အိမ္ထဲဝင္ေနသည့္ ၈ ေပအရွည္႐ွိ မိေက်ာင္းႀကီးတစ္ေကာင္ေၾကာင့္ မိသားစုမ်ား ထိတ္လန္႔ (႐ုပ္သံ)

အိႏၵိယႏိုင္ငံ ေက်းရြာတစ္ရြာက အိမ္တစ္အိမ္အတြင္းမွာ ၈ ေပအရွည္ရွိတဲ့ မိေက်ာင္းႀကီးတေကာင္ ဝင္ေရာက္ခဲ့တဲ့အတြက္ မိသားစုဝင္ေတြ ထိတ္လန္႔ခဲ့ၾကရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္ ၁၂ ရက္ မနက္အေစာပိုင္းက ေအာ့တ္တာ ပရာေဒ့ရွ္ျပည္နယ္တြင္းမွာ ျဖစ္ခဲ့တာပါ။

ကေလး  ၂ ေယာက္မိခင္ျဖစ္တဲ့ ရွာကြန္တလာ ေဒဝီဟာ မနက္ခင္း အေစာပိုင္းအခ်ိန္မွာ အိမ္အတြင္း ထူးဆန္းတဲ့ အသံတသံကို သတိထားမိခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ သူက အိမ္တြင္း လိုက္လံရွာေဖြခဲ့ခ်ိန္မွာ ကေလးကုတင္တခုရဲ႕ ေအာက္မွာ ေရာက္ေနတဲ့ မိေက်ာင္းႀကီးကို ထိတ္လန္႔ဖြယ္ ေတြ႔ခဲ့ရတာပါ။

“မနက္အေစာပိုင္း ၄ နာရီေလာက္ရွိမယ္ရွင့္။ က်မအိပ္ေနရင္းကေန ထူးထူးဆန္းဆန္း အသံတသံ ၾကားခဲ့ရတယ္။ အဲဒါနဲ႔ အခန္းမီးဖြင့္ၿပီး လိုက္ရွာခဲ့တာ ကုတင္ေအာက္မွာ မိေက်ာင္းႀကီးကို ေတြ႔ခဲ့ရတာပါပဲ။”

အဲဒီေနာက္ သူဟာ အိပ္ေပ်ာ္ေနတဲ့ ခင္ပြန္းျဖစ္သူကို ႏႈိးခဲ့ၿပီး ကေလးေတြနဲ႔အတူ အိမ္ျပင္ကို ထြက္ေျပးခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ အိမ္နီးခ်င္းေတြကိုပါ ေအာ္ဟစ္ အကူအညီေတာင္းခံခဲ့ရၿပီး ေနာက္မွာေတာ့ မိေက်ာင္းႀကီးကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

Unicode Version
—————————
အိမ်ထဲဝင်နေသည့် ၈ ပေအရှည်ရှိ မိကျောင်းကြီးတစ်ကောင်ကြောင့် မိသားစုများ ထိတ်လန့် (ရုပ်သံ)

အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာက အိမ်တစ်အိမ်အတွင်းမှာ ၈ ပေအရှည်ရှိတဲ့ မိကျောင်းကြီးတကောင် ဝင်ရောက်ခဲ့တဲ့အတွက် မိသားစုဝင်တွေ ထိတ်လန့်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ် ၁၂ ရက် မနက်အစောပိုင်းက အော့တ်တာ ပရာဒေ့ရှ်ပြည်နယ်တွင်းမှာ ဖြစ်ခဲ့တာပါ။

ကလေး  ၂ ယောက်မိခင်ဖြစ်တဲ့ ရှာကွန်တလာ ဒေဝီဟာ မနက်ခင်း အစောပိုင်းအချိန်မှာ အိမ်အတွင်း ထူးဆန်းတဲ့ အသံတသံကို သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ သူက အိမ်တွင်း လိုက်လံရှာဖွေခဲ့ချိန်မှာ ကလေးကုတင်တခုရဲ့ အောက်မှာ ရောက်နေတဲ့ မိကျောင်းကြီးကို ထိတ်လန့်ဖွယ် တွေ့ခဲ့ရတာပါ။

“မနက်အစောပိုင်း ၄ နာရီလောက်ရှိမယ်ရှင့်။ ကျမအိပ်နေရင်းကနေ ထူးထူးဆန်းဆန်း အသံတသံ ကြားခဲ့ရတယ်။ အဲဒါနဲ့ အခန်းမီးဖွင့်ပြီး လိုက်ရှာခဲ့တာ ကုတင်အောက်မှာ မိကျောင်းကြီးကို တွေ့ခဲ့ရတာပါပဲ။”

အဲဒီနောက် သူဟာ အိပ်ပျော်နေတဲ့ ခင်ပွန်းဖြစ်သူကို နှိုးခဲ့ပြီး ကလေးတွေနဲ့အတူ အိမ်ပြင်ကို ထွက်ပြေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိမ်နီးချင်းတွေကိုပါ အော်ဟစ် အကူအညီတောင်းခံခဲ့ရပြီး နောက်မှာတော့ မိကျောင်းကြီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္