အသက္ ၈ ႏွစ္အရြယ္ မယားပါ သမီးအား ပေထြးျဖစ္သူမွ သားမယားအျဖစ္ျပဳက်င့္

တနသၤာရီၿမိဳ႕နယ္၊ သိန္ခြန္းေက်းရြာအုပ္စု၊ အမွတ္(၈)ေက်းရြာတြင္ ဇြန္လ ၁၄ ရက္ေန႔က ရွစ္နွစ္အရြယ္ မယားပါသမီးအား ပေထြးျဖစ္သူမွ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္းသိရပါတယ္။

အမွတ္(၈)ေက်းရြာနွင့္ ၁ မိုင္ခြဲခန္႔ေဝးတဲ့ ေတာင္ယာတဲမွာ ေနာက္အိမ္ေထာင္ျဖစ္သူ ဦးေက်ာ္သန္းမွ ယခင္အိမ္ေထာင္နွင့္ရရွိခဲ့တဲ့ ရွစ္နွစ္အရြယ္ ဒုတိယတန္း ေက်ာင္းသူကို သားမယားအျဖစ္ျပဳက်င့္ခဲ့တာပါ။

မိခင္ျဖစ္သူမွ ခင္ပြန္းဦးေက်ာ္သန္းနွင့္ သမီး ၂ ေယာက္ကို ေတာင္ယာတဲမွာ ထားရစ္ခဲ့ၿပီး အမွတ္(၈)ေက်းရြာတြင္ ရိကၡာဝယ္ယူၿပီး ေတာင္ယာတဲ့သို႔ နံနက္ ၁၀ နာရီခန္႔ျပန္ေရာက္ရွိစဥ္ သမီးႀကီးျဖစ္သူမွာ အိပ္ယာမွမထပဲ အိပ္ေနသျဖင့္ “ခုထိအိပ္ယာမွမထေသးဘူးလား ေနမေကာင္းျဖစ္ေနလား” လို႔ ေမးျမန္းရာ သမီးငယ္ျဖစ္သူမွ ဦးေက်ာ္သန္းနွင့္မမတို႔ လိင္ဆက္ဆံေနသည္ဟုေျပာရာ

ခင္ပြန္းျဖစ္သူေရာက္လာၿပီး မဟုတ္ေၾကာင္းေျပာသျဖင့္ ခင္ပြန္းျဖစ္သူမွ ရန္ရွာမည္စိုး၍ ေရေခ်ာင္းဘက္မွာ ေရသြားခ်ိဳးမည္ေျပာၿပီး သမီး ၂ ေယာက္အား ေရေခ်ာင္းဖက္သို႔ ေခၚေဆာင္၍ ေမးျမန္းတာေၾကာင့္ အေၾကာင္းစံု သိရွိရၿပီး ညေနပိုင္းတြင္ အမွတ္(၈)ေက်းရြာ ေနအိမ္သို႔ ျပန္သြားၿပီး အိမ္နီးခ်င္းျဖစ္သူ ေဒၚေအးရီအား ေျပာျပေနစဥ္ အရံသားဖြားဆရာမတစ္ဦး ေရာက္ရွိလာၿပီး ၎ကိစၥအားကူညီေဆာင္ရြက္ေပးမည္ဟု ေျပာရာ ခင္ပြန္းျဖစ္သူရန္ရွာမည္စိုးရိမ္သျဖင့္ အမႈဖြင့္တိုင္ၾကားျခင္းမရွိပဲ ေတာင္ယာတဲသို႔လည္း မသြားပဲ အမွတ္(၈)ေက်းရြာေနအိမ္တြင္ ေနထိုင္လ်ွက္ရွိစဥ္ ခင္ပြန္းျဖစ္သူမွ ယခုလိုျဖစ္စဥ္မ်ိဳး ေနာက္ထပ္ျပဳလုပ္မည္ကို စိုးရိမ္ၿပီး ဇြန္လ ၂၇ ရက္ေန႔၊ နံနက္ ၁၀ နာရီမွာ ေမာေတာင္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ခဲ့တယ္လို႔သိရပါတယ္။

