တာခ်ီလိတ္၌ ေသနတ္ဒဏ္ရာျဖင့္ အမ်ဳိးသားတစ္ဦးေသဆုံး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရက္ကြက္၊ ပုံလို႔လမ္းသြယ္၌ ေမာ္ေတာ္ယာဥ္အတြင္း အမ်ဳိးသား တစ္ဦး ေသနတ္ဒဏ္ျဖင့္ ဇြန္ ၂၇ နံနက္ပိုင္းက ေသဆုံးခဲ့သည္။

ဇြန္ ၂၇ ရက္ နံနက္ ၉ နာရီခြဲတြင္ ေမာ္ေတာ္ယာဥ္ တစ္စီးအတြင္း လူတစ္ဦးေသဆုံးေနေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး မ်ဳိးခိုင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ဗယ္လင္တိုင္းဟိုတယ္အနီး၊ ပုံလုိ႔လမ္းသြယ္ေပၚတြင္ လမ္းယာဘက္ ကပ္ၿပီး ရပ္ထားသည့္ Crown အမ်ဳိးအစား၊ အျဖဴေရာင္ေမာ္ေတာ္ယာဥ္ေပၚတြင္ ယာဥ္ေမာင္းေနရာ၌ ထိုင္လ်က္အေနအထားျဖင့္ ဂီယာတြဘက္တြင္ ဦးေခါင္းစိုက္က်လ်က္ အမည္မသိ အမ်ဳိးသား တစ္ဦး (၃၇ ႏွစ္)ခန္႔မွာ ဝဲနားရြက္ေအာက္ႏွင့္ ဝဲေနာက္ေစ့တို႔တြင္ က်ည္ေဖာ္ဝင္ ဒဏ္ရာ သုံးခ်က္၊ ယာနားထင္၊ ယာပါးႏွင့္ ဦးေခါင္းေနာက္ေစ့တို႔တြင္ က်ည္ေဖာ္ထြက္ဒဏ္ရာ သုံးခ်က္တို႔ျဖင့္ ေသဆုံးေၾကာင္း ေတြ႕ရွိရသျဖင့္

ကားအတြင္း သက္ေသမ်ားႏွင့္အတူ ဆက္လက္စစ္ေဆးရွာေဖြရာ ကားဒက္ရွ္ဘုတ္အတြင္းမွ စိုင္းထြန္း (၃၇ ႏွစ္)၊ ေနရပ္လိပ္စာ(စုံစမ္းဆဲ)အမည္ျဖင့္ ျမန္မာ-ထိုင္း နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ တစ္ေစာင္ က်ည္ထိပ္ဖူး တစ္ခု၊ ဆြဲျပားတြင္ နဂါးပုံ၊ စစ္သူႀကီးပုံ၊ တ႐ုတ္စာသားမ်ား ပါသည့္ ပယင္းဆြဲႀကိဳး တစ္ကုံးတို႔အား သက္ေသမ်ားေရွ႕ရွာေဖြပုံစံျဖင့္ သိမ္းဆည္းၿပီး အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့သည္။

အမႈမွ ေသနတ္ျဖင့္ ပစ္ကာ ဒဏ္ရာရေသဆုံးေအာင္ ျပဳလုပ္သူအား စုံစမ္းေဖာ္ထုတ္အေရးယူႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ျမင့္မိုရ္(တာခ်ီလိတ္)

Source : Myanmaalinn

(Unicode Version)

တာချီလိတ်၌ သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးသေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရက်ကွက်၊ ပုံလို့လမ်းသွယ်၌ မော်တော်ယာဉ်အတွင်း အမျိုးသား တစ်ဦး သေနတ်ဒဏ်ဖြင့် ဇွန် ၂၇ နံနက်ပိုင်းက သေဆုံးခဲ့သည်။

ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲတွင် မော်တော်ယာဉ် တစ်စီးအတွင်း လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗယ်လင်တိုင်းဟိုတယ်အနီး၊ ပုံလို့လမ်းသွယ်ပေါ်တွင် လမ်းယာဘက် ကပ်ပြီး ရပ်ထားသည့် Crown အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းနေရာ၌ ထိုင်လျက်အနေအထားဖြင့် ဂီယာတွဘက်တွင် ဦးခေါင်းစိုက်ကျလျက် အမည်မသိ အမျိုးသား တစ်ဦး (၃၇ နှစ်)ခန့်မှာ ဝဲနားရွက်အောက်နှင့် ဝဲနောက်စေ့တို့တွင် ကျည်ဖော်ဝင် ဒဏ်ရာ သုံးချက်၊ ယာနားထင်၊ ယာပါးနှင့် ဦးခေါင်းနောက်စေ့တို့တွင် ကျည်ဖော်ထွက်ဒဏ်ရာ သုံးချက်တို့ဖြင့် သေဆုံးကြောင်း တွေ့ရှိရသဖြင့်

ကားအတွင်း သက်သေများနှင့်အတူ ဆက်လက်စစ်ဆေးရှာဖွေရာ ကားဒက်ရှ်ဘုတ်အတွင်းမှ စိုင်းထွန်း (၃၇ နှစ်)၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)အမည်ဖြင့် မြန်မာ-ထိုင်း နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တစ်စောင် ကျည်ထိပ်ဖူး တစ်ခု၊ ဆွဲပြားတွင် နဂါးပုံ၊ စစ်သူကြီးပုံ၊ တရုတ်စာသားများ ပါသည့် ပယင်းဆွဲကြိုး တစ်ကုံးတို့အား သက်သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

အမှုမှ သေနတ်ဖြင့် ပစ်ကာ ဒဏ်ရာရသေဆုံးအောင် ပြုလုပ်သူအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)

Source : Myanmaalinn