ဆီးေက်ာက္ တည္ျခင္းကို ဒီနည္းလမ္းနဲ႔ အၿပီးတိုင္ ႏႈတ္ဆက္လိုက္ပါ

က်န္းမာေရး စစ္တမ္းမ်ားအရ အရြယ္ေရာက္ၿပီးသူ သုံးဦးတြင္ တစ္ဦးက ဆီးေက်ာက္တည္သည့္ ေဝဒနာခံစားေနရတယ္လို႔ ေတြ႕ရွိေနရပါတယ္။ ဆီးေက်ာက္တည္ျခင္းေၾကာင့္ ေသဆုံးရတဲ့ လူအေရအတြက္ဟာ ရင္သားကင္ဆာ၊ ပေရာ့စတိတ္ကင္ဆာေၾကာင့္ ေသဆုံးရသူေတြထက္ ပိုၿပီးမ်ားျပားလာေနတယ္လို႔ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္ပညာရွင္မ်ားက သတိေပးေနပါၿပီ။

ဆီးေက်ာက္ဆိုတာ မာေက်ာတဲ့ အစိုင္အခဲေလးေတြ ေက်ာက္ကပ္ထဲမွာ တည္ရွိေနတာျဖစ္ပါတယ္၊ ဒီေက်ာက္ေတြဟာ ေက်ာက္ကပ္ကို အႀကီးအက်ယ္ ထိခိုက္ပ်က္ဆီးေစပါတယ္။ အဲဒီေက်ာက္ေတြဟာ ဆီးထဲမွာပါတဲ့ သတၱဳဓါတ္ေတြနဲ႔ ဆားအက္ဆစ္ေတြ ကေန ပုံေဆာင္ခဲျဖစ္ၿပီး ေက်ာက္ကပ္မွာ တြယ္ၿငိေနတာ ျဖစ္ပါတယ္။

ဒါဟာ အသားစားႏွုန္းမ်ားၿပီး အသီးအရြက္ကို လုံေလာက္စြာ မစားသုံးတာေတြ၊ ေရေသာက္တာ နည္းၿပီး အရည္ဓါတ္ခမ္းေျခာက္ေစတာေတြကေန ဒီလို ေက်ာက္တည္တာေတြ ျဖစ္လာတာျဖစ္ပါတယ္။ ဆီးေက်ာက္တည္ေဝဒနာခံစားရသူေတြဟာ ဆီးေက်ာင္ပမာဏနဲ႔ အႀကီးအေသးအလိုက္ ဆီးသြားတဲ့အခါ နာက်င္မွုေဝဒနာကို အဆုံးစြန္ထိ ခံစားရၿပီး ဆီးစြန႔္ရတာလည္း ခက္ခဲပင္ပန္းလြန္းပါတယ္။

ဆီးေက်ာက္ေတြကို ကုစားေပးနိုင္တဲ့ အဓိကအရာကေတာ့ ပိုတက္စီယံ စီထရစ္ ျဖစ္ပါတယ္။ လတ္တေလာ သုေတသနျပဳေလလာထားခ်က္အရ သံပယိုသီးထဲမွာ သဘာဝအတိုင္း စီထရစ္မ်ား ျပည့္ဝစြာပါရွိတဲ့အတြက္ ဆီးေက်ာက္အတြက္ သင့္ေတာ္တဲ့ အသီးတစ္ခုျဖစ္ေၾကာင္း ေဆးပညာရွင္ေတြ တစ္ညီတစ္ညြတ္ထဲ ေထာက္ခံထားၾကပါတယ္။

ဆရာဝန္ေတြနဲ႔ ေဆးဘက္ကၽြမ္းက်င္ပညာရွင္မ်ားက သံပယိုသီးေဖ်ာ္ရည္ဟာ ဆီးေက်ာက္မတည္ေအာင္ ကာကြယ္ခ်င္သူေတြေရာ ဆီးေက်ာက္တည္ေနသူေတြ အတြက္ပါ အစြမ္းထက္တဲ့ သဘာဝေဆးတစ္ခြက္ျဖစ္ေၾကာင္း အသိမွတ္ျပဳခဲ့ၿပီး ဒီနည္းလမ္းကို သံပယိုသီးကုထုံး အျဖစ္ ေခၚဆိုေနၾကပါၿပီ။

