သံပုရာ အခွံ စားနည်း
Credit :  Dr. HELLO
(Unicode Version)
သင်သိပါသလား သံပုရာသီး အခွံတွေက သံပုရာရည်ထက် ပိုတန်ဖိုးရှိတယ်ဆိုတာ
သံပုရာ အခွံ ဟာ သံပုရာ ရည် ထက် ပိုအာနိသင်ထက် တယ်ဆိုတာကို သင်သိရင် လွှင့်ပစ်မှာမဟုတ်တော့ပါဘူး။ သံပုရာအခွံ မှာ ပါဝင်တဲ့ ဗီတာမင် နဲ့ အာဟာရဓာတ် တန်ဖိုးတွေက သံပုရာရည်ထက် ၅ဆ မှ ၁၀ ဆ အထိ ပိုများပါတယ်။ အဓိက က သံပုရာအခွံကို သုံးမယ်ဆိုရင်တော့ ခြံထွက် ပိုးသတ်ဆေး သုံးမထားမှ ပိုကောင်းပါလိမ့်မယ်။ သံပုရာအခွံ ရဲ့ လူသိနည်းနေတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
ကင်ဆာရောဂါ – Salvestrol Q40 နဲ့ Limonene ပါဝင်တဲ့အတွက် ကင်ဆာဆဲလ်တွေ ကာကွယ်ကုသနိုင်စွမ်းရှိပါတယ်။
သွေးတိုးနှင့် ဆီးချို – ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်လို့ သွေးတိုး ဆီးချိုရောဂါတွေ သာမက နှလုံးရောဂါ၊ နှလုံးရုတ်တရက် သွေးငတ်သေဆုံးခြင်း တွေမဖြစ်စေပါဘူး။
Weight နှင့် Cholestrol သွေးတွင်း မကောင်းသော အဆီများကျစေခြင်း – Pectin Fibre အမျှင်ဓာတ်ကြောင့် Weight ကျစေသလို Polyphenol flavonoids တွေကြောင့် မကောင်းတဲ့ အဆီတွေ ကျစေပါတယ်။
သွား နှင့် ခံတွင်း သန့်စင်ကျန်းမာစေခြင်း – ဗီတာမင်စီ ပါဝင်လို့ သွား နဲ့ သွားဖုံးကို ကျန်းမာစေပါတယ်။ သွားဖုံးရောင်၊ ရေစီးကမ်းပြို နဲ့ ဗီတာမင်စီ ချို့တဲ့ ရောဂါတွေ အပြင် ခံတွင်းနံ့ မကောင်းခြင်းကိုပါ ပျောက်စေပါတယ်။
အရေပြားနှင့် အဖုအကြိတ်နာများ – Antioxidant တွေက အရေပြား တွန့်ခြင်း၊ဝက်ခြံ နဲ့ အမဲအစက်အပြောက် တွေကို တွန်းလှန်နိုင်ပီး အရည်အိတ်ရောင်ရမ်းခြင်း ကိုပါ လျော့ကျစေပါတယ်။
အရိုးအားကောင်းစေခြင်း နှင့် အဆစ်ရောင်ရောဂါများ အရိုးပွ၊ အဆစ်ရောင်ခြင်း တို့အတွက် ထုံးဓာတ် နဲ့ ဗီတာမင် စီ အလုံအလောက်ပါဝင်ပါတယ်။
ပိုးအမျိုးမျိုး – အစာလမ်းကြောင်းမှာ ရှိတဲ့ ကပ်ပါးပိုးနဲ့ သံပြားကောင်တွေ မကြီးထွားလာအောင် ပြုလုပ်ပေးသလို မှို နဲ့ ဘတ်တီးရီးယား ပိုးတွေ မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။
စိတ်ဓာတ်မြှင့်တင်ပေးခြင်း – စိတ်ဓာတ်ကျခြင်းအတွက် အလွယ်ကူဆုံးကုသနိုင်တဲ့ သစ်သီးပါ။ ဒါ့အပြင် အခြား အသည်း သန့်စင်စေခြင်း၊ ဆံချည်မျှင် သွေးကြောများကို သန်မာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကြွက်တက်ခြင်း နှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးခြင်း၊
