အမ်ိဳးသားမ်ား ေဝွးေစ့(ေဂြးစိ) ေရာင္ျခင္း (သို႕မဟုတ္) ေဘာက်ျခင္းအတြက္ လက္ေတြ႕ေဆးနည္း

က်န္းမာေရး ကိစၥျဖစ္လို႔ စကားအသုံးအနႈန္းကိုနားလည္ေအာင္ ေရးသားလိုက္ရပါတယ္။ ရိုင္းသလိုျဖစ္ရင္ ခြင့္လႊတ္ၾကပါကုန္။

စာေရးသူရဲ႕ မိသားစုတစ္မ်ွ ရင္းနွီးသူ အစ္မတစ္ေယာက္ရဲ႕ သားငယ္ဟာ (၅) နွစ္သား အရြယ္မွာ ကေလးေဝွးေစ့ ေရာင္ရမ္း (ေဘာက်) ပါတယ္။ ရန္ကုန္ျမိဳ႕ (၄၆) လမ္း မွတ္တိုင္အနီး အထူးကုေဆးခန္း တြင္ အထူးကု ဆရာဝန္နွင့္ သြားေရာက္ျပသရာ ဆရာဝန္က ခြဲစိတ္ရမယ္လို႔ ေျပာပါတယ္။

အစ္မနွင့္ ရင္းနွီးသူ စာေရးသူရဲ႕ မိတ္ေဆြတစ္ေယာက္ရဲ႕ ကိုယ္ေတြ႔ ေဆးနည္းေၾကာင့္ ခြဲစိပ္ရမည့္ (ေဘာက်) ေရာဂါမွာ တစ္ခါလုပ္ရုံနွင့္ အရွင္းကို ေပ်ာက္ကင္းသြားပါေတာ့တယ္။ စာေရးသူနဲ႔ ရင္းနွိးၾကတဲ့ ေရာဂါ ခံစားေနၾကရသူ တျခားမိတ္ေဆြမ်ားကိုလဲ ဒီေဆးနည္းကို ေျပာျပ အၾကံေပးလိုက္ရာ တစ္ခါ ႏွစ္ခါ လုပ္ရုံနဲ႔ ေပ်ာက္ကင္းသြားၾကတာကိုလက္ေတြ႔ ေတြ႕ရွိရပါတယ္ ။

စာေရးသူအၾကံေပးတဲ့ ေဆးနည္းအတိုင္း လုပ္ၾကတဲ့ ေရာဂါခံစားေနရသူ ၆ ဦးမွာ ၆ ဦးစလုံး ေကာင္းသြားပါတယ္။ က်ားမ မေရြး သိထားသင့္ပါတယ္။ အိမ္ေထာင္ရွင္ အမ်ိဳးသမီးမ်ားအတြက္ သားေယာက္်ားေလး ေမြးမိလ်ွင္ပဲ ဒီျပႆနာမ်ိဳး ၾကဳံရတတ္ပါတယ္။

မိသားစု သူငယ္ခ်င္း ရွိသူမ်ားပါ တျခားတစ္ဦးတစ္ေယာက္ ဒီေရာဂါ ျဖစ္လာလ်ွင္ အၾကံေပးနိုင္ေအာင္လို႔ ဒီေဆးနည္းကို ေသခ်ာမွတ္သားထားပါ။ ဇီဝိတဒါနအျဖစ္ မ်ွေဝလိုက္ပါတယ္။

( ေဆးနည္း)

ေဆးျပင္းလိပ္ လိပ္သည့္ ေဆးရြက္ (သို႔) ေဆးျပင္းလိပ္မွ ေဆးသား အနည္းငယ္ကိုယူျပီး တံေတြးရည္နွင့္ လက္ဝါးေပၚတြင္ နယ္ဖတ္ပါ။ ထြက္လာသည့္အရည္ကို ေဝွးေစ့ (ေဂြးစိ) အုံကို မနာၾကင္ေအာင္ ဆုပ္ပြတ္ေပးပါ။ နာတာရွည္ ျဖစ္ပါက အိပ္ရာဝင္ အိပ္ရာထ တစ္ေန႔ (၂) ႀကိမ္လုပ္ေပးပါ။

