ပိတ္မိေနဆဲ ထိုင္းေက်ာင္းသားေလးေတြအတြက္ အစာႏွင့္ ေဆး၀ါးပို႔ေပး

ထိုင္းႏုိင္ငံက လိုဏ္ဂူထဲမွာ ပိတ္မိေနတဲ႔ ဆယ္ေက်ာ္သက္ ေဘာလံုး သမား ၁၂ ဦးနဲ႔ ေဘာလံုးနည္းျပတို႔ ဘယ္လို ကယ္ထုတ္မလဲဆိုတာကို နည္းလမ္းရွာေနခ်ိန္မွာ ဂူထဲမွာ ပိတ္မိေနၾကသူေတြ ဆက္ၿပီး ၾကံ့ၾကံ့ခိုင္ႏုိင္ေရး အတြက္ စြမ္းအားျမွင့္ စားနပ္ရိကၡာနဲ႔ ေဆး၀ါးေတြကို ေရငုပ္သမားေတြက ပို႔ေဆာင္ေပးထားပါတယ္။

၁၃ ေယာက္ စလံုးကို ေတြ႔ထားၿပီး သူတို႔ကို ကယ္မထုတ္ႏုိင္ခင္ အထိ ေစာင့္ေရွာက္ထားမယ္လို႔ ခ်င္းရိုင္ အုပ္ခ်ဳပ္ေရးမွဴး Narongsak Osottanakorn က မေန႔ တနလာၤေန႔မွာ ေျပာပါတယ္။ ၉ ရက္ၾကာ အစာေရစာ မရွိဘဲ လိုဏ္ဂူထဲမွာ ပိတ္မိေနခဲ႔သူေတြထဲက တဦးကေတာ့ အနည္းငယ္ ထိခုိက္ဒဏ္ရာရရွိထားၿပီး အားနည္းခ်ိနဲ႔ေနၾကေပမယ့္ အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိေနပါတယ္။

အသက္ ၁၁ ႏွစ္နဲ႔ ၁၆ ႏွစ္ၾကား ေယာက်ာ္းေလးေတြနဲ႔ သူတို႔ရဲ႕ ေဘာလံုးနည္းျပတို႔ကို မေန႔ တနလာၤေန႔မွာ ထိုင္းေရတပ္ အထူးတပ္ဖြဲ႔က ရွာေတြ႔ခဲ႔တာပါ။ ကူညီကယ္ဆယ္သူေတြ ရိုက္ကူးလာၿပီး မီဒီယာေတြကို ျဖန္႔ေ၀ခဲ႔တဲ႔ ၅ မိနစ္ၾကာ ဗီြဒီယိုထဲမွာေတာ့ ေဘာလံုးအိက်ီ ၤေတြ ၀တ္ထားတဲ႔ ေယာက္်ားေလးေတြနဲ႔ သူတို႔ရဲ႕ နည္းျပက ေရစပ္အနီး ကုန္ကမူေပၚမွာ တခ်ိဳ႕ ထုိင္ေနၿပီး တခ်ိဳ႕ကေတာ့ မတ္တပ္ရပ္ေနတာကို ေတြ႔ရပါတယ္။ ကယ္ဆယ္ေရး သမားေတြထံက အလင္းေရာင္ေၾကာင့္ ရက္ေပါင္းမ်ားစြာ ဂူထဲမွာ ပိတ္မိေနသူေတြ မ်က္စိ က်ိန္းစပ္ေနတဲ႔ပံုကိုလည္း ေတြ႔ရပါတယ္။

ေယာက္်ားေလး တဦးကေတာ့ သူ ထမင္းဆာတယ္လို႔ ေျပာခဲ႔ၿပီး တျခားသူေတြကေတာ့ လာၿပီး ကယ္တဲ႔သူေတြကို ေက်းဇူးတင္ေၾကာင္း ျပန္ေျပာခဲ႔ၾကပါတယ္။ ဂူထဲမွာ ပိတ္မိေနဆဲ ေဘာလံုးအသင္းကို အေကာင္းဆံုး ဘယ္လို ကယ္ထုတ္ႏုိင္မလဲ ဆိုတာကိုလည္း ကယ္ဆယ္ေရး အဖြဲ႔ေတြ သံုးသပ္ေနၾကဆဲပါ။ ဇြန္လ ၂၃ ရက္ေန႔ကစလို႔ ေပ်ာက္ဆံုးသြားခဲ႔တဲ႔ ေဘာလံုးအသင္း ကို ရွာေဖြေရးမွာေတာ့ အေမရိကန္၊ ၾသစေတးလ်၊ တရုတ္ နဲ႔ ၿဗိတိန္ႏုိင္ငံတို႔က ကြ်မ္းက်င္သူေတြ ပါ၀င္ကူညီခဲ႔ၾကၿပီး ထုိင္း၀န္ႀကီးခ်ဳပ္ကလည္း ႏုိင္ငံတကာရဲ႕ ကူညီမႈကို ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ႔ပါတယ္။

