ကန္စြန္း႐ြက္ခူးရာမွ အင္းထဲ ေျခေခ်ာ္က်၍ အသက္ (၇) ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး ေရနစ္ေသဆံုး

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ ကြၽန္းေတာရပ္ကြက္ အုပ္စု (၁) တြင္ ဇြန္ ၂၇ ရက္ ညေန ၃ နာရီခြဲက အသက္ (၇) ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ကန္စြန္းရြက္ခူးရာမွ အင္းထဲေျခေခ်ာ္က်၍ ေရနစ္ေသဆံုးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ကြၽန္းေတာရပ္ကြက္၊ အုပ္စု(၁)ေန မဇင္ျပည့္စံုေက်ာ္(၇) ႏွစ္ (ေသဆံုးသူ )သည္ ေမာင္ေက်ာ္ေက်ာ္ဗိုလ္ (၉) ႏွစ္၊ မဂ်ာမီနာ (၆) ႏွစ္တို႔ႏွင့္ အတူ ကြၽန္းေတာရပ္ကြက္ အေနာက္ေတာင္ဘက္ (၃) ဖာလံုခန္႔အကြာ နန္႔ရင္းေခ်ာင္းေဘးရိွ အနက္ (၇) ေပ၊ အက်ယ္ေပ (၂၀၀) ရိွ ဇီးပင္အင္း၌ ကန္စြန္းရြက္ခူးေနစဥ္ အင္းအတြင္း ေျခေခ်ာ္က်ကာ ေရနစ္ ေသဆံုးခဲ့ျခင္းေၾကာင့္ မိုးေကာင္းၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကာ ဓမၼတာအတိုင္း ေသဆံုးျခင္းဟုတ္မဟုတ္ သိရိွႏိုင္ရန္ ရဲေဆးစာ စစ္ခ်က္မ်ား ရယူထားေၾကာင္း သိရသည္။

ဝင္းႏိုင္ – ကခ်င္ေျမ

Source : မိုးေကာင္းသတင္းမီဒီယာ

(Unicode Version)

ကန်စွန်းရွက်ခူးရာမှ အင်းထဲ ခြေချော်ကျ၍ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်စု (၁) တွင် ဇွန် ၂၇ ရက် ညနေ ၃ နာရီခွဲက အသက် (၇) နှစ်အရွယ် မိန်းကလေးတစ်ဦး ကန်စွန်းရွက်ခူးရာမှ အင်းထဲခြေချော်ကျ၍ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းတောရပ်ကွက်၊ အုပ်စု(၁)နေ မဇင်ပြည့်စုံကျော်(၇) နှစ် (သေဆုံးသူ )သည် မောင်ကျော်ကျော်ဗိုလ် (၉) နှစ်၊ မဂျာမီနာ (၆) နှစ်တို့နှင့် အတူ ကျွန်းတောရပ်ကွက် အနောက်တောင်ဘက် (၃) ဖာလုံခန့်အကွာ နန့်ရင်းချောင်းဘေးရှိ အနက် (၇) ပေ၊ အကျယ်ပေ (၂၀၀) ရှိ ဇီးပင်အင်း၌ ကန်စွန်းရွက်ခူးနေစဉ် အင်းအတွင်း ခြေချော်ကျကာ ရေနစ် သေဆုံးခဲ့ခြင်းကြောင့် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ရဲဆေးစာ စစ်ချက်များ ရယူထားကြောင်း သိရသည်။

ဝင်းနိုင် – ကချင်မြေ

Source : မိုးကောင်းသတင်းမီဒီယာ