အလုပ္သမား ၅၀၀ ေက်ာ္ လုပ္ကိုင္ေနတဲ့ အထည္ခ်ဳပ္စက္ရံုပိတ္

ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္က အလုပ္သမား ၅၀၀ ေက်ာ္နဲ႔ လည္ပတ္ေနတဲ့ Seduno အထည္ခ်ဳပ္ စက္ရံုကို ဒီေန႔စတင္ ပိတ္သိမ္းလိုက္ပါတယ္။

ကုမၸဏီဟာ ကုန္ထုတ္လုပ္မႈ အထြက္နည္းတာ၊ အခ်ိန္မီ ကုန္ပစၥည္းတင္ပို႔မႈ မလုပ္ႏို္င္တာ၊ စက္ရံုငွားရမ္းခ ႀကီးမားလာတာနဲ႔ အနည္းဆံုးလုပ္ခလစာ တိုးျမင့္လာတာေတြေၾကာင့္ စက္ရံုကိုဆက္ၿပီး ရပ္တည္ဖို႔ ခက္ခဲလာတဲ့ အတြက္ ပိတ္သိမ္းလိုက္ရတာျဖစ္တယ္လို႔ အဲဒီကုမၸဏီရဲ႕ ေငြစာရင္းဌာနက မခ်ိဳခ်ိဳ၀င္းက ေျပာပါတယ္။

“အလုပ္ရွင္ကလည္း ရံႈးတယ္၊ ထုတ္လုပ္မႈေတြကလည္း အခ်ိန္မွန္ မၿပီးဘူး၊ အဲ့လိုဆိုေတာ့ အလုပ္ရွင္ကလည္း တစ္လတစ္လမွာ သူ႔မွာ အရံႈးေတြေပၚတယ္၊ ၿပီးေတာ့လည္း ၀န္ထမ္းေတြကလည္း ဆႏၵျပတဲ့ ၀န္ထမ္းေတြ ကလည္းရွိတယ္ဆိုေတာ့ သူတို႔အတြက္ အဆင္မေျပႏိုင္ဘူးေပါ့၊ အလုပ္ရွင္ကလည္း သူ႔ဘက္ကေတာင့္ၿပီး မခံႏိုင္ေတာ့ဘူးေပါ့၊ အဲ့ဒါေၾကာင့္မို႔ သူပိတ္လိုက္တယ္”

အဲဒီစက္ရံုဟာ တရုတ္ႏိုင္ငံက လုပ္ငန္းရွင္တစ္ဦးပိုင္တာျဖစ္ၿပီး စက္ရံုပိတ္သိမ္းလိုက္တဲ့အတြက္  အလုပ္သမားေတြ ကို လုပ္ခလစာနဲ႔ ဥပေဒပါ နစ္နာေၾကးေတြကို မေန႔ကစၿပီး ထုတ္ေပးသြားမွာျဖစ္ေၾကာင္း စက္ရံုဘက္က အသိေပး ေၾကညာထားပါတယ္။

Source : RFA Burmese

(Unicode Version)

အလုပ်သမား ၅၀၀ ကျော် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံပိတ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Seduno အထည်ချုပ် စက်ရုံကို ဒီနေ့စတင် ပိတ်သိမ်းလိုက်ပါတယ်။

ကုမ္ပဏီဟာ ကုန်ထုတ်လုပ်မှု အထွက်နည်းတာ၊ အချိန်မီ ကုန်ပစ္စည်းတင်ပို့မှု မလုပ်နိုင်တာ၊ စက်ရုံငှားရမ်းခ ကြီးမားလာတာနဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြင့်လာတာတွေကြောင့် စက်ရုံကိုဆက်ပြီး ရပ်တည်ဖို့ ခက်ခဲလာတဲ့ အတွက် ပိတ်သိမ်းလိုက်ရတာဖြစ်တယ်လို့ အဲဒီကုမ္ပဏီရဲ့ ငွေစာရင်းဌာနက မချိုချိုဝင်းက ပြောပါတယ်။

“အလုပ်ရှင်ကလည်း ရှုံးတယ်၊ ထုတ်လုပ်မှုတွေကလည်း အချိန်မှန် မပြီးဘူး၊ အဲ့လိုဆိုတော့ အလုပ်ရှင်ကလည်း တစ်လတစ်လမှာ သူ့မှာ အရှုံးတွေပေါ်တယ်၊ ပြီးတော့လည်း ဝန်ထမ်းတွေကလည်း ဆန္ဒပြတဲ့ ဝန်ထမ်းတွေ ကလည်းရှိတယ်ဆိုတော့ သူတို့အတွက် အဆင်မပြေနိုင်ဘူးပေါ့၊ အလုပ်ရှင်ကလည်း သူ့ဘက်ကတောင့်ပြီး မခံနိုင်တော့ဘူးပေါ့၊ အဲ့ဒါကြောင့်မို့ သူပိတ်လိုက်တယ်”

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံက လုပ်ငန်းရှင်တစ်ဦးပိုင်တာဖြစ်ပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်  အလုပ်သမားတွေ ကို လုပ်ခလစာနဲ့ ဥပဒေပါ နစ်နာကြေးတွေကို မနေ့ကစပြီး ထုတ်ပေးသွားမှာဖြစ်ကြောင်း စက်ရုံဘက်က အသိပေး ကြေညာထားပါတယ်။

Source : RFA Burmese