ေက်ာက္ဂူအတြင္း လွ်ပ္စစ္မီးေ႐ွာ့ျဖစ္၍ လူတစ္ဦး ဒဏ္ရာရ

ဂူအတြင္း လွ်ပ္စစ္မီးျပဳျပင္ၿပီး၍ ပံုမွန္လုပ္ငန္း ျပန္လည္ ေဆာင္ရြက္ေန

ယေန႔ ဇြန္လ (၂၉) ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ ေန႔လည္ (၂း၅၅) နာရီအခ်ိန္က ဂူအတြင္း လွ်ပ္စစ္မီးေရွာ့ျဖစ္၍ လူတစ္ဦး ဒဏ္ရာရရွိသြား၍ မယ္ဆို္္င္ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး လွ်ပ္စစ္မီးအား ေခတၱျဖတ္ေတာက္ကာ လုပ္ငန္းစဥ္ ေခတၱရပ္နားခဲ့ရေသာ္လည္း ထိုင္းစံေတာ္ခ်ိန္ ညေန(၄)နာရီအခ်ိန္တြင္ လွ်ပ္စစ္မီး ပံုမွန္ျပန္လည္ျဖစ္သြားၿပီး၊ ေရမ်ားကိုလည္း ျပန္လည္ စုပ္ထုတ္ေနလွ်က္ရွိသည္။

မိုးၿငိမ္ေန၍ ေရ၀င္ေရာက္မႈမရွိေတာ့ဘဲ ညေန (၄) နာရီ၀န္းက်င္တြင္ ေရက်လာေၾကာင္း သိရသည္။

ျမန္မာ – ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ားစြာျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇြန္လ(၂၉)ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ ညေန(၄)နာရီေက်ာ္အထိ ရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာ လူငယ္(၁၃)ဦးအား ရွာေဖြေတြ႔ရွိရျခင္း မရွိေသးသျဖင့္ ရွာေဖြကယ္ဆယ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိသည္။

Source : Tachileik News Agency

(Unicode Version)

ဂူအတွင်း လျှပ်စစ်မီးပြုပြင်ပြီး၍ ပုံမှန်လုပ်ငန်း ပြန်လည် ဆောင်ရွက်နေ

ယနေ့ ဇွန်လ (၂၉) ရက်နေ့ ထိုင်းစံတော်ချိန် နေ့လည် (၂း၅၅) နာရီအချိန်က ဂူအတွင်း လျှပ်စစ်မီးရှော့ဖြစ်၍ လူတစ်ဦး ဒဏ်ရာရရှိသွား၍ မယ်ဆို်င်ဆေးရုံသို့ ပို့ဆောင်ထားပြီး လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်ကာ လုပ်ငန်းစဉ် ခေတ္တရပ်နားခဲ့ရသော်လည်း ထိုင်းစံတော်ချိန် ညနေ(၄)နာရီအချိန်တွင် လျှပ်စစ်မီး ပုံမှန်ပြန်လည်ဖြစ်သွားပြီး၊ ရေများကိုလည်း ပြန်လည် စုပ်ထုတ်နေလျှက်ရှိသည်။

မိုးငြိမ်နေ၍ ရေဝင်ရောက်မှုမရှိတော့ဘဲ ညနေ (၄) နာရီဝန်းကျင်တွင် ရေကျလာကြောင်း သိရသည်။

မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၉)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ(၄)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

Source : Tachileik News Agency