နားတွင်း ရောဂါပိုးဝင်ခြင်း နှင့် အဆိပ်အတောက်တွေ ကို ပြေစေတာကြောင့် ပင်လယ်စာ လို အဆိပ်ရှိမယ်ထင်တဲ့ အစားအစာတွေ ချက်တဲ့အခါ ထည့်ချက်သင့်ပါတယ်။
သံပုရာ အခွံ စားနည်း
သံပုရာသီး ကိုယ်နှစ်သက်သလောက်ကို ရေခဲသေတ္တာထဲ ၃-၄ နာရီ ထည့်ထားလိုက်ပါ။ ပြန်ထုတ်ပီးရင် ခြစ်ခုံ၌ ခြစ်ချပါ။ ရရှိလာတဲ့ အမျှင်လေးများကို လေလုံတဲ့ ဖန်ပုလင်းထဲ ထည့်ထားပါ။ ဖျော်ရည် နှင့် ဟင်းပွဲတွေ၊ အသုပ်တွေ မှာ ထည့်စားနိုင်ပါတယ်။
အမှုန့်ကြိတ် မယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမထည့်ထားတဲ့ သံပုရာသီး တွေကိုပဲ သုံးနိုင်ပါတယ်။ ကြိတ်ထားတဲ့ သံပုရာအခွံ အမှုန့်တွေကို ဖန်ဗူးထဲလေလုံအောင်ပိတ်ပီးရေခဲသေတ္တာ ထဲထည့်ထားနိုင်ပါတယ်။ ၎င်း ကိုလည်း အသုပ်၊ ကော်ဖီ၊ အအေး နဲ့ ဟင်းလျာ တွေမှာ ထည့်စားရင် အနံ့လေးလည်းမွှေးပီး အထက်မှာ ဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေ ရမှာပါ။
ယိုထိုးစားနည်း (ဆီးချိုဝေဒနာရှင်များ မစားသင့်ပါ)
အခွံလေးတွေကို အရှည်အချောင်းလေးတွေ ဖြစ်အောင် လုပ်ပါ။ ဒယ်ပြား (Pan) ထဲမှာ ရေ နဲ့ ၎င်းသံပုရာအခွံ အချောင်းလေးတွေကို ပွက်ပွက်ဆူတဲ့အထိ ပြုတ်ပါ။ ဆူပွက်လာရင် ရေတွေ သွန်ပစ်ပီး ရေအသစ်ထည့် ပြုတ်ပါ။၎င်း အတိုင်း ၃ ကြိမ်ပြုလုပ်ပီး သံပုရာ အခွံချောင်းလေးတွေ ကို ဆယ်ထားပါ။
ရေ ၂ ခွက် နဲ့ သကြား ၂ ခွက် ကျိုပါ။ သကြားတွေ အားလုံး ပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ ၎င်းနောက် စောနက ဆယ်ထားတဲ့ သံပုရာအခွံအချောင်းလေးတွေကို ထည့်ပီး မီးအသင့်အတင့် အပူချိန်နဲ့ ဆူပွက်တဲ့အထိ ပြုတ်ပါ။ တဖြည်းဖြည်း အပူချိန်လေး လျှော့ပီး မီးအေးအေးလေးနဲ့ အခွံလေးတွေ နူးလာပီး အကြည်ရောင်လေး သန်းလာတဲ့အထိ ထားလိုက်ပါ။ (၁၀ မိနစ်- ၁၅ မိနစ်လောက် ကြာပါလိမ့်မယ်)
အခွံလေးတွေ နူးသွားရင် ဆယ်ယူပီး အအေးခံပါ။ အစိုအတိုင်းလေး သကြားရည်လေးနဲ့ ဖန်ပုလင်းထဲ လေလုံအောင်ပိတ်ပီး ရေခဲသေတ္တာထဲ ထည့်စားနိုင်သလို ဆယ်ထားတဲ့ အခွံချောင်းနူးနပ်နေတာလေးတွေကို သကြားထပ်ဖြူးပီး ခပ်ခြောက်ခြောက် လေး သာမန်အခန်းအပူချိန်မှာပဲ လေလုံတဲ့ ပုလင်းထဲထည့်စားနိုင်ပါတယ်။
ဒီလောက်ဆိုရင် စာဖတ်သူ အနေနဲ့ သံပုရာသီး သုံးတော့မယ်ဆိုရင် အခွံတွေကို လွှင့်မပစ်ဘဲ အသုံးချဖို့ အကြံပီ လို့ ယူဆမိပါတယ် ။ကျေးဇူးတင်ပါတယ်
Credit :  Dr. HELLO