နယ္စပ္ ၿခံစည္း႐ုိးမ်ားအား ဖ်က္ဆီးလာသျဖင့္ ေျခာက္လွန္႔ ပစ္ခတ္ခဲ့ရ

ေနျပည္ေတာ္ ဇြန္ ၂၉

ျမန္မာ-ဘဂၤလားေဒ့႐ွ္ နယ္စပ္ျခံစည္း႐ုိး ကာရံထားမႈအား ဖ်က္ဆီးလာသျဖင့္ လုံျခဳံေရး တပ္ဖြဲ႔ဝင္မ်ားက ေျခာက္လွန္႔ ပစ္ခတ္ခဲ့ရေၾကာင္း သိရသည္။

ေမာင္ေတာျမဳိ႕နယ္ ေတာင္ျပဳိ(ယာ) ရဲကင္းစခန္း၏ ေျမာက္ဖက္ ကုိက္ ၂၀၀ ခန္႔အကြာ ေတာင္ၿပိဳ(ယာ) ေခ်ာင္းေပါက္ဝ အနီး႐ွိ ျမန္မာဘက္ျခမ္း၌ ေရတုိက္စား၍ ေပ ၁၈၀ ခန္႔ ပ်က္စီးသြားခဲ့သည့္ ျခံစည္း႐ုိးအစား ယာယီသစ္သားတုိင္၊ သံဆူးၾကဳိး မ်ားျဖင့္ ယာယီျပန္လည္ ကာရံထားခဲ့သည္။

ဇြန္ ၂၈ ရက္ ညေန ၃ နာရီခြဲတြင္ တစ္ဖက္ႏုိင္ငံမွ လူ ၁၂ ဦးခန္႔က အဆုိပါျခံစည္း ႐ုိးအား လာေရာက္ ဖ်က္ဆီးေနသည္ကုိ ေတြ႔ရ၍ လုံျခဳံေရးတပ္ဖြံ႔ဝင္မ်ားမွ ေအာ္ဟစ္ ေမာင္းထုတ္သျဖင့္ ထြက္ခြာသြားခဲ့ ၾကသည္။

ညေန ၆ နာရီတြင္ ၎တုိ႔ထပ္မံေရာက္႐ွိလာၿပီး အဆုိပါ ျခံစည္း႐ုိးတုိင္မ်ားအား ထပ္မံဖ်က္ဆီးေနသည္ကုိ ေတြ႔ျမင္ရ၍ သတိေပး ေအာ္ဟစ္ေျပာဆုိရာ ထြက္ခြာသြားျခင္း မ႐ွိဘဲ ျပန္လည္ေအာ္ဟစ္ေျပာဆုိၿပီး ျခံစည္းရုိးတုိင္မ်ားအား လႊျဖင့္ ဆက္လက္ ဖ်က္ဆီးေနေသာေၾကာင့္ ရဲအရာ႐ွိတစ္ဦး က အမ္ေအ-၁၁ ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ခဲ့ရာ ၁ ဦး ဒဏ္ရာရ႐ွိသြားခဲ့ေၾကာင္းသိရသည္။

ထုိ႔ေနာက္လုံျခဳံေရးတပ္ဖြဲ႔ဝင္မ်ားသည္ ျခံစည္း႐ုိးအား သြားေရာက္စစ္ေဆးခဲ့ရာ တုိင္ ၄ တုိင္ခန္႔ ပ်က္စီး သြားေၾကာင္း ေတြ႔႐ွိရၿပီး ထပ္မံမျဖစ္ပြားေစေရး ေစာင့္ၾကည့္လ်က္႐ွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းရ႐ွိသည္။

Source : Information Committee

(Unicode Version)

နယ်စပ် ခြံစည်းရိုးများအား ဖျက်ဆီးလာသဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရ

နေပြည်တော် ဇွန် ၂၉

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံထားမှုအား ဖျက်ဆီးလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပြို(ယာ) ရဲကင်းစခန်း၏ မြောက်ဖက် ကိုက် ၂၀၀ ခန့်အကွာ တောင်ပြို(ယာ) ချောင်းပေါက်ဝ အနီးရှိ မြန်မာဘက်ခြမ်း၌ ရေတိုက်စား၍ ပေ ၁၈၀ ခန့် ပျက်စီးသွားခဲ့သည့် ခြံစည်းရိုးအစား ယာယီသစ်သားတိုင်၊ သံဆူးကြိုး များဖြင့် ယာယီပြန်လည် ကာရံထားခဲ့သည်။

ဇွန် ၂၈ ရက် ညနေ ၃ နာရီခွဲတွင် တစ်ဖက်နိုင်ငံမှ လူ ၁၂ ဦးခန့်က အဆိုပါခြံစည်း ရိုးအား လာရောက် ဖျက်ဆီးနေသည်ကို တွေ့ရ၍ လုံခြုံရေးတပ်ဖွံ့ဝင်များမှ အော်ဟစ် မောင်းထုတ်သဖြင့် ထွက်ခွာသွားခဲ့ ကြသည်။

ညနေ ၆ နာရီတွင် ၎င်းတို့ထပ်မံရောက်ရှိလာပြီး အဆိုပါ ခြံစည်းရိုးတိုင်များအား ထပ်မံဖျက်ဆီးနေသည်ကို တွေ့မြင်ရ၍ သတိပေး အော်ဟစ်ပြောဆိုရာ ထွက်ခွာသွားခြင်း မရှိဘဲ ပြန်လည်အော်ဟစ်ပြောဆိုပြီး ခြံစည်းရိုးတိုင်များအား လွှဖြင့် ဆက်လက် ဖျက်ဆီးနေသောကြောင့် ရဲအရာရှိတစ်ဦး က အမ်အေ-၁၁ ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

ထို့နောက်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ခြံစည်းရိုးအား သွားရောက်စစ်ဆေးခဲ့ရာ တိုင် ၄ တိုင်ခန့် ပျက်စီး သွားကြောင်း တွေ့ရှိရပြီး ထပ်မံမဖြစ်ပွားစေရေး စောင့်ကြည့်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Source : Information Committee