၅ ႏွစ္အရြယ္ မိန္းကေလးကို အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့သူအား လူျမင္ကြင္းတြင္ ေသဒဏ္ေပး

ယီမင္ႏုိင္ငံ ၿမိဳ႕ေတာ္ ဆာနာမွာ အသက္ ၅ ႏွစ္အရြယ္ မိန္းကေလးတဦးကို အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္ခဲ့တဲ့ ရာဇဝတ္ေကာင္ကို မိန္းကေလးမိဘေတြနဲ႔ ပရိသတ္ ရာေပါင္းမ်ားစြာေရွ႕မွာ ၾသဂုတ္ ၁၄ ရက္ေန႔က ေသဒဏ္ေပးခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူဟာ အသက္ ၂၂ ႏွစ္အရြယ္ ဟူစိန္အယ္ဆာကစ္ ဆုိသူျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္က က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။ အဲဒီလုိ ေသဒဏ္ေပးတာကို မိန္းကေလးမိဘေတြနဲ႔ ပရိသတ္ ရာေပါင္းမ်ားစြာေရွ႕မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီေနာက္ တရားခံကို လူျမင္ကြင္းမွာ ေသနတ္နဲ႔ ၆ ႀကိမ္ ပစ္ခတ္ၿပီးေနာက္ အေလာင္းကို ကရိန္းမွာ ခ်ိတ္ဆြဲၿပီး အမ်ားျမင္ေအာင္ ျပသခဲ့ပါတယ္။

မိန္းကေလးရဲ႕ မိခင္ျဖစ္သူက “က်မ ဒီေန႔ကို ေစာင့္ေနတာပါ။ ဒီတိရစာၦန္ေကာင္ကို ေသဒဏ္ေပးတာျမင္ရလုိ႔ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ ဒင္းကုိ ၂ နာရီ ၃ နာရီအစား ၃ ရက္ေလာက္ကို တြဲေလာင္းခ်ထားေစခ်င္တာ။ က်မတို႔လုိအျဖစ္မ်ိဳးနဲ႔ ႀကဳံရတဲ့သူေတြ အကုန္လံုးကုိ ဒီအတုိင္းပဲ ျဖစ္ေစခ်င္ပါတယ္။ ဘာလုိ႔လဲဆုိေတာ့ တရား႐ုံးမွာ ၾကန္႔ၾကာေနတဲ့ ဒီလုိအမႈေတြ အမ်ားႀကီးရိွပါတယ္” လို႔ ေျပာပါတယ္။

မိန္းကေလးရဲ႕ ဖခင္ျဖစ္သူကလည္း “ကြ်န္ေတာ္ လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက ဒီအခ်ိန္ ဒီျမင္ကြင္းကို ေစာင့္ေနတာပါ။ အခုလုိ ေသဒဏ္ေပးျဖစ္တဲ့အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္” လုိ႔ ေျပာပါတယ္။

ယီမင္ႏုိင္ငံမွာ ကေလးသူငယ္ေတြကို အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္မႈနဲ႔ တလအတြင္းမွာ  လူျမင္ကြင္း ေသဒဏ္ေပးမႈ ႏွစ္ခါျပဳလုပ္ခဲ့ပါတယ္။

Source : ဒီဗီြဘီ

Unicode Version
—————————
၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား လူမြင်ကွင်းတွင် သေဒဏ်ပေး

ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို မိန်းကလေးမိဘတွေနဲ့ ပရိသတ် ရာပေါင်းများစွာရှေ့မှာ သြဂုတ် ၁၄ ရက်နေ့က သေဒဏ်ပေးခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူဟာ အသက် ၂၂ နှစ်အရွယ် ဟူစိန်အယ်ဆာကစ် ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို သေဒဏ်ပေးတာကို မိန်းကလေးမိဘတွေနဲ့ ပရိသတ် ရာပေါင်းများစွာရှေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် တရားခံကို လူမြင်ကွင်းမှာ သေနတ်နဲ့ ၆ ကြိမ် ပစ်ခတ်ပြီးနောက် အလောင်းကို ကရိန်းမှာ ချိတ်ဆွဲပြီး အများမြင်အောင် ပြသခဲ့ပါတယ်။

မိန်းကလေးရဲ့ မိခင်ဖြစ်သူက “ကျမ ဒီနေ့ကို စောင့်နေတာပါ။ ဒီတိရစ္ဆာန်ကောင်ကို သေဒဏ်ပေးတာမြင်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒင်းကို ၂ နာရီ ၃ နာရီအစား ၃ ရက်လောက်ကို တွဲလောင်းချထားစေချင်တာ။ ကျမတို့လိုအဖြစ်မျိုးနဲ့ ကြုံရတဲ့သူတွေ အကုန်လုံးကို ဒီအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တရားရုံးမှာ ကြန့်ကြာနေတဲ့ ဒီလိုအမှုတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

မိန်းကလေးရဲ့ ဖခင်ဖြစ်သူကလည်း “ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီအချိန် ဒီမြင်ကွင်းကို စောင့်နေတာပါ။ အခုလို သေဒဏ်ပေးဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ယီမင်နိုင်ငံမှာ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှုနဲ့ တလအတွင်းမှာ  လူမြင်ကွင်း သေဒဏ်ပေးမှု နှစ်ခါပြုလုပ်ခဲ့ပါတယ်။

Source : ဒီဗြီဘီ