Source : ဗြီအိုေအ (ျမန္မာပုိင္း)

(Unicode Version)

ပိတ်မိနေဆဲ ထိုင်းကျောင်းသားလေးတွေအတွက် အစာနှင့် ဆေးဝါးပို့ပေး

ထိုင်းနိုင်ငံက လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် ဘောလုံး သမား ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ ဘယ်လို ကယ်ထုတ်မလဲဆိုတာကို နည်းလမ်းရှာနေချိန်မှာ ဂူထဲမှာ ပိတ်မိနေကြသူတွေ ဆက်ပြီး ကြံ့ကြံ့ခိုင်နိုင်ရေး အတွက် စွမ်းအားမြှင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ရေငုပ်သမားတွေက ပို့ဆောင်ပေးထားပါတယ်။

၁၃ ယောက် စလုံးကို တွေ့ထားပြီး သူတို့ကို ကယ်မထုတ်နိုင်ခင် အထိ စောင့်ရှောက်ထားမယ်လို့ ချင်းရိုင် အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က မနေ့ တနလာၤနေ့မှာ ပြောပါတယ်။ ၉ ရက်ကြာ အစာရေစာ မရှိဘဲ လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့သူတွေထဲက တဦးကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားပြီး အားနည်းချိနဲ့နေကြပေမယ့် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။

အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား ယောကျာ်းလေးတွေနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြတို့ကို မနေ့ တနလာၤနေ့မှာ ထိုင်းရေတပ် အထူးတပ်ဖွဲ့က ရှာတွေ့ခဲ့တာပါ။ ကူညီကယ်ဆယ်သူတွေ ရိုက်ကူးလာပြီး မီဒီယာတွေကို ဖြန့်ဝေခဲ့တဲ့ ၅ မိနစ်ကြာ ဗွီဒီယိုထဲမှာတော့ ဘောလုံးအိကျီ ၤတွေ ဝတ်ထားတဲ့ ယောက်ျားလေးတွေနဲ့ သူတို့ရဲ့ နည်းပြက ရေစပ်အနီး ကုန်ကမူပေါ်မှာ တချို့ ထိုင်နေပြီး တချို့ကတော့ မတ်တပ်ရပ်နေတာကို တွေ့ရပါတယ်။ ကယ်ဆယ်ရေး သမားတွေထံက အလင်းရောင်ကြောင့် ရက်ပေါင်းများစွာ ဂူထဲမှာ ပိတ်မိနေသူတွေ မျက်စိ ကျိန်းစပ်နေတဲ့ပုံကိုလည်း တွေ့ရပါတယ်။

ယောက်ျားလေး တဦးကတော့ သူ ထမင်းဆာတယ်လို့ ပြောခဲ့ပြီး တခြားသူတွေကတော့ လာပြီး ကယ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့ကြပါတယ်။ ဂူထဲမှာ ပိတ်မိနေဆဲ ဘောလုံးအသင်းကို အကောင်းဆုံး ဘယ်လို ကယ်ထုတ်နိုင်မလဲ ဆိုတာကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေ သုံးသပ်နေကြဆဲပါ။ ဇွန်လ ၂၃ ရက်နေ့ကစလို့ ပျောက်ဆုံးသွားခဲ့တဲ့ ဘောလုံးအသင်း ကို ရှာဖွေရေးမှာတော့ အမေရိကန်၊ သြစတေးလျ၊ တရုတ် နဲ့ ဗြိတိန်နိုင်ငံတို့က ကျွမ်းကျင်သူတွေ ပါဝင်ကူညီခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်ကလည်း နိုင်ငံတကာရဲ့ ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Source : ဗွီအိုအေ (မြန်မာပိုင်း)