စီထရစ္ဓါတ္က ေက်ာက္တည္ျခင္းကို ဘယ္လိုကာကြယ္ေပးလဲ

စီထရစ္ဟာ ဆီးေက်ာက္ပုံေဆာင္ခဲ ျဖစ္တည္မွုကို အဟန႔္အတားျဖစ္ေအာင္ ကာကြယ္ေပးတဲ့အျပင္ ေက်ာက္အေသးေလးမ်ားကိုလည္း ေႂကြေအာင္ ေခ်ဖ်က္ေပးနိုင္စြမ္းရွိပါတယ္။ ဆီးထဲမွာ စီထရစ္အက္ဆစ္ဓါတ္ မ်ားေလေလ ေက်ာက္တည္နိုင္စြမ္းမရွိေအာင္ ကာကြယ္ေပးေလေလ ျဖစ္ပါတယ္။ စီထရစ္အက္ဆစ္က ဆီးကေန ေက်ာက္ျဖစ္ခြင့္ကို ဟန႔္တားေပးနိုင္ပါတယ္။

ေက်ာက္တည္ေနတဲ့ သူေတြအတြက္လည္း ေနာက္ထပ္ ေက်ာက္ထပ္မတည္နိုင္ေအာင္ အေပၚကအလႊာတစ္ခုအေနနဲ႔ ဖုံးအုပ္ထားေပးလို႔ ေက်ာက္အသစ္ ထပ္မျဖစ္နိုင္ေတာ့ပါဘူး။ သံပရာသီးနဲ႔ သံပုယိုသီးမွာ ဒီလိုအစြမ္းထက္တဲ့ စီထရစ္အက္ဆစ္ျပည့္ဝစြာပါရွိပါတယ္။ ေက်ာက္တည္တာကို ကုသတဲ့ ပိုတက္စီယံ စီထရစ္ပါဝင္တဲ့ ေဆးေတြဟာ ေစ်းႀကီးၿပီး တစ္ေန႔ကို ၁၂ လုံးေလာက္ထိ ေသာက္ရတတ္ပါတယ္။

ဒါေၾကာင့္မို႔ ပိုက္ဆံလဲမကုန္ အက်ိဳးသက္ေရာက္မွုလည္း အားႀကီးတဲ့ သံပုရာ/သံပယိုသီးနဲ႔ ေက်ာင္ေႂကြေအာင္ ေက်ာက္ထပ္မတည္ေအာင္ ျပဳလုပ္နိုင္မယ့္ နည္းလမ္းေလးကို ေဝမၽွေပးလိုက္ပါတယ္။

သံပုရာ/သံပုယို နည္းလမ္း

သံပုရာ/သံပုယို အရည္စစ္စစ္ (ဘာမွမေရာထား) ကို တစ္ေန႔မွာ ၄ ေအာင္စ ေသာက္သုံးရမွာ ျဖစပါတယ္။ အကယ္၍ ျပဳျပင္ထားၿပီးသား သံပုရာ/သံပုယိုရည္ဆိုရင္ေတာ့ တစ္ေန႔မွာ ၃၂ ေအာင္စ ေသာက္သုံးရမွာျဖစ္ပါတယ္။

အေကာင္းဆုံးေရာစပ္နည္းကေတာ့ သံပုရာ/သံပုယိုရည္ ၂ ေအာင္စကို ေရ ၆ ေအာင္စနဲ႔ေရာၿပီး မနက္တစ္ႀကိမ္ ေသာက္ပါ၊ ညေနပိုင္းမွာလည္း သံပုရာရည္ ၂ ေအာင္စနဲ႔ ေရ ၆ ေအာင္စ ေရာစပ္ၿပီး တစ္ႀကိမ္ထပ္ေသာက္ပါ။

