ေကြ႕တီယို (သို႔) ကြတ္တီယို ျပဳလုပ္နည္း

ကြတ္တီယို အရည္ကို ၾကက္သား (သို႕) ဝက္သားအျဖစ္ မိမိစိတ္ၾကိဳက္ ခ်က္ျပဳတ္နိုင္ပါတယ္။

ပါဝင္သည့္ ပစၥည္းမ်ား

၁။ ၾကက္ရိုး (သို႕) ဝက္ရိုး (၂၀) သားခန္႕

၂။ ၾကက္သြန္ျဖဴ (၄) မႊာ

၃။ နံနံပင္အျမစ္ အနည္းငယ္

၄။ ငရုတ္ေကာင္းေစ့ အနည္းငယ္

၅။ သၾကား စားပြဲတင္ဇြန္း (၁) ဇြန္း

၆။ ဆားအနည္းငယ္

၇။ ဂ်င္းလက္တစ္ဆစ္စာခန္႕ (ဂ်င္းနံ႕ မၾကိဳက္လွ်င္ မထည့္ပါနွင့္)

၈။ မုန္လာဥ ပန္ကန္လံုး တစ္လံုးစာ (ေက်ာက္ဖယံုသီး လဲ ထည့္သြင္း ခ်က္ျပဳတ္နိုင္ပါသည္)

၉။ ဆန္ျပားေခါက္ဆြဲ (အမ်ဥ္ ေသး အၾကီး မိမိနွစ္သက္ရာ )

၁၀။ ကန္စြန္းရြက္ အနည္းငယ္

၁၀။ ပဲပင္ေပါက္ အနည္းငယ္

၁၁။ CP အသားလံုး (ဝက္၊ၾကက္ ၊ ငါး မိမိႏွစ္သက္ရာ)

၁၂။ ပဲငံျပာရည္ အပ်စ္/ အၾကည္

ခ်က္ျပဳတ္နည္း အဆင့္ဆင့္

– အရည္အိုး မတည္ခင္ သၾကားအား မီးေအးေအးျဖင့္ ေလွာ္ေပးပါက ပိုေကာင္းပါသည္။ သၾကား ေပ်ာ္ၿပီးမွ ႏွစ္သက္ရာ အ႐ိုးျပဳတ္ေပး ရပါမည္။

– အမွတ္စဥ္ (၁) မွ (၇) ထိကို အကုန္ထည့္ၿပီး အရိုးမ်ား နူးအိသည္အထိ အခ်ိန္အေတာ္ၾကာ ျပဳတ္ထားေပးရပါမည္။ ဝက္ရိုး (သို႕) ၾကက္ရိုးမ်ား နူးအိလာပါက အရည္ကို စစ္၍ ယူျပီးေနာက္ မုန္လာဥကို ထည့္၍ ေနာက္ထပ္ နာရီဝက္ခန္႕ ထပ္၍ ျပဳတ္ထားေပးလိုက္ပါ။

– ဟင္းရည္အိုး အဆင္သင့္ ျဖစ္ျပီဆိုပါက ဆန္ျပား ေခါက္ဆြဲကို ေရေႏြးဆူဆူျဖင့္ ေခတၱျပဳတ္ေပးျပီး ေရျပန္စစ္ယူလိုက္ပါ။

– အသင့္ ျပင္ဆင္ထားေသာ ကန္ဇြန္းရြက္နွင့္ ပဲပင္ေပါက္ကိုလဲ အစိမ္းေရာင္မပ်က္ယံုေလး ေရေႏြး ေဖ်ာေပးလိုက္ပါ။

– ဟင္းရည္အိုးကို အခ်ိန္အေတာ္ၾကာသည္အထိ ထားမည္ဆိုလွ်င္ CP အသားလံုးမ်ားကို သီးသန္႔ျပဳတ္၍ တစ္ခါထဲ စားမည္ဆိုလွ်င္ ဟင္းရည္အိုးထဲ ထည့္၍ ခ်က္ထားႏိုင္ပါသည္။

– ကြတ္တီယိုႏွင့္ တြဲဖက္စားသံုးရန္ အစပ္အဟတ္အျဖစ္ ငရုတ္သီးမႈန္႕၊ ေျမပဲေလွာ္မႈန္႕၊ ႐ွာလကာရည္ႏွင့္ စိမ္ထားေသာ ငရုတ္သီးစိမ္း၊ သၾကားတို႕ကိုလဲ အသင့္ျပင္ဆင္ ထားနိုင္ပါသည္။ ထို႕ေနာက္ မိမိစိတ္ၾကိဳက္ ရသာကို ျပင္ဆင္စားသံုးရန္ ျဖစ္သည္။

– ထို႕ေနာက္ ပန္ကန္လံုးတစ္လံုးတြင္ ပါဝင္ပစၥည္းမ်ားကို အသင့္ျပင္ဆင္ ထည့္နိုင္ပါျပီ။ အသုပ္ၾကိဳက္သူမ်ားအတြက္ ကြတ္တီယို အရည္ကို မဆမ္းပဲ ပါဝင္ပစၥည္း အားလံုးကို ၾကက္သြန္ျဖဴကို ေထာင္းျပီး ျပန္ေၾကာ္ထားေသာ ဆီခ်က္ႏွင့္ သုပ္စားနိုင္ပါသည္။ ဘန္မီ ဟု ေခၚ ေသာ ေခါက္ဆြဲဝါမ်ားကိုလည္း နွစ္သက္ပါက ဆန္ျပားအစားထိုးကာ သံုးေဆာင္နုိင္ပါၿပီ။

Credit : မူရင္းေရးသားသူ

(Unicode Version)

ကွတ်တီယို (သို့) ကွေ့တီယို ပြုလုပ်နည်း

ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်သည့် ပစ္စည်းများ

၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်

၂။ ကြက်သွန်ဖြူ (၄) မွှာ

၃။ နံနံပင်အမြစ် အနည်းငယ်

၄။ ငရုတ်ကောင်းစေ့ အနည်းငယ်

၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း

၆။ ဆားအနည်းငယ်

၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)

၈။ မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)

၉။ ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )

၁၀။ ကန်စွန်းရွက် အနည်းငယ်

၁၀။ ပဲပင်ပေါက် အနည်းငယ်

၁၁။ CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)

၁၂။ ပဲငံပြာရည် အပျစ်/ အကြည်

ချက်ပြုတ်နည်း အဆင့်ဆင့်

– အရည်အိုး မတည်ခင် သကြားအား မီးအေးအေးဖြင့် လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေး ရပါမည်။

– အမှတ်စဉ် (၁) မှ (၇) ထိကို အကုန်ထည့်ပြီး အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာ ပြုတ်ထားပေးရပါမည်။ ဝက်ရိုး (သို့) ကြက်ရိုးများ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။

– ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီဆိုပါက ဆန်ပြား ခေါက်ဆွဲကို ရေနွေးဆူဆူဖြင့် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။

– အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး ရေနွေး ဖျောပေးလိုက်ပါ။

– ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ ထည့်၍ ချက်ထားနိုင်ပါသည်။

– ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ရှာလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင် ထားနိုင်ပါသည်။ ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန် ဖြစ်သည်။

– ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင် ထည့်နိုင်ပါပြီ။ အသုပ်ကြိုက်သူများအတွက် ကွတ်တီယို အရည်ကို မဆမ်းပဲ ပါဝင်ပစ္စည်း အားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။ ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲဝါများကိုလည်း နှစ်သက်ပါက ဆန်ပြားအစားထိုးကာ သုံးဆောင်နိုင်ပါပြီ။

Credit : မူရင်းရေးသားသူ