ဘားအံၿမိဳ႕နယ္​တြင္​ ၈ တန္​း​ ေက်ာင္​းသူတစ္​ဦး ႀကိဳးဆြဲခ်​ေသဆံုး

ကရင္​ျပည္​နယ္​၊ ဘားအံၿမိဳ႕နယ္​၊ သာမည​ေက်းရြာအုပ္​စုတြင္​ ဇူလိုင္​လ ၂ ရက္​​ေန႔က ႐ွစ္​တန္​း​ေက်ာင္​းသူတစ္​ဦး ႀကိဳးဆြဲခ်​ေသဆံုး​ေၾကာင္​း သတင္​းရ႐ွိသည္​။

ဇူလိုင္​လ ၂ ရက္​​ေန႔ နံနက္​ ၈ နာရီ ၄၅ မိနစ္​ အခ်ိန္​က ဘားအံၿမိဳ႕နယ္​၊ သာမည​ေက်းရြာ အုပ္​စု၊ရြာေအး​ေအးရပ္​ကြက္​တြင္​ ႐ွစ္​တန္​း ​ေက်ာင္​းသူတစ္​ဦးႀကိဳးဆြဲခ်​ေသဆံုး​ေၾကာင္​း သတင္​းအရ အိႏၵဳနယ္​​ေျမရဲစခန္​းမွဴး ရဲအုပ္​ မင္​း​ေအာင္​ထြန္​း၊ သာယာကုန္​းရဲကင္​းမႉး ရဲအုပ္​ လွ​ေငြတို႔ဦးစီးအဖြဲ႔ျဖင္​့ သြား​ေရာက္​စစ္​​ေဆးရာ မနန္​း​ေဌး​ေအာင္​၊ ၁၆ႏွစ္​၊ ဂ်ပန္​အထက္​တန္​း​ေက်ာင္​းခြဲမွ အဌမတန္​း​ ေက်ာင္​းသူျဖစ္​​ေၾကာင္​း သိရၿပီး ​ေနအိမ္​ အိပ္​ခန္​းအျမင္​့ ၇​ေပ​ေက်ာ္​ခန္​႔႐ွိ​ေသာ ထုတ္​တန္​းအား ၆ ​ေပခန္​႔ ႐ွည္​ၿပီး ငါးမူးလံုးအရြယ္​ ႏိုင္​လြန္​ႀကိဳး အျဖဴ​ေရာင္​ျဖင္​့ခ်ည္​ကာ ႀကိဳးဆြဲခ်သည္​့ လကၡဏာမ်ားျဖင္​့ ​ေသဆံုး​ျခင္​းျဖစ္​ၿပီး ​ေသဆံုးသူအနီးမွ ​ေျခ​ေထာက္​တစ္​​ေခ်ာင္​းျပဳတ္​​ေနသည္​့ ႀကိတ္​သားျဖင္​့ျပဳလုပ္​ထား​ေသာ စား​ေရးခံုတစ္​ခုတို႔အာ စစ္​​ေဆး​ေတြ႔႐ွိကာအ​ေလာင္​းအား ဘားအံ​ ေဆးရံုသို႔ မႈခင္​း​ေဆးစာျဖင္​့ ပို႔​ေဆာင္​ထားခဲ့​ေၾကာင္​း သိရသည္​။

ျဖစ္​စဥ္​ႏွင္​့ပတ္​သက္​၍ စံုစမ္​းစစ္​​ေဆးရာ ​ေသဆံုးသူ မနန္​း​ေဌး​ေအာင္​မွာ အဖြားျဖစ္​သူႏွင္​့အတူ ​ေနထိုင္​သူျဖစ္​ၿပီး မိဘႏွစ္​ပါးမွ လြန္​ခဲ့​ေသာ ​ေလးႏွစ္​ခန္​႔ကတည္​းက ထိုင္​းႏိုင္​ငံ တြင္​အလုပ္​လုပ္​ကိုင္​​ေနၾကသူမ်ားျဖစ္​ၿပီး အခင္​းျဖစ္​​ေန႔ နံနက္​ပိုင္​းက ​ေျမးျဖစ္​သူအား ​ေက်င္​းသြားဖို႔ ​ေျပာရန္​အတြက္​ အိပ္​ခန္​းသို႔သြား​ေျပာစဥ္​ တံခါးပိတ္​ထားသျဖင္​့ ဖြင္​့ၾကည္​့ရာမွ ​ေျမးျဖစ္​သူမွာ ႀကိဳးဆြဲခ် ​ေသဆံုး​ေနသည္​ကို ေတြ႔႐ွိခဲ့ျခင္​း ျဖစ္​​ေၾကာင္​း သိရသည္​။