မိတ္ေဆြမ်ားအားလုံး သက္ရွည္ က်န္းမာၾကပါေစ။

Credit : ရရ(ရိုးမရိပ္)

(Unicode Version)

အမျိုးသားများ ဝှေးစေ့(ဂွေးစိ) ရောင်ခြင်း (သို့မဟုတ်) ဘောကျခြင်းအတွက် လက်တွေ့ဆေးနည်း

ကျန်းမာရေး ကိစ္စဖြစ်လို့ စကားအသုံးအနှုန်းကိုနားလည်အောင် ရေးသားလိုက်ရပါတယ်။ ရိုင်းသလိုဖြစ်ရင် ခွင့်လွှတ်ကြပါကုန်။

စာရေးသူရဲ့ မိသားစုတစ်မျှ ရင်းနှီးသူ အစ်မတစ်ယောက်ရဲ့ သားငယ်ဟာ (၅) နှစ်သား အရွယ်မှာ ကလေးဝှေးစေ့ ရောင်ရမ်း (ဘောကျ) ပါတယ်။ ရန်ကုန်မြို့ (၄၆) လမ်း မှတ်တိုင်အနီး အထူးကုဆေးခန်း တွင် အထူးကု ဆရာဝန်နှင့် သွားရောက်ပြသရာ ဆရာဝန်က ခွဲစိတ်ရမယ်လို့ ပြောပါတယ်။

အစ်မနှင့် ရင်းနှီးသူ စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တွေ့ ဆေးနည်းကြောင့် ခွဲစိပ်ရမည့် (ဘောကျ) ရောဂါမှာ တစ်ခါလုပ်ရုံနှင့် အရှင်းကို ပျောက်ကင်းသွားပါတော့တယ်။ စာရေးသူနဲ့ ရင်းနှိးကြတဲ့ ရောဂါ ခံစားနေကြရသူ တခြားမိတ်ဆွေများကိုလဲ ဒီဆေးနည်းကို ပြောပြ အကြံပေးလိုက်ရာ တစ်ခါ နှစ်ခါ လုပ်ရုံနဲ့ ပျောက်ကင်းသွားကြတာကိုလက်တွေ့ တွေ့ရှိရပါတယ် ။

စာရေးသူအကြံပေးတဲ့ ဆေးနည်းအတိုင်း လုပ်ကြတဲ့ ရောဂါခံစားနေရသူ ၆ ဦးမှာ ၆ ဦးစလုံး ကောင်းသွားပါတယ်။ ကျားမ မရွေး သိထားသင့်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် သားယောက်ျားလေး မွေးမိလျှင်ပဲ ဒီပြဿနာမျိုး ကြုံရတတ်ပါတယ်။

မိသားစု သူငယ်ချင်း ရှိသူများပါ တခြားတစ်ဦးတစ်ယောက် ဒီရောဂါ ဖြစ်လာလျှင် အကြံပေးနိုင်အောင်လို့ ဒီဆေးနည်းကို သေချာမှတ်သားထားပါ။ ဇီဝိတဒါနအဖြစ် မျှဝေလိုက်ပါတယ်။

( ဆေးနည်း)

ဆေးပြင်းလိပ် လိပ်သည့် ဆေးရွက် (သို့) ဆေးပြင်းလိပ်မှ ဆေးသား အနည်းငယ်ကိုယူပြီး တံတွေးရည်နှင့် လက်ဝါးပေါ်တွင် နယ်ဖတ်ပါ။ ထွက်လာသည့်အရည်ကို ဝှေးစေ့ (ဂွေးစိ) အုံကို မနာကြင်အောင် ဆုပ်ပွတ်ပေးပါ။ နာတာရှည် ဖြစ်ပါက အိပ်ရာဝင် အိပ်ရာထ တစ်နေ့ (၂) ကြိမ်လုပ်ပေးပါ။

မိတ်ဆွေများအားလုံး သက်ရှည် ကျန်းမာကြပါစေ။

Credit : ရရ(ရိုးမရိပ်)