မယ္ဆိုင္ဂူသို႔ မိုင္းဖုန္းဆရာေတာ္ ဇြန္လ (၂၉) ရက္ေန႔ ညေနပိုင္းတြင္ ႂကြေရာက္ဖြယ္ရွိ

မယ္ဆိုင္ဂူအတြင္း (၆) ရက္ေျမာက္ေန႔အထိ ပိတ္မိေနသည့္ လူငယ္ (၁၃) ဦး ႏွင့္ ပတ္သက္၍ မိုင္းဖုန္းဆရာေတာ္မွ ဇြန္လ (၂၉) ရက္ေန႔ ညေနပိုင္းတြင္ ၾကြေရာက္၍ ေမတၱာပို႔ အမွ်ေပးေ၀ရန္ အစီအစဥ္ရွိေၾကာင္း ဆရာေတာ္၏ တပည့္ဒကာမ်ားထံက သိရသည္။

ဇြန္လ (၂၈) ရက္ေန႔ နံနက္ပိုင္းက မိုင္းဖုန္းဆရာေတာ္သည္ က်ဳိင္းလပ္ၿမိဳ႕မွတဆင့္ လာအိုႏိုင္ငံသို႔ ၾကြေရာက္ေတာ္မူကာ တစ္ညအိပ္ သီတင္းသံုးေနေတာ္မူကာ ဇြန္လ (၂၉) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္သို႔ ျပန္လည္ၾကြလာေတာ္မူၿပီး ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ အဆိုပါ ဂူသို႔ ၾကြေရာက္ေတာ္မူမည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းဖုန္းဆရာေတာ္ ၾကြေရာက္မည့္ ကိစၥ အေျပာင္းအလဲရွိပါက တာခ်ီလိတ္သတင္းေအဂ်င္စီမွ ထပ္မံ အသိေပးသြားပါမည္။

ျမန္မာ – ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃) ရက္ေန႔ ကတည္းက လူငယ္ (၁၃) ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ားစြာျဖင့္ ဇြန္လ (၂၃) ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇြန္လ (၂၈) ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ ည (၁၂) နာရီ ၀န္းက်င္အထိ ရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာ လူငယ္ (၁၃) ဦးအား ရွာေဖြေတြ႔ရွိရျခင္း မရွိေသးသျဖင့္ ရွာေဖြကယ္ဆယ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိသည္။

Source : Tachileik News Agency

(Unicode Version)

မယ်ဆိုင်ဂူသို့ မိုင်းဖုန်းဆရာတော် ဇွန်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် ကြွရောက်ဖွယ်ရှိ

မယ်ဆိုင်ဂူအတွင်း (၆) ရက်မြောက်နေ့အထိ ပိတ်မိနေသည့် လူငယ် (၁၃) ဦး နှင့် ပတ်သက်၍ မိုင်းဖုန်းဆရာတော်မှ ဇွန်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် ကြွရောက်၍ မေတ္တာပို့ အမျှပေးဝေရန် အစီအစဉ်ရှိကြောင်း ဆရာတော်၏ တပည့်ဒကာများထံက သိရသည်။

ဇွန်လ (၂၈) ရက်နေ့ နံနက်ပိုင်းက မိုင်းဖုန်းဆရာတော်သည် ကျိုင်းလပ်မြို့မှတဆင့် လာအိုနိုင်ငံသို့ ကြွရောက်တော်မူကာ တစ်ညအိပ် သီတင်းသုံးနေတော်မူကာ ဇွန်လ (၂၉) ရက်နေ့တွင် မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်ကြွလာတော်မူပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အဆိုပါ ဂူသို့ ကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော် ကြွရောက်မည့် ကိစ္စ အပြောင်းအလဲရှိပါက တာချီလိတ်သတင်းအေဂျင်စီမှ ထပ်မံ အသိပေးသွားပါမည်။

မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃) ရက်နေ့ ကတည်းက လူငယ် (၁၃) ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ (၂၃) ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ (၂၈) ရက်နေ့ ထိုင်းစံတော်ချိန် ည (၁၂) နာရီ ဝန်းကျင်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ် (၁၃) ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

Source : Tachileik News Agency