ဆီးေက်ာက္ေႂကြတာ၊ ဆီးေက်ာက္ မျဖစ္ေအာင္ တားဆီးတာေတြကို သိသိသာသာ လက္ေတြ႕ ခံစားရလာပါလိမ့္မယ္။ ဒီနည္းလမ္းေလးက တစ္ကယ္ အသုံးဝင္တယ္ဆိုရင္ အျခားသူေတြလည္း သိရွိသြားေအာင္ မၽွေဝျခင္းနဲ႔ လက္ဆင့္ကမ္းေပးပါဦး။

Credit : PoPoLay

(Unicode Version)

ဆီးကျောက် တည်ခြင်းကို ဒီနည်းလမ်းနဲ့ အပြီးတိုင ်နုတ်ဆက်လိုက်ပါ

ကျန်းမာရေး စစ်တမ်းများအရ အရွယ်ရောက်ပြီးသူ သုံးဦးတွင် တစ်ဦးက ဆီးကျောက်တည်သည့် ဝေဒနာခံစားနေရတယ်လို့ တွေ့ရှိနေရပါတယ်။ ဆီးကျောက်တည်ခြင်းကြောင့် သေဆုံးရတဲ့ လူအရေအတွက်ဟာ ရင်သားကင်ဆာ၊ ပရော့စတိတ်ကင်ဆာကြောင့် သေဆုံးရသူတွေထက် ပိုပြီးများပြားလာနေတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးနေပါပြီ။

ဆီးကျောက်ဆိုတာ မာကျောတဲ့ အစိုင်အခဲလေးတွေ ကျောက်ကပ်ထဲမှာ တည်ရှိနေတာဖြစ်ပါတယ်၊ ဒီကျောက်တွေဟာ ကျောက်ကပ်ကို အကြီးအကျယ် ထိခိုက်ပျက်ဆီးစေပါတယ်။ အဲဒီကျောက်တွေဟာ ဆီးထဲမှာပါတဲ့ သတ္တုဓါတ်တွေနဲ့ ဆားအက်ဆစ်တွေ ကနေ ပုံဆောင်ခဲဖြစ်ပြီး ကျောက်ကပ်မှာ တွယ်ငြိနေတာ ဖြစ်ပါတယ်။

ဒါဟာ အသားစားနှုန်းများပြီး အသီးအရွက်ကို လုံလောက်စွာ မစားသုံးတာတွေ၊ ရေသောက်တာ နည်းပြီး အရည်ဓါတ်ခမ်းခြောက်စေတာတွေကနေ ဒီလို ကျောက်တည်တာတွေ ဖြစ်လာတာဖြစ်ပါတယ်။ ဆီးကျောက်တည်ဝေဒနာခံစားရသူတွေဟာ ဆီးကျောင်ပမာဏနဲ့ အကြီးအသေးအလိုက် ဆီးသွားတဲ့အခါ နာကျင်မှုဝေဒနာကို အဆုံးစွန်ထိ ခံစားရပြီး ဆီးစွန့်ရတာလည်း ခက်ခဲပင်ပန်းလွန်းပါတယ်။

ဆီးကျောက်တွေကို ကုစားပေးနိုင်တဲ့ အဓိကအရာကတော့ ပိုတက်စီယံ စီထရစ် ဖြစ်ပါတယ်။ လတ်တလော သုတေသနပြုလေလာထားချက်အရ သံပယိုသီးထဲမှာ သဘာဝအတိုင်း စီထရစ်များ ပြည့်ဝစွာပါရှိတဲ့အတွက် ဆီးကျောက်အတွက် သင့်တော်တဲ့ အသီးတစ်ခုဖြစ်ကြောင်း ဆေးပညာရှင်တွေ တစ်ညီတစ်ညွတ်ထဲ ထောက်ခံထားကြပါတယ်။

