ေကာ့ကရိတ္ၿမိဳ႕နယ္ ေကာ့ဘိန္းတုိက္နယ္တြင္ ေနအိမ္တုိက္ အလွဆင္ရာမွ ဓါတ္လုိက္ ေသဆုံးမႈျဖစ္ပြား

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေကာ့ဘိန္းတုိက္နယ္ေဆးရုံတြင္ ဇြန္လ ၂၇ ရက္ေန႔ နံနက္ ၈း၃၀ အခ်ိန္ခန္႔ တြင္ ဓါတ္လုိက္ေသဆုံးလူနာတစ္ဦးေရာက္ရွိေနေၾကာင္းသတင္း အရေကာ့ဘိန္းနယ္ေျမရဲစခန္းရဲအုပ္ ေသာင္းထြန္း၊ ေကာ့ေပါက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းမ်ိဳးထူးေအး၊ ေကာ့ဘိန္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းဟန္ဝင္းတုိ႔ႏွင့္အတူသြားေရာက္ၾကည့္ရႈစစ္ေဆးခဲ႔ရာ ေမာင္ဖုိးစေန (၂၃)ႏွစ္၊ သရနာေက်းရြာ၊ တရုတ္စုရပ္ကြက္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ မြန္ျပည္နယ္ေနသူျဖစ္ေၾကာင္းသိရွိရသည္။

ျဖစ္စဥ္မွာ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေကာ့ေပါက္ေက်းရြာအုပ္စု၊ ေကာ့ေပါက္ေက်းရြာ၊ အိမ္အမွတ္(၂၀)၊ ေဒၚဝင္းဝင္းျမင့္(၅၂)ႏွစ္၊ (ဘ)ဦးဟန္စိန္တုိ႔၏ မိသားစုပုိင္ ေဆာက္လက္စ(၄)ထပ္တုိက္ အေဆာက္အဦအား ေနအိမ္တုိက္ အလွဆင္ရန္ အတြက္ ပန္းရံလုပ္သားအဖြဲ႔မွ မင္းပလုိက္ခ်မ္း(၂၀)ႏွစ္၊ ကၽြန္းလွ ရြာ၊ ေမာ္လၿမိဳင္ၿမိဳ႕ေနသူမွ အလ်ား(၃၉)ေပခန္႔ရွိသုံးမူးလုံး သံေခ်ာင္းအား ေခါက္ၿပီး ေဆာက္လက္စတုိက္ (၃)ထပ္ေပၚသုိ႔တင္ၿပီး ေမာင္ဖုိးစေန(ဓါတ္လုိက္ေသဆုံးသူ)မွ အေပၚထပ္သုိ႔ ဆြဲတင္စဥ္ အေဆာက္အဦႏွင့္ (၃)ေပခန္႔အကြာရွိ ေက်းရြာလမ္းလွ်ပ္စစ္မီးသြယ္တန္းထားေသာ ဗုိ႔အား(၄၀၀) ခန္႔ရွိ ဓါတ္အားလုိင္းႏွင့္ထိမိရာ မွ ဓါတ္လုိက္ၿပီး သတိလစ္ေနစဥ္ ေကာ့ဘိန္းတုိက္နယ္ေဆးရံုသုိ႔ ေရာက္ၿပီး ၉း၃၉ အခ်ိန္တြင္ ေသဆုံးသြားေၾကာင္းသိရွိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဆုံးသူလူနာတြင္ ျပင္ပဒဏ္ရာရွိမရွိ သက္ေသမ်ားႏွင့္အတူ စစ္ေဆးျခင္း၊ မွတ္တမ္းဓါတ္ပုံမ်ား ရုိက္ကူးျခင္းႏွင့္ ေသဆုံးျခင္းမွာဓမၼတာ အတုိင္း ေသဆုံးျခင္းဟုတ္မဟုတ္ သိရွိႏုိင္ရန္ ေကာ့ဘိန္းနယ္ေျမရဲစခန္းမွ စစ္ေဆးလ်က္ရွိေၾကာင္းသိရွိရသည္။

စိုးထက္ေအာင္(ေကာ့ကရိတ္)

Source : Myanmaalinn

(Unicode Version)

ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ်တွင် နေအိမ်တိုက် အလှဆင်ရာမှ ဓါတ်လိုက် သေဆုံးမှုဖြစ်ပွား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်ဆေးရုံတွင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈း၃၀ အချိန်ခန့် တွင် ဓါတ်လိုက်သေဆုံးလူနာတစ်ဦးရောက်ရှိနေကြောင်းသတင်း အရကော့ဘိန်းနယ်မြေရဲစခန်းရဲအုပ် သောင်းထွန်း၊ ကော့ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမျိုးထူးအေး၊ ကော့ဘိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဟန်ဝင်းတို့နှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မောင်ဖိုးစနေ (၂၃)နှစ်၊ သရနာကျေးရွာ၊ တရုတ်စုရပ်ကွက်၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်နေသူဖြစ်ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့နယ်၊ ကော့ပေါက်ကျေးရွာအုပ်စု၊ ကော့ပေါက်ကျေးရွာ၊ အိမ်အမှတ်(၂၀)၊ ဒေါ်ဝင်းဝင်းမြင့်(၅၂)နှစ်၊ (ဘ)ဦးဟန်စိန်တို့၏ မိသားစုပိုင် ဆောက်လက်စ(၄)ထပ်တိုက် အဆောက်အဦအား နေအိမ်တိုက် အလှဆင်ရန် အတွက် ပန်းရံလုပ်သားအဖွဲ့မှ မင်းပလိုက်ချမ်း(၂၀)နှစ်၊ ကျွန်းလှ ရွာ၊ မော်လမြိုင်မြို့နေသူမှ အလျား(၃၉)ပေခန့်ရှိသုံးမူးလုံး သံချောင်းအား ခေါက်ပြီး ဆောက်လက်စတိုက် (၃)ထပ်ပေါ်သို့တင်ပြီး မောင်ဖိုးစနေ(ဓါတ်လိုက်သေဆုံးသူ)မှ အပေါ်ထပ်သို့ ဆွဲတင်စဉ် အဆောက်အဦနှင့် (၃)ပေခန့်အကွာရှိ ကျေးရွာလမ်းလျှပ်စစ်မီးသွယ်တန်းထားသော ဗို့အား(၄၀၀) ခန့်ရှိ ဓါတ်အားလိုင်းနှင့်ထိမိရာ မှ ဓါတ်လိုက်ပြီး သတိလစ်နေစဉ် ကော့ဘိန်းတိုက်နယ်ဆေးရုံသို့ ရောက်ပြီး ၉း၃၉ အချိန်တွင် သေဆုံးသွားကြောင်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူလူနာတွင် ပြင်ပဒဏ်ရာရှိမရှိ သက်သေများနှင့်အတူ စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းနှင့် သေဆုံးခြင်းမှာဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ကော့ဘိန်းနယ်မြေရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

စိုးထက်အောင်(ကော့ကရိတ်)

Source : Myanmaalinn