ျဖစ္​စဥ္​ႏွင္​့ပတ္​သက္​ၿပီး မနန္​း​ေဌး​ေအာင္​ ​ေသဆံုးျခင္​းအ​ေပၚ ဓမၼတာအတိုင္​း ​ေသဆံုး ျခင္​းဟုတ္​/မဟုတ္​ ဆက္​လက္​စစ္​​ေဆးႏိုင္​ရန္​အတြက္​ အိႏၵဳနယ္​​ေျမရဲစခန္​းက ​ေသမႈ​ေသခင္​း ဖြင္​့လွစ္​၍ ဆက္​လက္​စစ္​​ေဆးလ်ွက္​႐ွိ​ေၾကာင္​း သတင္​းရ႐ွိသည္​။

​ေနလင္​း(သာမည)

Source : ဘားအံသတင္း

(Unicode Version)

ဘားအံမြို့နယ်တွင် ၈ တန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စုတွင် ဇူလိုင်လ ၂ ရက်နေ့က ရှစ်တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်က ဘားအံမြို့နယ်၊ သာမညကျေးရွာ အုပ်စု၊ရွာအေးအေးရပ်ကွက်တွင် ရှစ်တန်း ကျောင်းသူတစ်ဦးကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်း၊ သာယာကုန်းရဲကင်းမှူး ရဲအုပ် လှငွေတို့ဦးစီးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာ မနန်းဌေးအောင်၊ ၁၆နှစ်၊ ဂျပန်အထက်တန်းကျောင်းခွဲမှ အဌမတန်း ကျောင်းသူဖြစ်ကြောင်း သိရပြီး နေအိမ် အိပ်ခန်းအမြင့် ၇ပေကျော်ခန့်ရှိသော ထုတ်တန်းအား ၆ ပေခန့် ရှည်ပြီး ငါးမူးလုံးအရွယ် နိုင်လွန်ကြိုး အဖြူရောင်ဖြင့်ချည်ကာ ကြိုးဆွဲချသည့် လက္ခဏာများဖြင့် သေဆုံးခြင်းဖြစ်ပြီး သေဆုံးသူအနီးမှ ခြေထောက်တစ်ချောင်းပြုတ်နေသည့် ကြိတ်သားဖြင့်ပြုလုပ်ထားသော စားရေးခုံတစ်ခုတို့အာ စစ်ဆေးတွေ့ရှိကာအလောင်းအား ဘားအံ ဆေးရုံသို့ မှုခင်းဆေးစာဖြင့် ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ သေဆုံးသူ မနန်းဌေးအောင်မှာ အဖွားဖြစ်သူနှင့်အတူ နေထိုင်သူဖြစ်ပြီး မိဘနှစ်ပါးမှ လွန်ခဲ့သော လေးနှစ်ခန့်ကတည်းက ထိုင်းနိုင်ငံ တွင်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး အခင်းဖြစ်နေ့ နံနက်ပိုင်းက မြေးဖြစ်သူအား ကျေင်းသွားဖို့ ပြောရန်အတွက် အိပ်ခန်းသို့သွားပြောစဉ် တံခါးပိတ်ထားသဖြင့် ဖွင့်ကြည့်ရာမှ မြေးဖြစ်သူမှာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မနန်းဌေးအောင် သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန်အတွက် အိန္ဒုနယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်၍ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

နေလင်း(သာမည)

Source : ဘားအံသတင်း