ဆရာဝန်တွေနဲ့ ဆေးဘက်ကျွမ်းကျင်ပညာရှင်များက သံပယိုသီးဖျော်ရည်ဟာ ဆီးကျောက်မတည်အောင် ကာကွယ်ချင်သူတွေရော ဆီးကျောက်တည်နေသူတွေ အတွက်ပါ အစွမ်းထက်တဲ့ သဘာဝဆေးတစ်ခွက်ဖြစ်ကြောင်း အသိမှတ်ပြုခဲ့ပြီး ဒီနည်းလမ်းကို သံပယိုသီးကုထုံး အဖြစ် ခေါ်ဆိုနေကြပါပြီ။

စီထရစ်ဓါတ်က ကျောက်တည်ခြင်းကို ဘယ်လိုကာကွယ်ပေးလဲ

စီထရစ်ဟာ ဆီးကျောက်ပုံဆောင်ခဲ ဖြစ်တည်မှုကို အဟန့်အတားဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ကျောက်အသေးလေးများကိုလည်း ကြွေအောင် ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဆီးထဲမှာ စီထရစ်အက်ဆစ်ဓါတ် များလေလေ ကျောက်တည်နိုင်စွမ်းမရှိအောင် ကာကွယ်ပေးလေလေ ဖြစ်ပါတယ်။ စီထရစ်အက်ဆစ်က ဆီးကနေ ကျောက်ဖြစ်ခွင့်ကို ဟန့်တားပေးနိုင်ပါတယ်။

ကျောက်တည်နေတဲ့ သူတွေအတွက်လည်း နောက်ထပ် ကျောက်ထပ်မတည်နိုင်အောင် အပေါ်ကအလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ထားပေးလို့ ကျောက်အသစ် ထပ်မဖြစ်နိုင်တော့ပါဘူး။ သံပရာသီးနဲ့ သံပုယိုသီးမှာ ဒီလိုအစွမ်းထက်တဲ့ စီထရစ်အက်ဆစ်ပြည့်ဝစွာပါရှိပါတယ်။ ကျောက်တည်တာကို ကုသတဲ့ ပိုတက်စီယံ စီထရစ်ပါဝင်တဲ့ ဆေးတွေဟာ စျေးကြီးပြီး တစ်နေ့ကို ၁၂ လုံးလောက်ထိ သောက်ရတတ်ပါတယ်။

ဒါကြောင့်မို့ ပိုက်ဆံလဲမကုန် အကျိုးသက်ရောက်မှုလည်း အားကြီးတဲ့ သံပုရာ/သံပယိုသီးနဲ့ ကျောင်ကြွေအောင် ကျောက်ထပ်မတည်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။

သံပုရာ/သံပုယို နည်းလမ်း

သံပုရာ/သံပုယို အရည်စစ်စစ် (ဘာမှမရောထား) ကို တစ်နေ့မှာ ၄ အောင်စ သောက်သုံးရမှာ ဖြစပါတယ်။ အကယ်၍ ပြုပြင်ထားပြီးသား သံပုရာ/သံပုယိုရည်ဆိုရင်တော့ တစ်နေ့မှာ ၃၂ အောင်စ သောက်သုံးရမှာဖြစ်ပါတယ်။

အကောင်းဆုံးရောစပ်နည်းကတော့ သံပုရာ/သံပုယိုရည် ၂ အောင်စကို ရေ ၆ အောင်စနဲ့ရောပြီး မနက်တစ်ကြိမ် သောက်ပါ၊ ညနေပိုင်းမှာလည်း သံပုရာရည် ၂ အောင်စနဲ့ ရေ ၆ အောင်စ ရောစပ်ပြီး တစ်ကြိမ်ထပ်သောက်ပါ။

ဆီးကျောက်ကြွေတာ၊ ဆီးကျောက် မဖြစ်အောင် တားဆီးတာတွေကို သိသိသာသာ လက်တွေ့ ခံစားရလာပါလိမ့်မယ်။ ဒီနည်းလမ်းလေးက တစ်ကယ် အသုံးဝင်တယ်ဆိုရင် အခြားသူတွေလည်း သိရှိသွားအောင် မျှဝေခြင်းနဲ့ လက်ဆင့်ကမ်းပေးပါဦး။

Credit : PoPoLay