ရွစ္နွစ္အရြယ္ မယားပါသမီးကို သားမယားအျဖစ္ျပဳက်င့္သူ ဦးေက်ာ္သန္း(၃၅)နွစ္ကို ေမာေတာင္နယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

Source : Myat Htut – Myeik (fb)

(Unicode Version)

အသက် ၈ နှစ်အရွယ် မယားပါ သမီးအား ပထွေးဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ်(၈)ကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့က ရှစ်နှစ်အရွယ် မယားပါသမီးအား ပထွေးဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

အမှတ်(၈)ကျေးရွာနှင့် ၁ မိုင်ခွဲခန့်ဝေးတဲ့ တောင်ယာတဲမှာ နောက်အိမ်ထောင်ဖြစ်သူ ဦးကျော်သန်းမှ ယခင်အိမ်ထောင်နှင့်ရရှိခဲ့တဲ့ ရှစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသူကို သားမယားအဖြစ်ပြုကျင့်ခဲ့တာပါ။

မိခင်ဖြစ်သူမှ ခင်ပွန်းဦးကျော်သန်းနှင့် သမီး ၂ ယောက်ကို တောင်ယာတဲမှာ ထားရစ်ခဲ့ပြီး အမှတ်(၈)ကျေးရွာတွင် ရိက္ခာဝယ်ယူပြီး တောင်ယာတဲ့သို့ နံနက် ၁၀ နာရီခန့်ပြန်ရောက်ရှိစဉ် သမီးကြီးဖြစ်သူမှာ အိပ်ယာမှမထပဲ အိပ်နေသဖြင့် “ခုထိအိပ်ယာမှမထသေးဘူးလား နေမကောင်းဖြစ်နေလား” လို့ မေးမြန်းရာ သမီးငယ်ဖြစ်သူမှ ဦးကျော်သန်းနှင့်မမတို့ လိင်ဆက်ဆံနေသည်ဟုပြောရာ

ခင်ပွန်းဖြစ်သူရောက်လာပြီး မဟုတ်ကြောင်းပြောသဖြင့် ခင်ပွန်းဖြစ်သူမှ ရန်ရှာမည်စိုး၍ ရေချောင်းဘက်မှာ ရေသွားချိုးမည်ပြောပြီး သမီး ၂ ယောက်အား ရေချောင်းဖက်သို့ ခေါ်ဆောင်၍ မေးမြန်းတာကြောင့် အကြောင်းစုံ သိရှိရပြီး ညနေပိုင်းတွင် အမှတ်(၈)ကျေးရွာ နေအိမ်သို့ ပြန်သွားပြီး အိမ်နီးချင်းဖြစ်သူ ဒေါ်အေးရီအား ပြောပြနေစဉ် အရံသားဖွားဆရာမတစ်ဦး ရောက်ရှိလာပြီး ၎င်းကိစ္စအားကူညီဆောင်ရွက်ပေးမည်ဟု ပြောရာ ခင်ပွန်းဖြစ်သူရန်ရှာမည်စိုးရိမ်သဖြင့် အမှုဖွင့်တိုင်ကြားခြင်းမရှိပဲ တောင်ယာတဲသို့လည်း မသွားပဲ အမှတ်(၈)ကျေးရွာနေအိမ်တွင် နေထိုင်လျှက်ရှိစဉ် ခင်ပွန်းဖြစ်သူမှ ယခုလိုဖြစ်စဉ်မျိုး နောက်ထပ်ပြုလုပ်မည်ကို စိုးရိမ်ပြီး ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီမှာ မောတောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။

ရှစ်နှစ်အရွယ် မယားပါသမီးကို သားမယားအဖြစ်ပြုကျင့်သူ ဦးကျော်သန်း(၃၅)နှစ်ကို မောတောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Source : Myat Htut – Myeik (fb)