၂၀၁၈ ခုႏွစ္၊ ဇြန္လ (၃၀) ရက္ေန႔ အတြက္ မိုးေလ၀သ ခန္႔မွန္းခ်က္

မုန္တိုင္းျဖစ္ေပၚႏိုင္မႈ အေျခအေန – ဘဂၤလားပင္လယ္ေအာ္တြင္ မုန္တိုင္းျဖစ္ႏိုင္ေျခမရွိေသးပါ။

ဘဂၤလားပင္လယ္ေအာ္နဲ႔ ေတာင္တရုတ္ပင္လယ္ျပင္အေျခအေန – (၂၉-၆-၂၀၁၈) ရက္ နံနက္ (၀၉း၀၀) နာရီအခ်ိန္ KALPANA_1 ျဂိဳဟ္တုမွတိုင္းတာေပးခ်က္အရ၊့ ကပၸလီပင္လယ္ျပင္ ႏွင့္ က်န္ဘဂၤ လားပင္လယ္ေအာ္ တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။ျမန္မာႏုိင္ငံ ေျမာက္ပိုင္း ႏွင့္ ရခိုင္ကမ္းရိုးတန္း ေဒသေတြမွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ ေနၿပီး၊ က်န္ေဒသေတြမွာ တိမ္ အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။

အေနာက္ေတာင္ မုတ္သံုေလ အေျခအေန – ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္ တို႔မွာ မုတ္သုံေလ အားအနည္းငယ္ မွ အားအသင့္အတင့္ ရွိေနပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန – ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္းအသင့္ အတင့္ ရွိ္ပါမယ္။ ျမန္မာ႔ကမ္းရိုး တန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္းအျမင့္ (၄) ေပခန္႔ မွ (၅) ေပခန္႔ ရွိႏိုင္ပါတယ္။

ေန႔အပူခ်ိန္မ်ားအေျခအေန – ကခ်င္ျပည္နယ္ ခ်င္းျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) တို႔မွာ 23°C-28°C ခန္႔၊က်န္ ေဒသေတြ မွာ 29°C – 35°C ခန္႔ အထိရွိႏိုင္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္းမ်ား အေျခအေန – တစ္ျပည္လံုး မွာ ခရမ္းလြန္ေရာင္ျခည္ အညႊန္း ကိန္း အလြန္ျမင့္မားအဆင့္ တြင္ ရွိႏိုင္ပါတယ္။

မိုးတိမ္ေတာင္ျဖစ္ေပၚႏိုင္မႈအေျခအေန – မြန္းလြဲညေနပိုင္းအခ်ိန္အခါမ်ားတြင္ မိုးတိမ္ေတာင္ျဖစ္ေပၚရန္ အလားအလာမ်ားကို မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္း၊ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္တို႕တြင္ ျဖစ္ေပၚရန္ ေသခ်ာမႈ ၁၅% မွ ၂၅% ခန္႕ နဲ႕ က်န္ေဒသမ်ားတြင္ ေသခ်ာမႈ ၃၅% မွ ၅၅% ခန္႕ ရွိႏိုင္ပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္ – ကယားျပည္နယ္၊မႏၱေလးတိုင္းေဒသႀကီး၊မေကြးတိုင္းေဒသႀကီး ပဲခူးတိုင္းေဒသႀကီး၊ဧရာ၀တီးတိုင္းေဒသႀကီး ႏွင့္ တနသၤာရီတိုင္းေဒသႀကီး တို႔မွာ ေနရာက်ဲက်ဲ၊ က်န္ေဒသေတြမွာ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္းရြာပါမယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္ – ျမန္မာႏုိင္ငံ ေတာင္ပိုင္း ေဒသေတြမွာ မိုးအားေလ်ာ့နည္း လာႏိုင္ပါတယ္။

ေဒါက္တာထြန္းလြင္္

(Unicode Version)

၂၀၁၈ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ – ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ခြေမရှိသေးပါ။

ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင်အခြေအနေ – (၂၉-၆-၂၀၁၈) ရက် နံနက် (၀၉း၀၀) နာရီအချိန် KALPANA_1 ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊့ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂ လားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ် အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

အနောက်တောင် မုတ်သုံလေ အခြေအနေ – ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအနည်းငယ် မှ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ – မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုး တန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၄) ပေခန့် မှ (၅) ပေခန့် ရှိနိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ – ကချင်ပြည်နယ် ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ 23°C-28°C ခန့်၊ကျန် ဒေသတွေ မှာ 29°C – 35°C ခန့် အထိရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ အခြေအနေ – တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ – မွန်းလွဲညနေပိုင်းအချိန်အခါများတွင် မိုးတိမ်တောင်ဖြစ်ပေါ်ရန် အလားအလာများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဖြစ်ပေါ်ရန် သေချာမှု ၁၅% မှ ၂၅% ခန့် နဲ့ ကျန်ဒေသများတွင် သေချာမှု ၃၅% မှ ၅၅% ခန့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက် – ကယားပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပါမယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက် – မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးအားလျော့နည်း လာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်