WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ထိုင္းဟင္းလ်ာ တစ္မ်ိဳးျဖစ္တဲ့ တံုယမ္းဟင္းရည္ ခ်က္နည္း

Posted on June 28, 2018 by whuk-46651

ခ်စ္ေမာင္ႏွမေတြကုိ ဒီေန႕ ထုိင္းဟင္းလ်ာျဖစ္တဲ့ တံုယမ္းဟင္းရည္ ေသာက္ခ်က္နည္းေလး လက္ဆင့္ကမ္းပါရေစ။ တကယ္ေတာ့ တံုယမ္းဟင္းဆုိတာ ထုိင္းႏုိင္ငံမွာ နာမည္ၾကီးတဲ့ အစားအစာ တစ္မ်ဳိးျဖစ္ပါတယ္။ အရမ္းလြယ္ပါတယ္။ လုိအပ္တဲ့ ပစၥည္းေတြကုိ အရင္ ေျပာျပပါရေစေနာ္။

– ပုဇြန္္၊ မႈိ၊ ခရမ္းခ်ဥ္သီး၊ တံုယမ္းအႏွစ္ (တံုယမ္းအႏွစ္ကုိေတာ့ ၀ယ္ရတာ လြယ္ပါတယ္)၊ သံပုရာသီး၊ ငံျပာရည္၊ စပါးလင္၊ ေရွာက္ရြက္၊ နံနံပင္ စတာေတြပါ။

ျပဳလုပ္နည္း

ပထမဦးဆံုး ပုဇြန္ကုိင္ရပါတယ္။ အခြံႏႊာ၊ အျမီးေလးခ်န္ထား၊ ျပီးေတာ့ ေက်ာဘက္ကေန ခဲြျပီးေတာ့ ေနာက္ေခ်းထုတ္ သန္႕စင္ျပီးေတာ့ ေရစစ္ထားပါ။

မႈိေတြကုိ ေရေဆးျပီး လုိခ်င္တဲ့ ပံုစံေလးေတြျဖစ္ေအာင္ လွီးထားပါ။ သံပုရာရည္ ညွစ္ထားပါ။ စပါးလင္ကုိ ပါးပါးလွီးထားပါ။ ခရမ္းခ်ဥ္သီးကုိ ေရေဆးျပီးေတာ့ အစိပ္ေလးေတြ စိပ္ထားေပးပါ။ နံနံပင္ေလးကုိ ေရေဆးထားျပီး မထူမပါး လွီးထားေပးပါေနာ္။

အားလံုးအဆင္သင့္ ျဖစ္ျပီဆုိရင္ေတာ့ မီးဖုိေပၚ အုိးတင္၊ ျပီးေတာ့ ေရထည့္ျပီး တည္ပါ။ ေရေႏြးဆူျပီ ဆုိတာနဲ႕ တံုယမ္းအႏွစ္ေတြ ထည့္ပါတယ္။ အႏွစ္ ပမာဏကေတာ့ ကုိယ္စားႏုိင္သေလာက္ အစပ္ႏႈန္းကုိ ၾကည့္ျပီး ထည့္ေပါ့ေနာ္။

စပါးလင္ထည့္၊ ျပီးရင္ ပုဇြန္ထည့္ျပီး ဟင္းအုိးဆူေအာင္ ဆက္ေစာင့္ပါေနာ္။ ဟင္းအုိးဆူျပီဆုိရင္ေတာ့ မႈိထည့္ပါ။ မႈိထည့္ျပီးရင္လည္း ဟင္းအုိးဆူေအာင္ ဆက္တည္ထား၊ ဆူျပီဆုိရင္ေတာ့ ခရမ္းခ်ဥ္သီး လွီးထားတာေတြထည့္၊ ဟင္းအုိးဆူေအာင္ ဆက္ေစာင့္၊ ဆူလာျပီဆုိရင္ ငံျပာရည္၊ သံပုရာရည္ထည့္၊ အေပါ့အငံျမည္း၊ ကုိယ္စိတ္ၾကိဳက္ အရသာေတြ႕ ျပီဆုိရင္ေတာ့ အေပၚကေန ေရွာက္ရြက္ထည့္၊ နံနံပင္ေလး အုပ္လုိက္ရံုပါပဲေနာ္။

Credit : LuLuCooking

(Unicode Version)

ထိုင်းဟင်းလျာ တစ်မျိုးဖြစ်တဲ့ တုံယမ်းဟင်းရည် ချက်နည်း

ချစ်မောင်နှမတွေကို ဒီနေ့ ထိုင်းဟင်းလျာဖြစ်တဲ့ တုံယမ်းဟင်းရည် သောက်ချက်နည်းလေး လက်ဆင့်ကမ်းပါရစေ။ တကယ်တော့ တုံယမ်းဟင်းဆိုတာ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ အရမ်းလွယ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို အရင် ပြောပြပါရစေနော်။

– ပုဇွန်၊ မှို၊ ခရမ်းချဉ်သီး၊ တုံယမ်းအနှစ် (တုံယမ်းအနှစ်ကိုတော့ ဝယ်ရတာ လွယ်ပါတယ်)၊ သံပုရာသီး၊ ငံပြာရည်၊ စပါးလင်၊ ရှောက်ရွက်၊ နံနံပင် စတာတွေပါ။

ပြုလုပ်နည်း

ပထမဦးဆုံး ပုဇွန်ကိုင်ရပါတယ်။ အခွံနွှာ၊ အမြီးလေးချန်ထား၊ ပြီးတော့ ကျောဘက်ကနေ ခွဲပြီးတော့ နောက်ချေးထုတ် သန့်စင်ပြီးတော့ ရေစစ်ထားပါ။

မှိုတွေကို ရေဆေးပြီး လိုချင်တဲ့ ပုံစံလေးတွေဖြစ်အောင် လှီးထားပါ။ သံပုရာရည် ညှစ်ထားပါ။ စပါးလင်ကို ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီးတော့ အစိပ်လေးတွေ စိပ်ထားပေးပါ။ နံနံပင်လေးကို ရေဆေးထားပြီး မထူမပါး လှီးထားပေးပါနော်။

အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် အိုးတင်၊ ပြီးတော့ ရေထည့်ပြီး တည်ပါ။ ရေနွေးဆူပြီ ဆိုတာနဲ့ တုံယမ်းအနှစ်တွေ ထည့်ပါတယ်။ အနှစ် ပမာဏကတော့ ကိုယ်စားနိုင်သလောက် အစပ်နှုန်းကို ကြည့်ပြီး ထည့်ပေါ့နော်။

စပါးလင်ထည့်၊ ပြီးရင် ပုဇွန်ထည့်ပြီး ဟင်းအိုးဆူအောင် ဆက်စောင့်ပါနော်။ ဟင်းအိုးဆူပြီဆိုရင်တော့ မှိုထည့်ပါ။ မှိုထည့်ပြီးရင်လည်း ဟင်းအိုးဆူအောင် ဆက်တည်ထား၊ ဆူပြီဆိုရင်တော့ ခရမ်းချဉ်သီး လှီးထားတာတွေထည့်၊ ဟင်းအိုးဆူအောင် ဆက်စောင့်၊ ဆူလာပြီဆိုရင် ငံပြာရည်၊ သံပုရာရည်ထည့်၊ အပေါ့အငံမြည်း၊ ကိုယ်စိတ်ကြိုက် အရသာတွေ့ ပြီဆိုရင်တော့ အပေါ်ကနေ ရှောက်ရွက်ထည့်၊ နံနံပင်လေး အုပ်လိုက်ရုံပါပဲနော်။

Credit : LuLuCooking

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes