ်တယ်လို့ သိရပါတယ်။

လူမှုကူညီရေးအသင်းအဖွဲ့တွေ အသုံးပြုနေတဲ့ မော်တော်ယာဉ်အများစုဟာ လိုင်စင်မဲ့တွေ ဖြစ်ပါတယ်။

Source : RFA Burmese